/
node/1079

Bigsens XR

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Bigsens XR

(1)   ဆေးအမည်

            Bigsens XR

 

(2)   ပါ၀င်သောဆေးအမျိုးအစား

            ဆေးပြားတပြားတွင် metformin HCL 500 mg ပါ၀င် ပါသည်။

 

(3)   ကုသနိုင်သောရောဂါများ

            ဆီးချိုရောဂါအမျိုးအစား(၂)

 

(4)   အသုံးပြုပုံ

            တနေ့လျှင် 500mgတနေ့တကြိမ်ညနေစာစားအပြီး။ လူနာအခြေအနေပေါ်မူတည်ပြီး ဆေးဝါး ပမာဏပြောင်းလဲနိုင်သည်။ တနေ့လျှင် 2000mg ထက်မပိုရ။ ဆေးသောက်ပြီး ၁ လမှ ၃ လ အတွင်း တိုးတက်မှုမရှိပါက ဆရာ၀န်နှင့်တိုင်ပင်ရန်။

            သွေးထဲရှိသကြားဓာတ်ကို ထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် အစားအသောက်ဆင်ခြင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုခြင်းတို့ကိုပါ တွဲဖက်ပြုလုပ်ရမည်။

 

(5)   ဘေးထွက်ဆိုးကျိုး

          ၀မ်းချုပ်ခြင်း၊ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ ရင်ပူခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ သွေးထဲတွင် သကြားဓာတ်လျော့နည်းခြင်း။

 

(6)   ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ကျောက်ကပ်မကောင်းသောသူများ၊ နှလုံးမကောင်းသောသူများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်း သုံးစွဲရန်။

         အသက် 80 နှင့်အထက်လူကြီးများတွင် ဆေးပမာဏကိုချိန်ဆသုံးစွဲရန်။      

         Bigsens XR သောက်သုံးနေစဉ်အတွင်းသွေးကြောတွင်းသို့ contrast ထိုးကာဓာတ်မှန်ရိုက်ရန် လိုအပ်လာပါက Bigsens XR သောက်သုံးမှုကို ခေတ္တရပ်ထားရမည်။

        Metformin နှင့် ဓါတ်မတည့်သူများ၊ အသက် 17 နှစ်အောက်ကလေးများ၊ နို့တိုက်မိခင်များ၊ ကိုယ်၀န်ဆောင်များ၊ အသည်းရောဂါရှိသူများ၊ သွေးထဲတွင် ကီတုန်းဓာတ်များနေသူများတွင် အသုံးမပြုရ။

        ဆေးသောက်နေစဉ်အရက်မသောက်ရ။

 

(7)   အခြားဆေးများနှင့်ဓါတ်ပြုမှု

            ဆီးဆေးများ၊ စတီးရွိုက်များ၊ ပဋိသနေ္ဓတားဆေးများ၊ အချို့သောသွေးပေါင်ထိန်းဆေးများ အစရှိသည့် ဆေးများသည် သွေးထဲရှိသကြားဓာတ်ကို မြင့်တက်စေသည်။ ထိုဆေးများနှင့် Bigsens XR တွဲဖက်သုံးစွဲရန် လိုအပ်ပါကသွေးတွင်းသကြားဓာတ်ကိုဂရုပြုတိုင်းတာရမည်။

 

(8)   ထုတ်လုပ်သည့်ကုမ္ပဏီ

          ZydusCadila

     

(9)   တင်သွင်းသည့်ကုမ္ပဏီ

            AA medical

www.drmyanmar.com