/
node/1097

Coversyl / Coversyl plus

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Coversyl / Coversyl plus

(1) ဆေးအမည်

         Coversyl / Coversyl plus

 

(2) ပါ၀င်သောဆေးအမျိုးအစား

         Perindopril arginine, Indapamide (5mg, 10mg)

        Coversyl Plus 10mg – Perindopril Arginine 10 mg နှင့် Indapamide 2.5 mg

        Coversyl Plus 5mg – Perindopril Anginine 5mg နှင့် Indapamide 1.25 mg

 

(3) ကုသနိုင်သောရောဂါများ

        Perindopril တစ်မျိုးတည်းဖြင့် ထိန်းချုပ်မရသော သွေးတိုးရောဂါများ၊ နှလုံးသွေးကြော ဆိုင်ရာရောဂါများ၊ နှလုံးညှစ်အားမကောင်းသူများ။

 

(4) အသုံးပြုပုံ

        Coversyl လူကြီး 2.5mg မှ 10 mg ထိ coversyl plus 5mg - တစ်နေ့ တစ်ပြား၊ 10 mg ထိ တိုး၍သောက်နိုင်သည်။ မနက်စာမစားမီသောက်သင့်သည်။ လူနာအခြေ အနေပေါ်မူတည်၍ ဆေးပမာဏ ချိန်ဆပေးနိုင်သည်။

 

(5) ဘေးထွက်ဆိုးကျိုး

        ပျို့အန်ခြင်း၊ ပါးစပ်ပျက်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ ချောင်းခြောက် ဆိုးခြင်း၊ နုံးခွေခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ထုံကျဉ်ခြင်း၊ သွေးပေါင်ကျခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အသည်းကိုထိခိုက်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        ဓာတ်မတည့်သူများ၊ အသည်းရောဂါပြင်းထန်စွာခံစားနေရသူများ၊ အသည်းရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သောဦးနှောက်ယိုယွင်းသည့်ရောဂါ (hepatic encephalopathy) ခံစားနေရသူ များ၊ ကျောက်ကပ်ရောဂါပြင်းထန်စွာခံစားနေရသူများ၊ ကျောက်ကပ်ဆေးနေရသူများ၊ သွေးထဲတွင် ပိုတက်ဆီယမ်ဓာတ်နည်းခြင်း/များခြင်း၊ ပြင်းထန်သောနှလုံးရောဂါရှိသူများ အသုံးမပြုရ။

        လက်တို့ သကြား (lactose) ပါ၀င်သောကြောင့် သွေးထဲတွင် ဂလက်တို့ (galactose) များသူများ၊ လက်တို့ (Lactose) အင်ဇိုင်းချို့တဲ့နေသူများအသုံးမပြုရ။

        ကိုယ်၀န်ဆောင်မိခင်များ၊ နို့တိုက်မိခင်နှင့် ကလေးများတွင် အသုံးမပြုရ။ ကျောက်ကပ်ဆေးမည့်သူများ တွင် ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သဖြင့် ကျောက်ကပ်ဆေးရန်ရှိပါက ဆရာ၀န်အား ကြိုတင်အကြောင်း ကြားရန်၊ သွေးပေါင်ကျခြင်း၊ ခေါင်းမူးခြင်း၊ ဆီးဆေးကြာရှည်စွာသုံးစွဲ နေသူများ၊ အသည်းရောဂါ၊ ကျောက်ကပ် ရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်သွေးကြောကျဉ်းသူများ၊ နှလုံးရှိအဆို့ရှင် ကျဉ်းသူများ၊ နှလုံးသွေးကြောကျဉ်းသူများ၊ ဆီးချိုရောဂါရှိသူများ ဆရာ၀န်အား ကြိုတင်အကြောင်းကြားရန်။

        ကားမောင်းသူများ၊ စက်ယန္တရားမောင်းနှင်သူများတွင် ငိုက်မျဉ်းစေနိုင်သဖြင့် သတိပြု၍သုံးစွဲရန်။

 

(7) အခြားဆေးဝါးများနှင့်ဓာတ်ပြုမှု

        Lithium, spironolactone, ပိုတက်ဆီယမ်ဖြည့်စွက်ဆေးများနှင့်အတူ တွဲမသုံးရ။ အခြားသော သွေးတိုးထိန်းဆေးများ၊ နှလုံးရောဂါတွင်သုံးသော procainamide ဂေါက်ရောဂါတွင်သုံးသော Allopurinol စတီးရွိုက်ဆေးဝါးများ၊ Erythromycin၊ နှလုံးရောဂါတွင်သုံးသော Digoxin ၊ ခန္ဓာကိုယ်၏ ခုခံစွမ်းအား ကို လျော့ကျစေသောဆေးများ၊ ကင်ဆာဆေးများ၊ ဆီးချိုထိန်းဆေးများဖြစ်သော metformin နှင့် insulin ၊ အကိုက်အခဲပျောက်ဆေး (ibuprofen & Aspirin)၊  စိတ်ရောဂါတွင် သုံးသောဆေးဝါးများနှင့် အတူ တွဲသုံးပါကသတိပြု၍ သုံးစွဲရန်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

        Servier

 

(9) တင်သွင်းသည့်ကုမ္ပဏီ

         Maxxcare

www.drmyanmar.com