/
node/1115

Encorate

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Encorate

(1) ဆေးအမည်      

        Encorate

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတပြားတွင် Sodium valproate 200mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        အတက်ရောဂါ၊

 

(4) အသုံးပြုပုံ

        လူကြီးတနေ့လျှင် 600mg နေ့တိုင်းသောက်ရမည်။ တနေ့လျှင် 2.55g ထက်မပိုစေရ။

        ကိုယ်အလေးချိန် 40kg နှင့် အထက် ကလေးများတွင် တနေ့လျှင် 450mg နေ့တိုင်းသောက်ရမည်။ ကိုယ်အလေးချိ်န် 20kg အောက်ကလေးများတွင် ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် ဆေး 20mg နှင့် တွက်ပြီးပေးရမည်။ အမြင့်ဆုံးပေးနိုင်သောဆေးပမာဏမှာ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် ဆေး 40mg ဖြစ်သည်။

 

(5) ဘေးထွက်ဆိုးကျိုး

        ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ဦးနှောက်အာရုံကြောများအားနည်းခြင်း၊ အသည်းထိခိုက်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        အသည်းမကောင်းသူများ၊ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသက် 2 နှစ်အောက်ကလေးများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။

        ကားမောင်းနှင်သူများနှင့် စက်ကိုင်တွယ်မောင်းနှင်သူများအသုံးပြုရန် မသင့်။

        အရက်မသောက်သင့်ပါ။

 

(7) အခြားဆေးများနှင့်ဓါတ်ပြုမှု

        အတက်ရောဂါကုဆေး Phenobarbital နှင့်တွဲသုံးပါက သွေးတွင်းရှိ Phenobarbital ပမာဏကို မြင့်တက်စေပါသည်။

 

(8)    ထုတ်လုပ်သည့်ကုမ္ပဏီ

                  Sun Pharma

 

(9)    တင်သွင်းသည့်ကုမ္ပဏီ

                   Sin Byu Gyun

www.drmyanmar.com