/
node/11274

နွေရာသီမှာ ဒီလိုအသီးအနှံတွေကို စားပေးပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

♦  သစ်တော်သီး

သစ်တော်သီးမှာ ပန်းသီးထက် အမျှင်ဓာတ်ပိုပါဝင်ပြီး ဗီတာမင်စီ နဲ့ ကယ်လိုရီတွေလည်း များစွာပါဝင်ပါတယ်။ ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုပြီး ဝမ်းမှန်စေပါတယ်။ အစာခြေဖို့အတွက် အထောက်အကူပြုပြီး ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။

 

♦  ရှောက်ချိုသီး

ဗီတာမင်စီ များစွာပါဝင်ပြီး အူထဲက အဆိပ်အတောက်တွေကိုလည်း စွန့်ထုတ်ပေးပါတယ်။ အမျှင်ဓာတ်များစွာ ပါဝင်လို့ ဝမ်းချုပ်ခြင်းက ကာကွယ်ပေးပါတယ်။ ရှောက်ချိုရည်က အရမ်းပူပြင်းတဲ့နွေရာသီမှာ ခန္ဓာကိုယ်ကို အေးမြစေပါတယ်။

 

♦  ဖရဲသီး

ဖရဲသီးမှာ ရေဓာတ် ၉၂% ပါဝင်တဲ့အပြင် ဗီတာမင်အေ၊ ဘီစစ်၊ ဗီတာမင်စီနဲ့ အခြားအာဟာရဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဒါ့အပြင် အဆီ လုံးဝမပါဝင်ပါဘူး။ နောက်ပိုင်းလေ့လာတွေ့ရှိချက်တွေအရ ဖရဲစေ့မှာလည်း ပိုတက်စီယမ်, မဂ္ဂနီစီယမ်, ဗီတာမင်ဘီနဲ့ အခြားအာဟာရဓာတ်တွေ များစွာပါဝင်ပါတယ်။

 

♦  သင်္ဘောသီး

နွေရာသီအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ နေလောင်တာကို သက်သာစေပြီး သွေးပေါင်ကိုလည်း ချပေးပါတယ်။ အစာခြေဖို့အတွက် အထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်မှာ လိမ်းလို့လည်းရသလို ဆံပင်အတွက် အသုံးပြုလို့လည်း ရပါတယ်။ ကိုယ်အလေးချိန် လျှော့ချနေရင်လည်း စားသင့်တဲ့အသီးတစ်ခု ဖြစ်ပါတယ်။

 

♦  သရက်သီး

ကလေးရော လူကြီးရော ကြိုက်ကြတဲ့အသီးအနှံဖြစ်ပြီး အရသာကောင်းလွန်းလို့ သူ့ရဲ့အကျိုးကျေးဇူးတွေကိုပါ သတိမထားမိတတ်ကြပါဘူး။ သရက်သီးကို ရေလေးရယ်၊ သကြားလေးရယ် ထည့်ပြီး ဖျော်သောက်ရင် အပူဓာတ်ကို ကာကွယ်ပြီး အေးမြလန်းဆန်းစေပါတယ်။  ဗီတာမင်အေနှင့် စီ ပါဝင်ပြီး ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။

 

Dr. Htar (www.drmyanmar.com)