Montek
(1) ဆေးအမည်
Montek
(2) ပါ၀င်သောဆေးအမျိုးအစား
Montelukast Sodium
(3) ကုသနိုင်သောရောဂါများ
ပန်းနာရင်ကြပ်ရောဂါကိုကုသရာတွင်အခြားဆေးများနှင့်တွဲဖက်၍ အသုံးပြုနိုင်သလို ပန်းနာရင်ကြပ်လူနာများ အားကစားပြုလုပ်သည့်အခါ ဖြစ်ပေါ်တတ်သောလေပြွန်ကျဉ်းခြင်းကိုကာကွယ်ရန်လည်းသုံးနိုင်သည်။
(4) အသုံးပြုပုံ
အပျော့စားပန်းနာရင်ကြပ်ရောဂါနှင့်အတန်အသင့်ပြင်းထန်သောပန်းနာရင်ကြပ်ရောဂါများတွင် အခြားဆေးများနှင့်တွဲဖက်၍ အသုံးပြုသည်။ ရောဂါလက္ခဏာသက်သာလာပါက Short Acting Beta Agonist ကိုလျော့၍သုံးနိုင်သည်။
အသက် ၁၅ နှစ်နှင့် ၁၅ နှစ်အထက် - 10mg တစ်နေ့တစ်ကြိမ် ညအိပ်ရာ၀င်ခါနီး
၆ နှစ်မှ ၁၄နှစ် - 5mg တစ်နေ့တစ်ကြိမ် ညအိပ်ရာ၀င်ခါနီး
၂ နှစ်မှ ၅နှစ် - 4mg တစ်နေ့တစ်ကြိမ် ညအိပ်ရာ၀င်ခါနီး
၂ နှစ်အောက်ကလေးများတွင် အသုံးမပြုသင့်ပေ။ 4mg နှင့် 5mg ဆေးပြားများကို ဝါးစားရမည်။ အစာမစားမီတစ်နာရီအလို(သို့မဟုတ်) အစာစားပြီး ၂ နာရီကြာမှ ဆေးသောက်ရမည်။
(5) ဘေးထွက်ဆိုးကျိုး
နုံးခွေခြင်း၊ ဖျားခြင်း၊ ၀မ်းလျှောခြင်း၊ အစာမကြေခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း၊ သွားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာစေးခြင်း၊ ဗိုက်အောင့်ခြင်း၊ အစာမကြေခြင်း၊ အနီစက်ထွက်ခြင်း၊ ကလေးများ တွင် နှာရည်ယိုခြင်း၊ ၀မ်းလျှောခြင်း၊ လေပြွန်ရောင်ခြင်း၊ ပျို့ခြင်း၊ ယားယံခြင်း၊ ဗိုင်းရပ်စ်ပိုး၀င်ရောက်ခြင်း၊ နားကိုက်ခြင်း၊ ရေဆာခြင်း၊ ခြေထောက်ကိုက်ခြင်းတို့ကိုခံစားရနိုင်ပါသည်။
သွေးကြောများရောင်ရမ်းခြင်း၊ အနီကွက်များပေါ်ခြင်း ၊ နှလုံးရောဂါလက္ခဏာများပေါ်ပေါက်လာခြင်း၊ အာရုံကြောအားနည်းခြင်းစသောရောဂါလက္ခဏာများကိုခံစားရသည့် Churg-Strauss Syndrome ဖြစ်နိုင်ပါသည်။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ရုတ်တရက်ဖြစ်သောပန်းနာရင်ကြပ်ရောဂါကိုကုသရာတွင် အသုံးမပြုသင့်ပေ။ အက်စပရင် (asprin)သောက်လျှင် ရင်ကြပ်တတ်သည့် ပန်းနာရင်ကြပ်လူနာများတွင် asprin အပါအ၀င် အခြားသော အကိုက်အခဲပျောက်ဆေးများ အသုံးမပြုရပါ။ အေားကစားပြုလုပ်သည့်အခါ ရင်ကြပ်တတ်သော ပန်းနာရင်ကြပ်ရောဂါတွင် montelukast တစ်ခုတည်းအသုံးမပြုသင့်ပေ။ စတီးရွိုက်ပါ၀င်သော ရှူ ဆေးများနေရာတွင် Montelukast ကိုအစားထိုး၍အသုံးမပြုသင့်ပေ။ ကိုယ်၀န်ဆောင်နှင့် နို့တိုက် မိခင်များတွင်ချိန်ဆ၍သုံးစွဲရန်။
(7) အခြားဆေးများနှင့်ဓါတ်ပြုမှု
အတက်ရောဂါကုသဆေး Phenytoin, Phenobarbitone နှင့် တီဘီရောဂါကုသဆေး Rifampicin သုံးစွဲနေသောကလေးများတွင် Montelukast ကိုသတိပြု၍သုံးစွဲရန်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Sun Pharma
(9) တင်သွင်းသည့်ကုမ္ပဏီ
Sin ByuGyun




























