/
node/11489

အမြွှာကလေးရနိုင်ခြေမြင့်သော အချက်များ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

         အမြွာ​လေးရ​စေနိုင်​ဖို့ ဒီအချက်​​တွေအ​ပေါ် မူတည်​ပါတယ်​။

 

1. မိသားစုရာဇဝင်​

        မျိုးဥထုတ်​​ပေးရသူမှာ အမျိုးသမီးများ ဖြစ်​တဲ့အတွက်​ အမြွာ​မွေးဖို့ရာမှာလည်း အမျိုးသမီးများနဲ့ အဓိကဆိုင်​ပါတယ်​။ ကိုယ်​ကိုယ်​တိုင်​​ဒါမှမဟုတ်​ အ​မေဟာ အမြွာဖြစ်​မယ်​၊ အစ်မညီမမှာ အမြွာ​မွေးထားမယ်​ဆိုရင်​ အမြွာရဖို့ ပိုမိုအခွင့်အလမ်းများပါတယ်​။

 

2. ​နေ့စဉ်​​နေထိုင်​မှုပုံစံ

  ​    အဆီနည်းတဲ့အစားအစာ​တွေ စားသုံးသူ​တွေနဲ့ သတ်​သတ်​လွတ်​သမား​တွေဟာ အဆီအစိမ့်၊ အသားစားသူ​တွေထက်​စာရင်​ အမြွာ​မွေးဖို့ အခွင့်အလမ်းနည်းတာကို ​တွေ့ရပါတယ်​။

      သတ်​သတ်​လွတ်​ စားသုံးသူ​တွေအတွက်​လည်း ကိုယ်​ဝန်​ဆောင်​နိုင်​ရန်​ ကြိုးပမ်းနေချိန်​မှာ ဖြည့်စွက်​စာစားသုံး​ပေးနိုင်​ပါတယ်​။

      နောက်​တစ်ချက်​က​တော့ သန္ဓေတားဆေး​သောက်​​နေလျက်​ ဒါမှမဟုတ်​ ဖြတ်​လိုက်​ပြီးပြီးချင်းမှာ ရတဲ့ကိုယ်​ဝန်​ဟာ အမြွာဖြစ်​ဖို့ ပိုအခွင့်အလမ်းများတယ်​လို့ သိရပါတယ်​။

 

3. က​လေးအ​ရေအတွက်​

       ရှား​ပေမယ့် ဖြစ်​တတ်​တဲ့​နောက်​တစ်​ချက်​က​တော့ ​လေ့လာစမ်းသပ်​မှုအရ က​လေးများများ​မွေး​လေ​လေ အမြွာရဖို့ အခွင့်အလမ်း ပိုများ​လေပဲ ဖြစ်​ပါတယ်​။ အမြွာ​မွေးထားသူ​တွေမှာလည်း အမြွာထပ်​​မွေးဖို့ အလားအလာပိုများတယ်​လို့ သိရပါတယ်​။

 

4. မိခင်​အသက်​

      အသက်​၃၀၊၄၀တစ်​ဝိုက်​မှာရှိတဲ့ အမျိုးသမီး​တွေဟာ အမြွာ​မွေးတာပိုများတတ်​တယ်​လို့ ဆိုပါတယ်​။ အသက်​ကြီးလာတဲ့အခါ သားဥအိမ်​အလုပ်​လုပ်​ပုံ ​ပြောင်းလဲလာပြီး တစ်​လကို သားဥတစ်​လုံးထက်​မက ထုတ်​​ပေးတတ်​တာ​ကြောင့် ဖြစ်​ပါတယ်​။

 

5. ​နေထိုင်​ကြီးပြင်းရာ​ဒေသ

     အ​နောက်​ဥ​ရောပမှာ ကိုယ်​ဝန်​​ဆောင်​ ၆၀ မှာ တစ်​​ယောက်​က အမြွာကိုယ်​ဝန်​​ဆောင်​ ဖြစ်​တတ်​ပြီး အ​ရှေ့​တောင်​အာရှမှာ အမြွာ​မွေးဖို့ ပိုမိုခဲယဉ်းပါတယ်​။ နိုင်​ဂျီးရီးယားမှာ​တော့ ​အ​ယောက်​၂၀၊ ၃၀မှာ တစ်​​ယောက်​ဟာ အမြွာဖြစ်​​နေတတ်​ကြပါတယ်​။

 

6. မျိုးဆက်​ပွားကုသမှု

     အမြွာက​လေးရ​စေဖို့ ​သေချာတဲ့ကုသမှုတစ်​ခုက​တော့  ဖန်​ပြွန်​သန္ဓေတားမွေးတာပဲ ဖြစ်​ပါတယ်​။

     အ​မေရိကားမှာဖန်​ပြွန်​သန္ဓေတားဖွံ့ဖြိုးလာတဲ့ ၁၉၇၀၊ ၁၉၈၀ခုနှစ်​ ပတ်​ဝန်းကျင်​မှာ အမြွာ​မွေးနှုန်း နှစ်​ဆထိ မြင့် တက်​လာတာကို​တွေ့ရပါတယ်​။

   ​ဆေး​သောက်​ပြီး သားဥပိုထွက်​​စေဖို့ကြိုးစားရာမှာ​တော့ ကိုယ့်ရဲ့ခန္ဓာကိုယ်​ တုံ့ပြန်​မှု​ပေါ်မှာ မူတည်​တယ်​လို့ သိရပါတယ်​။​

 

 Dr. Emreald (www.drmyanmar.com)