Nasonex
(1) ဆေးအမည်
Nasonex
(2) ပါ၀င်သောဆေးအမျိုးအစား
နှာခေါင်းတွင်းဖျန်းဆေးဘူးဖြစ်ပြီးဆေး(၁)ကြိမ်ဖျန်းစာတွင် Mometasone Furoate Monohydrate 50mcg၊ Cellulose၊ Glycerol၊ Citric acid monohydrate၊ Sodium Citrate dihydrate၊ Polysorbate 80၊ Purified Water၊Benzalkonium chloride 0.2mg/g၊ Phenylethyl alcohol 2.5mg/g
(3) ကုသနိုင်သောရောဂါများ
ရာသီအလိုက်ဖြစ်သောနှာခေါင်းတွင်းရှိ အမြှေးပါးရောင်ရမ်းခြင်းကိုကုသရန်အတွက်လည်းကောင်း၊ ကာကွယ်ရန်အတွက် လည်းကောင်းအသုံးပြုသည်။
(4) အသုံးပြုပုံ
လူကြီးများနှင့် အသက်12 နှစ်နှင့်အထက်ကလေးများ - တစ်နေ့တစ်ကြိမ်။ တစ်ကြိမ်လျှင် နှာခေါင်းတစ်ဖက်စီကို ၂ ခါဖျန်းပေးရန်။ ရောဂါသက်သာလာပါက နှာခေါင်းတစ်ဖက်စီကို တစ်ကြိမ်သာဖျန်းရန် လိုအပ်ပါသည်။ မသက်သာပါကတစ်ကြိမ်လျှင် နှာခေါင်းတစ်ဖက်စီကို ၄ ခါထိဖျန်းပေးနိုင်ပါသည်။
အသက် 3 နှစ်မှ 11 နှစ် - တစ်နေ့တစ်ကြိမ်။ တစ်ကြိမ်လျှင် နှာခေါင်းတစ်ဖက်စီကိုတစ်ခါသာဖျန်းရန်။
ကောင်းစွာလှုပ်ပြီးမှ အသုံးပြုပါ။
(5) ဘေးထွက်ဆိုးကျိုး
နှာခေါင်းသွေးလျှံခြင်း၊ လည်ချောင်းရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာချေ ခြင်း၊ ဓာတ်မတည့်ခြင်း။ ခုခံအားနည်းသောသူများတွင် သုံးစွဲပါက၀က်သက်၊ ရေကျောက်စသောရောဂါပိုးများ၀င်ရောက်နိုင်သည်။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
နှာခေါင်းအတွင်းရှိအမြှေးပါးတွင် ရောဂါပိုး၀င်နေသူများ၊ နှာခေါင်းတွင်းခွဲစိတ်မှုပြုလုပ်ထားသူများ၊ နှာခေါင်းတွင်း ထိခိုက်ဒဏ်ရာရသူများတွင်အသုံးမပြုသင့်ပေ။
တီဘီရောဂါရှိသူများ၊ မှိုစွဲနာရှိသူများ၊ မျက်စိတွင် ရေယုန်ပေါက်နေသူများတွင် ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင် သတိပြု၍သုံးစွဲရန်။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
Merck Sharp &Dohme
(8) တင်သွင်းသည့်ကုမ္ပဏီ
Maxxcare
အသုံးပြုရာတွင် သတိပြုရမည့်အချက်များ
- အသုံးမပြုမီကောင်းစွာလှုပ်ပါ။
- အဖုံးကိုဖွင့်ပါ။
- ပထမဦးဆုံးအကြိမ် အသုံးပြုမည်ဆိုပါကဆေးဖြန်းဆေးဘူး၏အောက်ခြေတွင် လက်မ၊ ထိပ်ပိုင်းတွင် လက်ညှိုးနှင့် လက်ခလယ်ကိုအသုံးပြုပြီး ဖြန်းဆေးထွက်လာအောင် ဖိနှိပ်ကြည့်ပါ။ ၆ခါ၊ ၇ခါလောက်လုပ်ကြည့်ပါ။
- နှာခေါင်းတစ်ဖက်သို့ဖြန်းနေစဉ် ခေါင်းကိုအနည်းငယ်ငုံ့ပြီး အခြားနှာခေါင်းတစ်ဘက်ကို လက်ဖြင့်ပိတ်ထားပါ။
- ထို့နောက် ဖြန်းဆေး၏အောက်ခြေတွင် လက်မ၊ ထိပ်ပိုင်းတွင် လက်ညှိုးနှင့်လက်ခလယ် ကိုထားပြီး ဖြန်းဆေးဘူးကိုဖိနှိပ်ပါ။
- ဖြည်းညှင်းစွာအသက်ရှူသွင်းပါ။
- အခြားနှာခေါင်းတစ်ဖက်ကိုလည်းဤကဲ့သို့ ပြုလုပ်ပေးပါ။
ဆေးကြောနည်း
Nasal Applicator ကိုဆေးကြောရန် အဖုံးကိုချွတ်ပါ။ ထို့နောက် အဖြူရောင်အပတ်ကိုအပေါ်သို့ အသာဖိပြီး Nasal Applicator ကို ချွတ်ပေးပါ။ ရေအေးဖြင့်ဆေးကြောပြီးနောက် အခြောက်ခံ၍ ပြန်လည် တပ်ဆင်ပါ။





























