Omez
(1) ဆေးအမည်
Omez
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးတစ်တောင့်တွင်Omeprazole 10 mg (သို့) 20 mg
(3) ကုသနိုင်သောရောဂါများ
အစာအိမ်အနာ၊ အူသိမ်ဦးပိုင်းအနာ၊ စားချဥ့်ပြန်ရောဂါ၊ အစာခြေရည်များအလွန်အမင်း ထွက်ခြင်းကြောင့် အစာအိမ်အနာဖြစ်ခြင်းနှင့် ၀မ်းပျက်၀မ်းလျှောဖြစ်ခြင်းစသည်တို့ စုပေါင်းနေသော Zollinger – Ellison ရောဂါစု၊ အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ပိုင်းတွင် သွေးထွက်ခြင်းတို့ကိုကုသရန်။ စိတ်ဖိစီးမှုကြောင့်ဖြစ်သော အစာအိမ်အနာဖြစ်ခြင်းကိုကာကွယ်ရန်။
(4) အသုံးပြုပုံ
အစာမစားမီသောက်ပါ။
အူသိမ်ဦးပိုင်းအနာ
တစ်ခါသောက် 10 mg ၊ တစ်နေ့ 2 ကြိမ် (သို့)
တစ်ခါသောက် 20 mg ၊ တစ်နေ့ 1 ကြိမ် ၊ ၄-၈ ပတ်
အစာအိမ်အနာ
တစ်ခါသောက် 10 mg ၊ တစ်နေ့ 2 ကြိမ် (သို့)
တစ်ခါသောက် 20 mg ၊ တစ်နေ့ 1 ကြိမ် ၊ ၈ ပတ်
စားချဥ့်ပြန် အစာရေမျိုပြွန်ရောင်ရောဂါ
တစ်ခါသောက် 10 mg ၊ တစ်နေ့ 2 ကြိမ် (သို့)
တစ်ခါသောက် 20 mg ၊ တစ်နေ့ 1 ကြိမ် ၊ ၄-၈ ပတ်
ထိရောက်မှုမရှိပါကတစ်ရက်လျှင် 40 mg ထိသောက်သုံးနိုင်ပါတယ်။
Zollinger – Ellison ရောဂါစု
တစ်ရက်လျှင် 60 mg မှ 120 mg ထိ ဆရာ၀န်ညွှန်ကြားချက်အတိုင်းသောက်သုံးပါ။
(5) ဘေးထွက်ဆိုးကျိုး
၀မ်းလျှောခြင်း၊ ၀မ်းချုပ်ခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ လေပွခြင်း၊ ယားယံခြင်း၊ အင်ပြင်ထွက်ခြင်း၊ ခြေလက်ထုံကျဉ်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
အစာအိမ်နှင့်အူလမ်းကြောင်းတွင် ကင်ဆာရောဂါမရှိကြောင်းသေချာမှသာ Omez ကို သုံးစွဲသင့်သည်။ အကယ်၍ ကင်ဆာရောဂါရှိနေပါက ဆေးသုံးစွဲပြီးရောဂါလက္ခဏာများ သက်သာသွားသည့်အခါ ကင်ဆာရှိကြောင်း သိရှိရန် အချိန်နောက်ကျသွားနိုင်သောကြောင့်ဖြစ်သည်။
ကိုယ်၀န်ဆောင်များ၊ နို့တိုက်မိခင်များနှင့် ကလေးများ၊ ပါ၀င်သည့်ဆေးနှင့် ဓာတ်မတည့်သူများ သောက်သုံးရန် မသင့်ပါ။ သက်ကြီးရွယ်အိုများနှင့် အသည်းရောဂါရှိသူများ ဆရာ၀န်ညွှန်ကြားချက် အတိုင်းသောက်သုံးပါ။
(7) အခြားဆေးများနှင့်ဓါတ်ပြုမှု
အိပ်ဆေး Diazepam ၊ အတက်ရောဂါကုသဆေး Phenytoin နဲ့ သွေးကျဲဆေး Warfarin တို့နှင့်တွဲဖက်သုံးစွဲပါက ၎င်းဆေးများ၏ပြင်းအားပိုမိုများလာနိုင်သောကြောင့် သတိပြုသုံးစွဲရပါမည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Dr. Reddys
(9)တင်သွင်းသည့်ကုမ္ပဏီ
Hero Int’l





























