/
node/1184

Sporacid

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Sporacid

(1) ဆေးအမည်

          Sporacid

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးတောင့်တစ်တောင့်တွင် Itraconazole 100 mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ       

        လိင်အင်္ဂါတွင် မက်ခရုပေါက်ခြင်း၊ အရေပြားတွင်မှိုစွဲခြင်း၊ ပါးစပ်တွင် မက်ခရုပေါက်ခြင်း၊  မှိုစွဲနာအမျိုးမျိုး

 

(4) အသုံးပြုပုံ

        မှိုစွဲနာအမျိုးမျိုးအတွက် တစ်နေ့လျှင် 100 mg မှ 200 mg ရောဂါအမျိုးအစားပေါ်မူတည်ပြီး တစ်နေ့လျှင် 400mg အထိအသုံးပြုနိုင်သည်။ အစာစားပြီးမှသောက်သုံးရန်။

 

(5) ဘေးထွက်ဆိုးကျိုး

          ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ယားယံခြင်း၊ အစာမကြေခြင်း၊ သွေးကြောများရောင်ရမ်းခြင်း၊ အသဲရောင်ခြင်း၊ ထိပ်ပြောင်ခြင်း၊ အာရုံကြောအားနည်းခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ကလေးများ၊ ကိုယ်၀န်ဆောင်မိခင်များတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။

         နို့တိုက်မိခင်၊ အသည်းမကောင်းသောသူများ၊ အသည်းကို အဆိပ်အတောက်ဖြစ်စေသော ဆေးဝါးများနှင့်အတူ မသုံးရ။

        ပျို့အန်ခြင်း၊ နုံးခွေခြင်း၊ ဗိုက်အောင့်ခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အာရုံကြောအားနည်းခြင်း တို့ဖြစ်ပေါ်ပါက ဆေးသုံးစွဲခြင်းကိုရပ်တန့်ရန်။

 

(7) အခြားဆေးများနှင့်ဓာတ်ပြုမှု

        တီဘီရောဂါကုဆေး Rifampicin၊ အတက်ရောဂါကုဆေး Phenytoin နှင့်တွဲသုံးပါက Itraconazole ၏ အာနိသင်ကိုလျော့ကျစေပါသည်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          DexaMedica

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          Shwe Yadanar Myay

www.drmyanmar.com