Unitaxel
(1) ဆေးအမည်
Unitaxel
(2) ပါ၀င်သောဆေးအမျိုးအစား
ထိုးဆေးရည် 5ml တွင် paclitaxel 30mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ မျိုးဥအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ။
(4) အသုံးပြုပုံ
မျိုးဥအိမ်ကင်ဆာ ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ - 175mg/m2 နှင့်တွက်ပြီး 3 နာရီကြာအောင် အကြောထဲသို့သွင်းရမည်။ 3 ပတ် 1 ကြိမ် သွင်းရမည်။
အစာအိမ်ကင်ဆာ - 175-210mg/m2 နှင့်တွက်ပြီး 3 နာရီကြာအောင် အကြောထဲသို့ ထိုးသွင်းရမည်။ (သို့) ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။
(5) ဘေးထွက်ဆိုးကျိုး
ဓါတ်မတည့်ခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်နှုန်းနှေးခြင်း၊ နှလုံးခုန်နှုန်မမြန်ခြင်း၊ အာရုံကြောအားနည်းခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းလျောခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
နို့တိုက်မိခင်များ၊ ဓါတ်မတည့်သူများ၊ သွေးဖြူဥ neutrophilပမာဏ 1500 cells/ mm3 အောက် နည်းသူများအသုံးမပြုရ။
ကိုယ်၀န်ဆောင်များတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။
Cisplatin နှင့်တွဲသုံးပါက Paclitaxelကိုအရင်ပေးရန်။
(7) အခြားဆေးများနှင့် ဓါတ်ပြုမှု
မတွေ့ရှိသေးပါ။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Korea United Pharm
(9) တင်သွင်းသည့်ကုမ္ပဏီ
Zizawa Health Care





























