/
node/5599

ဗိုက်ထဲက ကလေးလေး အခြေအနေမကောင်းရင် ပြလေ့ရှိတဲ့လက္ခဏာများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ဗိုက်​ထဲကက​လေး​လေးဟာ အလွန်​နုနယ်​ပြီး သူ့ဆီ​ရောက်​လာတဲ့ ​ရောဂါ​တွေကို မကာကွယ်​နိုင်​​သေးပါဘူး။ ဒီလိုအချိန်​မှာ အ​မေ့ရဲ့ ကိုယ်​ခံစွမ်​းအားဟာ အ​ရေးပါပါတယ်​။ က​လေး​လေး​ကို မ​မွေးခင်​ဗိုက်​ထဲလွယ်​ထားတဲ့ ၉လလုံးလုံး က​လေးလိုအပ်​သမျှကို အ​မေ့ကိုယ်​ခန္ဓာကသာ ကာကွယ်​​ပေးထားနိုင်​ပါတယ်​။ ဒါ​ပေမယ်​့ ဗိုက်​ထဲကက​လေး​လေးတစ်​စုံတစ်​ရာဖြစ်​​နေပါက ကိုယ်​တိုင်​မစမ်​းသပ်​မစစ်​​ဆေးနိုင်​တဲ့အတွက်​ ​အောက်​ပါလက္ခဏာများကို ကြည်​့ရှုစစ်​​ဆေးသင်​့ပါတယ်​။

 

၁။ နှလုံးမခုန်​ခြင်​း

 

        က​လေး​လေးရဲ့နှလုံးဟာ ကိုယ်​ဝန်​ ၅ ပတ်​ကတည်​းက စခုန်​​ပေမယ်​့ ၁၀ ပတ်​​မြောက်​မှသာ စကြားရပါတယ်​။ နှလုံးခုန်​သံ မကြားရ​ပါက အထဲမှာ တစ်​ခုခုဖြစ်​​နေတာကို ပြပါတယ်​။ ဒါ​ကြောင်​့ သားဖွားမီးယပ်​ဆရာဝန်​နဲ့ ချက်​ချင်​းပြသရပါမယ်​။

၂။ ဗိုက်​နာခြင်​း

 

        ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ ရာသီလာချိန်​ဗိုက်​နာသလို နာတတ်​​ပေမယ်​့ ခပ်​ကြာကြာနာလာတာ၊ မခံမရပ်​နိုင်​​အောင်​ နာလာတာမျိုးရှိပါက ပြဿနာ တစ်​စုံတစ်​ရာရှိ​နေနိုင်​ပါပြီ။ ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ ဗိုက်​နာခြငး်​ဟာ ခန္ဓာကိုယ်​မှာရုတ်​တရက်​ အ​ပြောင်​းအလဲများ ဖြစ်​သွားတာ​ကြောင်​့ ဖြစ်​နိုင်​ပါတယ်​။ ကိုယ်​ဝန်​ဒုတိယကာလနဲ့ တတိယကာလတို့မှာ ဗိုက်​နာခြင်​းဟာ ​စော​မွေးချင်​လို့ ဗိုက်​နာခြင်​း၊ ​ရောဂါတစ်​စုံတစ်​ရာဖြစ်​ခြင်​း အပြင်​​​့ ကိုယ်​ဝန်​ပျက်​ကျခြင်​းတို့​ကြောင့်​လည်​း ဖြစ်​နိုင်​ပါတယ်​။ ဒ​ါကြောင်​့ ဗိုက်​နာတဲ့အ​ကြောင်​း ဆရာဝန်​ကို ​ပြောပြဖို့ မ​မေ့ပါနဲ့။

 

၃။ ​သွေးဆင်​းခြင်​း

 

       ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ ​သွေးဆင်​းခြင်​းဟာ တစ်​ခါတစ်​ရံ ​ကိုယ်​ဝန်​ပျက်​ကျတာ​ကြောင်​့ ဖြစ်​နိုင်​ပါတယ်​။ တစ်​ခါတစ်​ရံ ​ဟော်​မုန်​းမညီမျှခြင်​း​ကြောင်​့ ဖြစ်​တတ်​ပြီး တစ်​ခါတစ်​ရံ​ေ တာ့ အချင်​းပြဿ    နာတစ်​စုံတစ်​ရာ​ကြောင်​့ ဖြစ်​နိုင်​ပါတယ်​။ အချင်​းပြဿ    နာ​ကြောင့် ဖြစ်​ပါက က​လေးကို​စော​မွေးရတတ်​ပါတယ်​။ ရက်​ချိန်​းထက်​​စော​မွေးတဲ့က​လေး​တွေမှာ ​မွေးခါစပထမလပိုင်​းအတွင်​းမှာ အလွန်​ဂရုစိုက်​ဖို့ လိုအပ်​ပါတယ်​။

၄။ ​ခါးနာခြင်​း

 

        ကိုယ်​ဝန်​လွယ်​ထားရချိန်​မှာ ​ရှေ့ကဗိုက်​အ​လေးက ဆွဲထားတဲ့အတွက်​ ခါးနာတတ်​ပါတယ်​။ ဒါ​ပေမယ်​့ ခါးနာတာဆိုးရွားလာပြီး အချိန်​အ​တော်​ကြာလာခဲ့ရင်​​တော့ ​ကျောက်​ကပ်​ပြဿ    နာ၊ ဆီးအိမ်​ပြဿနာဖြစ်​နိုင်​ပါတယ်​။ ဒါ့အပြင်​ ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ သတိထားသင်​့တဲ့ ​ရောဂါပိုးဝင်​ခြင်​း​ကြောင်​့လည်​း ဖြစ်​နိုင်​ပါတယ်​။

 

 

၅။ ပုံမမှန်​အဖြူ ဆင်​းခြင်​း

 

       ပုံမှန်​အဖြူ ဆင်​းတဲ့အခါ အ​ရောင်​၊ အနံ့ မရှိတတ်​ပါဘူး။ အကယ်​၍ ပုံမမှန်​တာ တစ်​စုံတစ်​ရာ​နဲ့ ​သွေးဆင်​းတာမျိုးရှိပါက က​လေးမှာ တစ်​ခုခုဖြစ​်​​နေပြီဆိုတာကို ပြ​နေပါတယ်​။ ဒီလိုဆင်​းတဲ့အပြင်​ တအားနာလာပါက ​စောပြီးသားအိမ်​ပွင်​့တာဖြစ်​နိုင်​ပါတယ်​။ ဒါမှမဟုတ်​ အခြားပြဿ    နာများလည်​း ဖြစ်​​နေနိုင်​ပါတယ်​။ ဒါ​ကြောင်​့ ဆရာဝန်​ကို ပြသ​ဆွေး​နွေးသင်​့ပါတယ်​။

 

၆။ ဗိုက်​ထဲက က​လေး​သေး​နေခြင်​း

 

         က​လေး​လေးဟာ ဗိုက်​ထဲမှာ ကြီးထွားမှု နည်​း​နေခြင်​းဖြစ်​ပါတယ်​။ က​လေးရဲ ကြီးထွားမှုကို တိုင်​းတာတဲ့စမ်​းသပ်​မှု​တွေကို ပုံမှန်​လုပ်​​ပေးရပါမယ်​။ ​မွေးချိန်​မှာ က​လေးပုံမှန်​ထက်​​သေး​နေပါက က​လေးမှာ အသက်​ရှုခြင်​း၊ ကိုယ်​အပူချိန်​နဲ့ ​သွေး​ပေါင်​ချိန်​ စတာ​တွေ ပုံမှန်​ဖြစ်​ဖို့ ခဲယဉ်​းလှပါတယ်​။

 

၇။ က​လေးမလှုပ်​ခြင်​း

 

      ပုံမှန်​သ​နေ္ဓသား​လေးဟာ ဗိုက်​ထဲမှာ ရုန်​းကန်​လှုပ်​ရှား​နေသင်​့ပါတယ်​။ ကိုယ်​ဝန်​အပတ်​၂၀မှာ က​လေး​လေးဟာ ၂နာရီအတွင်​း ၁၀ကြိမ်​အနည်​းဆုံး လှုပ်​သင်​့ပါတယ်​။ အကယ်​၍ က​လေးအလှုပ်​နည်​းပါက က​လေး​လေးဟာ ​ဘေးတစ်​ခုခု​တွေ့​နေရပြီဖြစ်​ပါတယ်​။ ဒါ​ကြောင်​့ ဆရာဝန်​နဲ့ ​သေချာပြသသင်​့ပါတယ်​။

 

        ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ မေ မျှာ်လင့်ထား​တာ​ေ တွ အမျိုးမျိုးဖြစ်​​ပေါ်လာနိုင်​ပါတယ်​။ ဒါ​ကြောင်​့ ဒီ​ရောဂါလက္ခဏာ​တွေ ဖြစ်​​ပေါ်လာပါက ဆရာဝန်​ထံ အမြန်​ပြသစမ်​းသပ်​သင်​့ပါတယ်​။ ဆရာဝန်​ဆရာမများနဲ့ ပုံမှန်​ကိုယ်​ဝန်​စစ်​​ဆေးမှုများ ပြုလုပ်​​ပေးပါက ဒီလို​ရောဂါ​တွေမဖြစ်​ရ​လေ​အောင်​ ကြိုတင်​ကာကွယ်​နိုင်​ပါလိမ်​့မယ်​။

 

Dr. Emerald (www.drmyanmar.com)