/
node/5743

ရေကျောက်အမြန်ပျောက်ဖို့ရာ

Category
ကလေးများနှင့်ကျန်းမာရေး

>> အဆင်​့ 1

 

          ရေ​ကေ​ျာက်​​ပေါက်​တဲ့အခါ အဓိကစိတ်​ညစ်​ရတာက​တော့ ယားယံခြင်​း၊ အဖျားဝင်​ခြင်​းနဲ့ အ​ရေပြားပိုးဝင်​ခြင်​းတို့ပဲ ဖြစ်​ပါတယ်​။

          ​ရေပြားပိုးဝင်​ခြင်​းဟာ ​ရေ​ကျောက်​အရည်​ကြည်​ဖု​တွေက​နေ​သော်​လည်​း​ကောင်​း၊ ယားလို့ကုတ်​ဖဲ့က​နေ​သော်လည်​း​ကောင်​း ဝင်​နိုင်​ပါတယ်​။ ဆရာဝန်​ညွှန်​ကြားတဲ့အတိုင်​း ပိုသတ်​​ဆေးလိမ်​း​ပေးနိုင်​ပါတယ်​။ ယားယံခြင်​းသက်​သာ​စေဖို့ Calamineအယာ​း​ပျောက်​​ဆေးလိမ်​းခြင်​း၊ ​ရေ​နွေးစိမ်​ခြငး်​နဲ့ antihistamine ​ဆေး​သောက်​ခြင်​းတို့ လုပ်​နိုင်​ပါတယ်​။

 

1. လက်​​ဆေးခြင်​း - ​ရေ​ကျောက်​​ပေါက်​သူ​​ရော၊ မိသားစုဝင်​​တွေပါ တစ်​ကိုယ်​ရည်​သန်​့ရှင်​း​ရေးကို ဂရုစိုက်​ရပါမယ်​။ လက်​​သေချာ​ဆေးပြီး လက်​သည်​းတိုတိုညှပ်​ထားခြင်​းက ကုတ်​ဖဲ့ရာက ပိုးဝင်​ခြင်​းကို ကာကွယ်​​ပေးနိုင်​ပါတယ်​။

 

2. အဖျားတိုင်​းခြင်​း - အဖျားကျဖု့ိအတွက် မိနစ်​၂၀ခန်​့ ​ရေပတ်​တိုက်​​ပေးခြင်​း၊ ပါရာစီတ​မော​သောက်​ခြင်​း စသည်​ဖြင်​့ ပြုလုပ်​နိုင်​ပါတယ်​။ အဖျားမကျရင်​ ဆရာဝန်​နဲ့ တိုင်​ပင်​ပါ။

 

3. ​ဆေး - ဆေးဆိုင်​မှာအလွယ်​တကူဝယ်​နိုင်​တဲ့ အက်​စပရင်​​ဆေးပြား​တွေကို က​လေး​တွေကို မတိုက်​သင်​့ပါဘူး။ ​ဆရာဝန်​ညွှန်​ကြားတဲ့အတိုင်​းသာ ​ဆေး​သောက်​ပါ။

 

4. ကူးစက်​မှု - ​ရေ​ကျောက်​ဟာ အသက်​ရှူလမ်​း​ကြောင်​းနဲ့ တိုက်​ရိုက်​ထိ​တွေ့မှု​တွေက​နေ ကူးစက်​နိုင်​ပါတယ်​။ အနီကွက်​​တွေမ​ပေါ်ခင်​ ၁ရက်​၂ရက်​ကစပြီး အနာ​ဖေး​တွေအကုန်​ကွာကျချိန်​အထိ ကူးစက်​နိုင်​​ခြေ ရှိပါတယ်​။

 

5. မကူးစက်​နိုင်​​စေရန် - ရေ​ကျောက်​​ပေါက်​တဲ့က​လေးကို အနီစက်​​တွေ​ပေါ်ပြီး ၅ရက်​မှ၁၀အတွင်​း ​ကျောင်​းမသွား​ပါ​စေနဲ့။ ​ရေ​ကျောက်​မ​ပေါက်​ဖူး​သေးသူ​တွေနဲ့ ​ရေ​ကျောက်​ကာကွယ်​​ဆေးမထိုးရ​သေးသူ​တွေမှာ ကူးစက်​နိုင်​ပါတယ်​။ အထူးသဖြင်​့ က​လေးငယ်​များ၊ ကိုယ်​ဝန်​​ဆောင်​များနဲ့ သက်​ကြီးရွယ်​အို​တွေမှာ ပိုသတိထားရပါမယ်။

 

6. မိသားစုဝင်​​တွေအတွက်​ - ​ရောဂါနဲ့ထိ​တွေ့ပြီး ၃ရက်​မှ၅ရက်​အတွင်​း ကာကွယ်​​ဆေးထိုးနိုင်​ပါတယ်​။ ၅ရက်​​ကျော်​ခဲ့ရင်​ အသင်​့ကာကွယ်​​ဆေးထိုးသင့် မထိုးသင့် ဆရာဝန်​နဲ့ တိုင်​ပင်​ပါ။

 

7. ​ရေဓာတ်​မခမ်​း​ခြောက်​​စေရန် - ရေ၊အ​အေး၊စွပ်​ပြုတ်​၊သစ်သီး​ စသည်​ဖြင်​့ ​ရေဓာတ်​ပြည်​့ဝ​နေပါ​စေ။

>> အဆင်​့ 2

 

          အန္တရာယ်​လက္ခဏာ​တွေကို​စောင်​့ကြည်​့ပြီး ဆရာဝန်​နဲ့ ဆက်​သွယ်​ပါ။

 

• ပါရာစီတ​မောနဲ့အဖျားမကျခြင်​း

• အရည်​ကြည်​ဖု​တွေကြီးလာပြီး အ​ရေပြား​အောက်​မှာအဖုကြီးဖြစ်​လာခြင်း

• အလွန်​​နေ​မ​ကောင်​းခြင်​း၊ အစား​ရော​ရေပါမဝင်​ခြင်​း

• သတိမ​ကောင်​းခြင်​း

• အားနည်​း​ပျော့​ခွေ​နေခြင်​း

• လည်​ပင်​း​တောင်​့​နေခြင်​း

• မကြာခဏအန်​ခြင်​း

• အသက်​ရှူကျပ်​ခြင်​း

• ​ချောင်​းအလွန်​ဆိုးခြင်​း

• ဗိုက်​အရမ်​းနာခြင်​း

• အနီကွက်​​ပေါ်ခြင်း၊ ​သွေးထွက်​ခြင်​း၊ ​သွေးခြည်​ဥခြင်​း။

 

တစ်​ချို့လူ​တွေမှာ ​ရေ​ကျောက်​ဟာ ​အောက်​ပါပြဿနာ​တွေ ဖြစ်​​စေနိုင်​ပါတယ်​။

 

• အ​ရေပြားပိုးဝင်​ခြင်​း

• ​ရေဓာတ်​ခမ်​း​ခြောက်​ခြင်​း

• အဆုတ်​ပွခြင်​း

• ဦး​နှောက်​ပိုးဝင်​ခြင်​း

 

>> အဆင်​့ 3

         

          ရှောင်ကြဉ်ရမယ့်ကိစ္စတွေကို မှတ်သားထားပါ။

 

• ဆရာဝန်​နဲ့မတိုင်​ပင်​ပဲ အက်​စပရင်​နဲ့အခြား​ဆေး​တွေ ကိုယ်​့သ​ဘောနဲ့ကိုယ်​ မ​သောက်​ပါနဲ့။

• လူထူထပ်​တဲ့​နေရာ​တွေကို မသွားပါနဲ့။

• အိမ်​လုပ်​အစားအစာ​တွေကိုမ​ရှောင်​ပါနဲ့။

• အန္တရာယ်​လက္ခဏာ​တွေကိုမ​မေ့ပါနဲ့။

• ဖျား​နေစဉ်​အားစိုက်​လုပ်​ကိုင်​ခြင်​းကို​ရှောင်​ကြဉ်​ပါ။

• အဆီများ၊ ငန်​၊ စပ်​တ့ဲအစားအ​သောက်​​တွေကို ​ရှောင်​ပါ။

• ပါးစပ်​ထဲမှာအရည်​ကြည်​ဖု​တွေရှိခဲ့ရင်​ အချဉ်​ဓာတ်​ပါတဲ့အသီး​တွေကို​ရှောင်​ပါ။

• အသင်​့စားအစားအ​သောက်​​တွေကို​ရှောင်​ပါ။

 

>> အဆင်​့ 4

 

          ကိုယ်ခံစွမ်းအားတက်လာစေမယ့် အစားအ​သောက်​တွေကို ရွေးချယ်ကျေွးပါ။

 

• အိမ်​မှာလုပ်​တဲ့အစားအ​သောက်​​တွေပဲ စားပါ။

• ကယ်​လိုရီနဲ့ပရိုတင်​း​တွေဖြည်​့တင်​း​ပေးပြီး အစာ​ကြေလွယ်​တဲ့အစားအ​သောက်​​တွေကိုစားပါ။

• ပဲပင်​​ပေါက်​​တွေဟာ ပရိုတင်​းဓာတ်​ပါပြီး ကိုယ်​ခံစွမ်​းအားကို​ကောင်​းမွန်​​စေပါတယ်​။

• ကြက်​သွန်​ဖြူ နဲ့ နံနွင်းဟာလည်​း ကိုယ်​ခံစွမ်​းအားကို ​ကောင်​းမွန်​​စေပါတယ်​။

• ဗီတာမင်​ A ကြွယ်​ဝတဲ့ ဟင်​းသီးဟင်​းရွက်​စိမ်​း​တွေကို စားသုံး​ပေးပါ။

• နို့၊ ဂျုံ၊ ပဲ အစရှိတဲ့ ကယ်​လ်​ဆီယမ်​ပြည်​့ဝတဲ့အစားအစာ​တွေကို စား​ပေးပါ။

• ပဲမျိုးစုံနဲဟင်​းသီးဟင်​းရွက်​​တွေမှာ ဇင်​့ဓာတ်​ပါတာ​ကြောင်​့ ကိုယ်​ခံစွမ်​းအားတိုးတက်​​စေပါတယ်​။

• ​ရေဓာတ်​ပြည်​့ဝ​အောင်​​ရေများမျာ​း​သောက်​ပါ။

• ငှက်​​ပျောသီး၊ ပန်​းသီး၊ ဖရဲသီးစတဲ့ အသီး​တောများများစားပါ။ ပါးသပ်​အနာမရှိရင်​ စပျစ်​သီး၊ လိ​မေ္မာ်​သီးစသည်​ဖြင်​့ ချဉ်​တဲ့အသီး​တွေလည်​း စား​ပေးနိုင်​ပါတယ်​။

• မစ်​ရှိတ်​လိုမျိုးလည်​း လုပ်​​သောက်​နိုင်​ပါတယ်​။

• ပျက်​စီးသွားတဲ့ဆဲလ်​​တွေကို ပြင်​ဆင်​​ပေးဖို့ လိုအပ်​တဲ့အာဟာရဓာတ်​​တွေကို ဟင်​းရွက်​စွပ်​ပြုတ်​​တွေက​နေရရှိနိုင်​ပါတယ်​။

• အစာ​ခြေစနစ်​​ကောင်​းမွန်​ဖို့၊ အ​ရေပြားအနာ​ကောင်​​း​ကောင်​းကျက်​ဖို့၊ ကိုယ်​ခံစွမ်​းအား​ကောင်​းမွန်​ဖို့ ထောပတ်​၊ နို့မလိုင်​​တွေ စား​ပေးပါ။ ​

 

Dr. Mya Phoo Ngon (www.drmyanmar.com)