/
node/5927

ကလေးတွေကို နားဖာချေးကော်ပေးသင့်သလား

Category
ကလေးများနှင့်ကျန်းမာရေး

      တကယ်တော့ နားဖာချေးဆိုတာ နားရဲ့ သဘာဝကာကွယ်ရေးလုပ်ငန်းတစ်ခုသာ ဖြစ်ပါတယ်။ နားထဲကို ဖုံတွေ အမှုန်တွေ ဝင်တဲ့အခါ နားစည်ကို မထိခိုက်စေဖို့အတွက် နားဖာချေးရယ်လို့ ဖြစ်လာရတာပါ။ 

       နားဖာချေးတွေအများကြီးရှိနေပြီး ကလေးတွေမှာ နားဖာချေး မဖြစ်မနေဖယ်ရှားဖို့လိုတယ်လို့ ထင်နေတဲ့မိခင်များအတွက် ဒီအကြောင်းအရာလေးကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

 ကလေးက နားသိပ်မကြားရင်

• နားကို မကြာခဏထိကိုင်နေရင်

• နားကိုက်တဲ့ပုံပြရင်၊ နားက အအထိမခံနိုင်ဘဲ နာရင်၊ ရောင်ကိုင်းလာရင်
• ပြည်လိုအရည်တွေကျရင်

 

          ဒါဆို နားဖာချေးကို ကိုယ့်ဘာသာမဖယ်ပေးပါနဲ့တော့။ ကျွမ်းကျင်သူ နား၊ နှာခေါင်းဆရာဝန်နဲ့ ပြသကုသဖယ်ရှားလိုက်ပါနော်။

          နားဖာချေး အခြောက်တွေကိုတော့ ဂွမ်းလိပ်လေးနဲ့ ဖယ်ရှားနိုင်ပါတယ်။ အထဲထိတော့ အတင်းထိုးမထည့်ပါနဲ့။ လက်ချောင်းနဲ့ နှိုက်ကော်ပေးတာရှောင်ပါ။ ချွန်ထက်တဲ့အရာတွေနဲ့ မထိုးပါနဲ့။ ဆရာဝန်နဲ့ပြကြည့်ရင် ဆရာဝန်က နားဖာချေး နူးပြီး ပျော့သွားစေမယ့် နားတွင်းထည့်ဆေးတွေ ညွှန်ကြားပါလိမ့်မယ်။ ကိုယ့်ဘာသာ ဆီထည့်ပြီး နားဖာချေးကလော်ထုတ်တာဟာ ကလေးတွေအတွက် မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူးလို့ အန္တရယ်ရှိကြောင်း သတိပေးလိုက်ပါတယ်နော်။

 

www.drmyanmar.com