စိုးရိမ်ရတဲ့ သွေးလွန်တုပ်ကွေးလား Vs မစိုးရိမ်ရတဲ့ သွေးလွန်တုပ်ကွေးလား
သွေးလွန်တုပ်ကွေးရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ရောဂါထဲက တစ်မျိုးအပါအ၀င် ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးကို စိုးရိမ်ရတဲ့လက္ခဏာ မရှိတာနဲ့ ရှိတာ ဆိုပြီး ၂ မျိုး ခွဲထားပါတယ်။
1. စိုးရိမ်စရာလက္ခဏာမရှိ - ကိုယ်အပူချိန် 104’F ရှိပြီးတော့ အောက်ပါအချက်တွေထဲက နှစ်ချက် (သို့) နှစ်ချက်အထက် ရှိတတ်ပါတယ်။ တစ်ကြိမ်လောက်သာအန်ခြင်း (သို့) ပျို့ခြင်း၊ မျက်နှာနီရဲစေတဲ့ အနီစက်များထွက်ခြင်းနှင့် လက်မောင်း၊ လက်၊ ခြေထောက်၊ ရင်ဘတ်၊ ကျောကုန်းများတွင် အနီစက်များရှိခြင်း၊ ခန္ဓာကိုယ် နာကျင်ကိုက်ခဲခြင်း၊ သွေးဖြူဥနည်းခြင်း၊ လည်ပင်းနှင့် နားနောက်မှ အကျိတ်များရောင်ခြင်း။
2. စိုးရိမ်ဖွယ်လက္ခဏာရှိသော သွေးလွန်တုပ်ကွေး - အပေါ်ကလက္ခဏာတွေအပြင် အောက်ပါလက္ခဏာ တစ်ချက် (သို့) ပိုပြီး ရှိလာတတ်ပါတယ်။ ဗိုက်အောင့်ခြင်း၊ ဆက်တိုက် အန်နေခြင်း၊ ဝမ်းဗိုက်နှင့် အဆုတ်တို့တွင် အရည်စုလာခြင်း၊ သွားဖုံး၊ နှာခေါင်းတို့မှ သွေးထွက်ခြင်း၊ လေးလံထိုင်းမှိုင်းနေခြင်း (သို့) လုံး၀နုံးခွေသွားခြင်း (သို့) ဂဏှာမငြိမ်ခြင်း၊ ၀မ်းမည်းမည်းသွားခြင်း၊ အသည်းကြီးခြင်းတို့ ဖြစ်ကြပါတယ်။ ဒီလက္ခဏာတွေက သွေးလွန်တုပ်ကွေးက ပြင်းထန်ပြီးတော့ သွေးတွေ ယိုစိမ့်ကာ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတဲ့အထိ ဖြစ်နိုင်ချေကို ပြပါတယ်။ ဒီလက္ခဏာတွေပြပြီး ၂၄-၄၈ နာရီအတွင်း ဆေးရုံမှာ မှန်ကန်စွာ ကုသမှုမခံယူရဘူးဆိုရင် သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
Bio Adult 1

** ပြင်းထန်သွေးလွန်တုပ်ကွေး - ပြင်းထန်စွာ သွေးထွက်ခြင်း (သို့) ဆီးထဲတွင် သွေးပါခြင်း၊ ဝမ်းဗိုက်နှင့် အဆုတ်များထဲတွင် ရေပြင်းထန်စွာစုခြင်း၊ သတိလစ်ခြင်း၊ နှလုံးစသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိပြီးတော့ အရည်တွေထပ်စုကာ သွေးပေါင်ချိန်ကျခြင်း။ ဒီလက္ခဏာတွေတွေ့ပြီးဆိုရင် ဆေးရုံ၊ ဆေးခန်း ချက်ချင်းသွားပြဖို့ လိုပါတယ်။
>> ဆေးရုံမှာ ကုသမှုခံဖို့ လိုလား၊ အိမ်မှာပဲ ဂရုစိုက်နေလို့ရလား?
စိုးရိမ်ရတဲ့လက္ခဏာတွေ ရှိရင်တော့ မဖြစ်မနေ ဆေးရုံတက်ပြီး ကုသဖို့ လိုပါတယ်။
>> အောက်ပါအချက် ၃ ချက်ရှိမှသာ အိမ်မှာပဲ စောင့်ကြည့်လို့ရပါတယ်။ မဟုတ်ရင် ဆေးရုံ၊ ဆေးခန်းသွားသင့်ပါတယ်။
1) စိုးရိမ်ရတဲ့လက္ခဏာတွေ မရှိလျှင်၊ လန်းဆန်းနေလျှင်
2) ရေတွေ၊ အရည်တွေကို ပုံမှန်အတိုင်း သောက်နိုင်လျှင်
3) အနည်းဆုံး ၆ နာရီခြားတစ်ခါ ဆီးသွားလျှင် အိိမ်မှာပဲ ပြုစုစောင့်ရှောက်လို့ ရပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Bio Adult 2

>> ဆေးရုံမှာ ကုသမှုခံဖို့ လိုလား၊ အိမျမှာပဲ ဂရုစိုကျနလေို့ရလား?
စိုးရိမျရတဲ့လက်ခဏာတှေ ရှိရငျတော့ မဖွဈမနေ ဆေးရုံတကျပွီး ကုသဖို့ လိုပါတယျ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























