/
node/6174

ခံတွင်းနှင့် ဆက်စပ်နေသော ကျန်းမာရေးပြဿနာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        သွားဆရာဝန်ဆီကို ပုံမှန်ပြသ စစ်ဆေးဖို့တောင် သိပ်မလုပ်ကြတဲ့ ဒီခေတ်မှာ ခံတွင်းကျန်းမာရေးကို ပေါ့ပေါ့ဆဆ ထားလာကြပါတယ်။ ခံတွင်းကျန်းမာရေးဟာ ကိုယ်တွင်းရောဂါတွေနဲ့ ဆက်စပ်နေတတ်တယ်ဆိုတဲ့ အကြောင်း ဗဟုသုတ ဖတ်ကြည့်ကြရအောင်။

●        အနာမကျက်တဲ့ ပါးစပ်တွင်းအနာတွေ - ခံတွင်းမှာ အနီစက်လေးတွေ အနာလေးတွေ မကြာခဏဖြစ်တဲ့အခါ ဆီးချို စစ်ဆေးသင့်ပါတယ်။ အဖြူဖတ်လေးတွေ ဖြစ်တဲ့အခါ Leukoplakia လို့ခေါ်ပြီး သွေးဖြူဥရောဂါတွေ ဖြစ်နေတတ်သလို မှတ်ခရုပုံစံဆိုရင်လည်း ကိုယ်ခံအားကျရောဂါတချို့နဲ့လည်း ဆက်စပ်နေတတ်ပါတယ်။

●        သွားတိုက်ရင်း သွေးထွက်တတ်ရင် သွားဖုံးမကျန်းမာတာကို ရည်ညွှန်းပြီး သွားအမြစ် မကျန်းမာတာ အခြေယိုင်နဲ့တာတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သွား မဆုံးရှုံးခင် ပြသစစ်ဆေးသင့်ပါတယ်။

●        ပါးစပ်နံတဲ့အခါ  ရေများများ မသောက်တာ ရေဓာတ်ချို့တဲ့တာတွေအပြင် သွားဖုံးရောဂါ၊ လည်ချောင်းရောဂါနဲ့ တခြားရောဂါပိုးအမျိုးမျိုးကြောင့် ဖြစ်နေတတ်ပါတယ်။ မကြာခဏ ခံတွင်းက အနံ့ထွက်နေတတ်ရင်တော့ လည်ချောင်း အသက်ရှူလမ်းနဲ့ အာခံတွင်းမှာ တခြားရောဂါတွေ ရှိ၊ မရှိ စစ်ဆေးကုသသင့်ပါပြီ။

●        ရုတ်တရက် အပူအအေး မခံနိုင်တာတွေရှိခဲ့ရင် သွားအခြေ ပြည်တည်တာ ဖြစ်တတ်ပါတယ်။ အမြန်ဆုံး မကုခဲ့ရင် သွေးဆိပ်ပျံနှံ့ပြီး အသက်ဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

 

>>    ကျန်းမာတဲ့ သွားနဲ့ခံတွင်း ရရှိဖို့ -

●        တစ်ရက် နှစ်ကြိမ် သွားတိုက်ပါ။

●        ပလုတ်ကျင်းပါ။

●        သွားကြားပွတ်ကြိုးနဲ့ ပွတ်တိုက် သန့်စင်ပါ။

●        သွားတိုက်နည်း မှန်ကန်ပါစေ။

●        ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေး သုံးပါ။

●        သွားဆရာဝန်ထံ ပုံမှန်ပြသပါ၊

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)