/
node/6405

ဆောင်းတွင်းကာလ ကိုယ်ဝန်ဆောင်လေးတွေအတွက် ကျန်းမာရေးအကြံကောင်းများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        ဆောင်းတွင်းကာလ ဖြတ်သန်းနေတဲ့ ကိုယ်ဝန်ဆောင်လေးတွေအတွက် ကျန်းမာရေး အကြံပြုချက်လေးတွေ တင်ပြပေးလိုက်တယ်နော်။ ချမ်းချမ်းအေးအေးရာသီမှာ ဘာတွေရှောင်၊ ဘာတွေဆောင်ရမလဲ သိရအောင် ဖတ်ကြည့်ကြမယ်။

        အာဟာရ ပြည့််ဝ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်လေးဖြစ်ဖို့ ဆောင်းတွင်းမှာ အဓိကထား စားသင့်တာလေးတွေကတော့ -

●        အရိုးစွပ်ပြုတ် ပူပူနွေးနွေး

●        အသားဟင်း ရေလည်ဆီလည်

●        ဗီတာမင်စီ ပြည့်ဝသော အသီးအနှံများ၊ ရာသီစာ၊ လိမေ္မာ်သီး၊ စတော်ဘယ်ရီ၊ ထောပတ်သီး။

●        အစိမ်းရောင်ရင့်သော အသီးအရွက်များ

●        ဘရိုကိုလီ၊ ဟင်းနုနွယ်၊ ပန်းမုန်လာ၊ ဆလပ်ရွက်၊ မုန်လာဥနီ၊ ငရုတ်သီးစိမ်း၊ ကန်ဇွန်းဥ

●        ရွှေဖရုံသီး

●        ကြက်ဥ/ဘဲဥ

●        ပဲအမျိုးမျိုး

●        သေချာကျိုချက်ထားသော နွားနို့

●        နေကြာစေ့လှော်၊ ဖရုံစေ့လှော်

 

>>    ရှောင်ရန်တွေကတော့ -

●        အေးတယ်ဆိုပြီး ဝိုင်/အရက် မသောက်ရပါဘူး။ ကလေးအတွက် အန္တရာယ် ရှိတတ်ပါတယ်။

●        ဆီ များလွန်း၊ ဆား လေးလွန်းတာတွေ မစားရပါ။

●        ကော်ဖီ၊ လက်ဖက်ရည် လျှော့သောက်ပါ။

●        ကြက်ဥ အစိမ်းသောက်တာ၊ အကင်၊ ဆာတေး၊ ဂျပန်ဆူရှီ

●        ဝက်အသားပြား

●        အသင့်စား ဝက်အူချောင်း၊ ကြက်အူချောင်း

●        ယိုးဒယား အကင်ချောင်းများ

          အစားတစ်လို်င်းလေး မှတ်ပြီးရင် ဆောင်းတွင်းမှာ မိခင်လောင်းတို့ ပုံမှန်လုပ်ပေးသင့်တဲ့ အရာလေးတွေကို ထပ်လိုက်နာကြည့်ရအောင်။

●        ရေများများသောက်ပါ၊ အေးတော့ ရေသောက် နည်းနေတတ်တယ်လေ။ တစ်ရက်ကို ရေ (၈) ဖန်ခွက်သောက်ပါ။ စွပ်ပြုတ်ရည်ကျဲကျဲ၊ အုန်းရည်တွေလည်း သောက်လို့ရပါတယ်။

●        တုပ်ကွေး ကာကွယ်ဆေး ထိုးပါ။ သိပ်အေးတဲ့ရက်တွေမှာ အပြင်ထွက် လမ်းမလျှောက်ပါနဲ့။ အအေးမိတာနဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ ဆောင်းမှာ အလွယ်တကူ ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပြီး မိခင်နဲ့ကလေးကို ထိခိုက်စေပါတယ်။

●        အစိုဓာတ်ထိန်း လိမ်းဆေးလိမ်းပါ။ အဆီများတဲ့ လိုးရှင်းလိမ်းပါ။ ခြောက်သွေ့တဲ့ အသားအရေကြောင့် ယားယံတာ၊ ပက်ကြားအက်၊ သွေးထွက်တာတွေ ဖြစ်တတ်လို့ပါ။

●        ယောဂလို အပျော့စားလေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။ ခြေထောက်လေးမြှင့်အိပ်ပါ။ အိမ်တွင်းမှာပဲ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း အပျော့စား တစ်ခုခုလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။

●        နေမကောင်းသူရှိတဲ့အခါ ဝေးဝေးနေပါ။ အိပ်ရေးဝဝအိပ်ပါ။ စိတ်အေးလက်အေး  အနားယူပါ။

●        ပေါ့ပါးချောင်ချိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ သိပ်ကြပ်တဲ့ အနွေးထည်ကြပ်ကြပ်တွေ မဝတ်ပါနဲ့။ အနွေးထည်တိုင်းဟာ ဝတ်ရတာ သက်သောင့်သက်သာရှိပြီး ပေါ့ပါးနေသင့်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)