/
node/6461

ဆောင်းတွင်းအအေးကြောင့် ခေါင်းပိုကိုက်နေပြီလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ရာသီဥတုပြောင်းလာတာ အပူအအေးတဖြည်းဖြည်းပြောင်းလာတာတွေကြောင့် ခန္ဓာကိုယ်သွေးကြောလေးတွေမှာရှိတဲ့ ဖိအားပြောင်းလဲလာပြီး ခေါင်းကိုက်လာတတ်သူများအတွက် အကြံကောင်းလေးတွေ မျှဝေမယ်နော်။

 

လေထုဖိအားကလည်း တစထက်တစပြောင်းလာတော့ ခေါင်းတခြမ်းကိုက်တာတွေ ထိပ်ကပ်နာကြောင့် ခေါင်းကိုက်တာတွေဖြစ်လာရပြီပေါ့။ နဂိုကိုက်နေကျသူလည်း အအေးဓာတ်ကြောင့်ခေါင်းတွေကိုက်သလို မကိုက်ဖူးတဲ့သူတွေလည်း အခုမှ စကိုက်တတ်လာကြတတ်လေ။

 

  • • ပထမဆုံးအနေနဲ့ ဆောင်းတွင်းကို အသားစွတ်ပြုတ်ပူပူလေးနဲ့ စတင်လိုက်ပါလို့။ အသားဓာတ်ဟာ ဆိုင်းနပ်စ်လို့ခေါ်တဲ့ အရိုးအခေါင်းပွတွေကို နွေးထွေးသွားစေပြီး ငရုတ်ကောင်းလေးခတ်လိုက်ရုံနဲ့ ပူပူရှိန်းရှိန်းလေးနဲ့ပွင့်သွားစေမှာအသေအချာပေါ့။

Bio Adult 1

  • • အသီးစားပါ။ အသီးလတ်လတ်ဆတ်ဆတ်တွေမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာအဆိပ်အတောက်တွေကင်းစေစေပြီး ခေါင်းတခြမ်းကိုက်ဝေဒနာတွေကို သက်သာသွားစေမှာပါ။အသီးစားဖို့မမေ့နဲ့နော်။

 

  • • ဆောင်းတွင်းဆို ဆီးလေးတွေပိုဝါလာတတ်တာသတိထားမိလား။ အအေးဓာတ်ကြောင့် ရေဆာလို့ဆာနေမှန်းသတိမထားမိဘဲ သိပ်မသောက်မိတော့ဘူးလေ။ ဦးနှောက်ဆိုတာ ရေဓာတ်အများကြီးနဲ့ဖွဲ့စည်းတည်ဆောက်ထားတာမို့ရေများများသောက်ပေးရင် ဦးနှောက်ကျန်းမာပြီး တော်ရုံခေါင်းမကိုက်တော့ဘူး။

 

  • • အအေးကတမျိုး အလုပ်ကတမျိုးနဲ့ စိတ်ညစ်ရတဲ့နေ့တွေများလာလေ ခေါငိးကိုက်က ပိုဆိုးလေပါပဲ။ ရာသီဥတုအေးအေးမှာ သိပ်တော့စိတ်ညစ်မခံပါနဲ့။ နားစရာရှိတာနားပစ်ပြီး စိတ်ရှိလက်ရှိ ခရီးထွက်ပြီး အေးအေးလူလူ နေပစ်ကြည့်ပါဦး။ ခရီးသွားရာသီရောက်ပြီလေ။

 

  • • ညတိုင်းအိပ်ရေးဝဝအိပ်ပါ။ အေးအေးနဲ့ စောင်ခြုံထဲမှာ ဖုန်းပွတ်ကွန်ပြူတာကြည့်မယ့်အစား အိပ်ရမယ့်အချိန်မှာအဝအိပ်ထားရင် ဦးနှောက်နဲ့အာရုံကြောတွေ အားကောင်းလာလို့ ခေါင်းကိုက်ခြင်းကို ကာကွယ်ထားနိုင်ပြီပေါ့။

 

  • • ဆေးတွေအလွယ်တကူမသောက်ပါနဲ့။ ကိုက်တိုင်းအလွယ်တကူဆေးကူတတ်သူဟာ ဆေးလွန်ကဲပြီး ခေါင်းတောင်ပိုကိုက်လာပါသေးသတဲ့။ ဆေးမသောက်ခင် လိုက်နာရမယ့်အချက်လေးတွေနဲ့ အရင် ကိုယ့်ကိုကိုယ်ပြုပြင်ပြောင်းလဲမကြည့်ချင်ဘူးလား။ အကိုက်ပျောက်ဆေးတွေက အစာအိမ်အတွက်လည်းမကောင်းဘူးလေ။

Bio Adult 2

စာအုပ်လေးတအုပ်မှာ ခေါင်းကိုက်တတ်တဲ့အချိန်လေးတွေကို မှတ်သားထားခြင်းဖြင့် အဲဒီအချိန်တွေဆို သတိထားနိုင်တာပေါ့။

 

• တလမှာခေါင်းကိုက်တတ်တဲ့ရက်တွေ

• ဘယ်လောက်ကြာကြာကိုက်တတ်တယ်

• ဘယ်လိုကိုက်တတ်တယ်

• ဘယ်လိုလေးနေလိုက်ရင်ပိုဆိုးတယ်

• ခေါင်းမကိုက်ခင်သောက်ထားတဲ့အအေး ဖျော်ရည်အစားအစာ

• ဒီနေ့ရေကောင်းကောင်းသောက်ရဲ့လား

• ရာသီဥတု အေးလား ပူလား အအေးပိုလာလား လေတိုက်နေလား

 

ဒါလေးတွေရေးမှတ်ထားရင် ကိုယ်ဘာစားရင်ကိုက်တတ်တယ် ဘာနဲ့မတည့်တယ် ရာသီပြောင်းရင် ဘယ်လိုလေးဆင်ခြင်ပြီး ဂရုစိုက်လိုက်ရင် ကာကွယ်နိုင်မယ်ဆိုတာလေးတွေအစီအစဉ်ချနိုင်တာပေါ့။ 

 

ကဲ...ဒိုင်ယာရီလေးထားပြီး အပေါ်အချက်လေးတွေရေးမှတ်သလို မိမိကိုယ်မိမိ လည်းဆောင်းတွင်းမှာ ဂရုတစိုက်နဲ့ ခေါင်းအပြင်းအထန်ကိုက်ခြင်းမှ ကာကွယ်ကြရအောင်နော်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

 

(Unicode)


 


 


 


 


 


 


 


 


 








 


 


 
