ဗိုက်ခွဲမွေးတဲ့ မေမေတို့အတွက် နလန်ထချိန် ပိုမြန်စေမယ့်နည်းလမ်းကောင်းများ
၁။ ထပြီးလမ်းလျောက်ပါ။
မွေးပြီးပြီးချင်းလမ်းထလျောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် စောစောစီးစီးလမ်းလျောက်ခြင်းဟာ အမြန်ဆုံးသက်သာစေနိုင်တယ်။ ၁၂နာရီအတွင်းစောစောလမ်းလျောက်၊ စားသောက်တာဟာ အစာခြေစနစ်ကိုလည်း မြန်မြန်ပြန်ကောင်းစေပါတယ်။
၂။ သက်သာအောင်နေပါ။
အရေးကြီးဆုံးက အနာသက်သာဖို့ပဲ။ နာနေရင် မလှုပ်ချင်မရှားချင် ဖြစ်နေတတ်တယ်။ အနာသက်သာနေရင်တော့ စောစောစီးစိိးထနိုင်လှုပ်နိုင်ပါလိမ့်မယ်။ ဆေးရုံဆင်းတဲ့အခါမှာလည်း နည်းနည်းနာတာအတွက် ဆရာ၀န်ရဲ့ညွှန်ကြားချက်အတိုင်း အကိုက်အခဲပျောက်ဆေး သောက်လို့ရပါတယ်။ ပြီးတော့ ကလေးမွေးပြီးပြီးချင်းမှာ မိန်းမကိုယ်ကနေ သွေးတွေဆင်းနေတတ်တယ်။ ပိုးတွေမဝင်အောင် သန့်ရှငး်တဲ့လစဉ်သုံးတွေခံပေးဖို့လိုမယ်နော်။
၃။ ဖြည်းဖြည်းချင်းစားပေးသောက်ပေးပါ။
ဖြည်းဖြည်းချင်းစီစားပေးသောက်ပေးဖို့လည်း အရေးကြီးတယ်နော်။ ဗိုက်ဆာ၊ ရေဆာတာနဲ့ စားသောက်လို့ရတယ်။ ဒီလိုစားသောက်ပေးတာကလည်း အစာခြေစနစ်ကို အမြန်ဆုံးနာလန်ပြန်ထစေတယ်။
၄။ ကလေးထိန်းဖို့အကူအညီယူပါ။
ကလေးမွေးပြီးအမျိုးသမီးတိုင်းဟာ အကူအညီအထောက်အပံ့လိုအပ်တယ်။ ကလေးနို့တိုက်ချိန်ကြားထဲကောင်းကောင်းအနားယူပေးဖို့ လိုတယ်။
၅။ ချုပ်ရိုးကိုသန့်နေအောင်ထားရမယ်။
နေ့တိုင်းချုပ်ရိုးကိုသေချာဆေးကြောပြီး ခြောက်သွေ့အောင်ထားပေးပါ။ အကျႌပွပွ၊ ချည်သားအတွင်း ခံကို ဝတ်ပေးပါ။
၆။ အိမ်ပြန်ရောက်တာနဲ့ ဖြည်းဖြည်းချင်း လုပ်လု့ိရတာလေးတွေ လုပ်ပေးပါ။
ခွဲမွေးပြီးရင် ဆေးရုံမှာ၃ ရက်ကနေ ၇ ရက်လောက် နေရတတ်တယ်။ ဆေးရုံဆင်းတာနဲ့ လှုပ်လှုပ်ရှားရှားနေဖို့လိုတယ်။
နေ့တိုင်းလမ်းလျောက်တာလိုမျိုး ပေါ့ပေါ့ပါပါးလှုပ်ရှားမှုမျိုး လုပ်ဖို့လိုတယ်။ ဒါပေမယ့် အလွန်အကျွံတော့ မလုပ်မိစေနဲ့ပေါ့။
ကလေးကိုချီပြီးမြှူတာ၊ ထိန်းတာမျိုးလုပ်နိင်ပေမယ့် ကားမောင်းတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကလေးထက်ပိုလေးတာမျိုးတွေမတာသယ်တာ၊ အမျိုးသားနဲ့အတူနေတာမျိုးတွေတော့ လုပ်လို့မရသေးဘူးနော်။
ကိုယ်ကိုယ်တိိုင်အဆင်သင့်ဖြစ်ပြီး သက်သောင့်သက်သာရှိတော့မှ ဖြည်းဖြည်းချင်းလုပ်ပေးပါ။ ၆ပတ်ကျော်ေလောက်မှ ရတာများပါတယ်။
၇။ တစ်ခုခုစိတ်ပူတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။
အရမ်းနာလာတာ၊ ဆီးထွက်ကျတာ၊ မိန်းမကိုယ်ကသွေးဆင်းများတာ၊ ချုပ်ရိုးရောင်နေတာတွေရှိရင် ဆရာဝန်နဲ့ချက်ချင်းပြပါ။
အကယ်၍ လှုပ်လှုပ်ရှားရှားလုပ်ဖု့ိ အဆင်သင့်မဖြစ်သေးဘူးဆိုရင်လည်း ၆ပတ်ကြာရက်ချိန်းမှာ ဆရာဝန်နဲ့ တိုင်ပင်လို့ရပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)






























