/
node/6581

ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရောဂါကိုကာကွယ်မယ်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

သနေ္ဓဆီးချိုရောဂါဟာ မိခင်ရောကလေးရောကို အန္တရာယ်ကောင်းကောင်းပေးနိုင်ပြီး အလေးထားဂရုပြုစစ်ဆေးသင့်တဲ့ အခြေအနေတရပ်ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိလာပြီး သားဖွားမီးယပ်ကိုပြသလိုက်တာနဲ့ ဆေးရုံဆေးခန်းသွားရင်းနဲ့ ဆရာဝန်ဆရာမတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ရှိတတ်တဲ့ သနေ္ဓ္ဓဆီးချိုရောဂါရှိမရှိသွေးဖောက်စစ်ပါတယ်။

သနေ္ဓ္ဓဆီးချိုရောဂါဖြစ်ပွားလာတဲ့ အမျိုးသမီးတွေဟာ နောင်ဆယ်နှစ်အတွင်းမှာ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ဖို့ ရာနှုန်းများပါတယ်။

မိခင်လောင်းလေးတွေဟာ တိကျသေချာ တဲ့ အကြံပြုချက်တွေနဲ့ စနစ်တကျ လိုက်နာဆောင်ရွက်ပြီး သနေ္ဓ္ဓဆီးချိုရောဂါကိုကောင်းကောင်းတားနိုင်ပါတယ်နော်၊

 

• ပထမဆုံးအကြံညဏ်ရယူပါ။

• ဘာစားရမလဲ ဘာရှောင်ရမလဲမေးမြန်းဆွေးနွေးပါ။

• ကစီဓာတ်ရှောင်ပြီး အဆီအအိမ့်လျှော့ အသီးအရွက်လတ်တာစားတဲ့ အစီအစဉ် ကို ဆရာမလေး ဆရာဝန်တွေက သင်ပြပေးပါမယ်။

• ဝိတ်ချိန်ပါ။

• တပတ်ကို မိနစ်၁၅၀ ခန့်ကိုယ်လက်လှုပ်ရှားမှုလုပ်ရမယ်နော်။

• လမ်းလျှောက်တာ လက်လေးတွေဆန့်တန်းလေ့ကျင့်ခန်းလုပ်တာ ပေါ့ပေါ့ပါးပါး လေးတွေရွေးချယ်လုပ်ရမယ်။

• ဆီးချိုကို ညွှန်ကြားရက်အတိုင်း မပျက်မကွက်စစ်ပါ၊

• တီဗီဓာတ်မှန် နဲ့ကလေးလေးကို အစဉ်စစ်ဆေးပါ။ 

• စိတ်ဖိစီးမှုနဲ့သောကတွေကိုလျှော့ချပြီး တတ်နိုင်သလောက် အနားယူစေချင်ပါတယ်။

မေမေအလောင်းအလျာလေးကိုယ်တိုင်က တက်ကြွစွာ စားသောက်နေမှုပြုပြင်မှ သနေ္ဓ္ဓဆီးချိကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ အဝလွနိနေတဲ့ကိုယ်ဝန်ဆောင်မမလေးတွေ အနေနဲ့ ဆရာဝန်ဆရာမပြောသမျှကို တိတိကျကျ လိုက်နာပြီး သေးငယ်တဲ့ အပြောင်းအလဲလေးတွေကနေ အစားအစာနဲ့ လေ့ကျင့်ခန်းကို အားထားလို့ မိမိရော သနေ္ဓ္ဓသားလေးပါ အန္တရာယ်ကင်းစေဖို့ ကြိုးစားကြည့်ကြရအောင်နော်။

ကြိုးစားကြည့်တဲ့အချိန်က စောနိုင်သမျှ စောသင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ ကိုယ်ဝန်စဆောင်ပြီး ငါးလအတွင်းမှာ အစားရှောင် ဝိတ်ချလိုက်တာဟာ အလွန်ထိရောက်ပါသတဲ့။ ဒါပေမယ့် အစားရှောင်ရင်း လိုအပ်တဲ့အာဟာရမပြညိ့ဝတာတွေ ဖြစ်မှာစိုးလို့ တတ်ကျွမ်းသူ ဆရာဝန် ဆရာမအကူအညီနဲ့သာ နည်းလမ်းတကျ ချဉ်းကပ်ကုသခြင်းဖြင့် သနေ္ဓ္ဓဆီးချိုကို တားဆီးကြရအောင်။

 

ဂျီပီငှက် (ဆေး/မန်း)(www.drmyanmar.com)

(Unicode)




 










 



 
