/
node/6586

နှလုံးကျန်းမာဖို့ တစ်ပတ်ကိုနှစ်ကြိမ်ခန့် ငါးစားသုံးကြရအောင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နှလုံးကျန်းမာဖို့အတွက် ငါးစားခြင်းဟာ ထိပ်ဆုံးကနေ ကာကွယ်ရေးအနေနဲ့ ရှိနေပါတယ်။ ငါးမှာပါဝင်တဲ့ အိုမီဂါ 3 အာဟာရဓာတ်ကြောင့်ပါ။ နှလုံးရောဂါမဖြစ်ချင်သူများ ဒါလေးဖတ်ထားနော်။

တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ်ခန့် ငါးစားပေးခြင်းဖြင့် နှလုံးထိခိုက်မှုကို သိသိသာသာနည်းစေပါသတဲ့၊ အိုမီဂါ 3 ဖက်တီးအက်စစ်တွေပါဝင်တဲ့ ငါးကိုတပတ်ကို နှစ်ကြိမ်ခန့် စားသုံးခြင်းဖြင့် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို လျှော့ချစေပါတယ်။ 

ငါးမှာပါဝင်တဲ့ အဆီဓာတ်ဟာတခြားအသားတွေမှာ ပါဝင်တဲ့အဆီနဲ့မတူတဲ့ ကျန်းမာတဲ့အဆီဓာတ်ပါ။

• ကိုလက်စထရောလျော့ကျစေပါတယ်။ 

• သွေးတိုးထိန်းချုပ်နိုင်တယ်

• ရောင်ရမ်းခြင်းတွေကျစေတယ်

• နှလုံးခုန်နှုန်းမှန်ကန်စေပါတယ်။ 

• သွေးခဲနှုန်းကျစေတယ်။

Maxx Omega 3 1

ဘယ်လိုငါးစားသင့်သလဲ..အဆီများတဲ့ငါးစားပါ။

• ဆာဒင်းငါး

• ငါးမြင်း ငါးတန်

• ဆော်လမွန်ငါး

• တူနာငါးတွေစားသင့်ပါတယ်။ 

နောက်တခုအရေးကြီးတာက ငါးကိုကင်စားပြုတ်စားတာက ကြော်စားတာထက်ပိုပြီး ကျန်းမာရေးနဲ့ညီညွတ်ပါသတဲ့။ ငါးနှစ်တုံးခန့်ကို တပတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်စားသင့်ပါတယ်နော်။ 

ပြဿနာတခုက ငါးအများစုမှာပါဝင်တဲ့ မာကျူရီပမာဏပါ။

ငါးအများစုမှာပါဝင်တဲ့ အဆိပ်ဓာတ်တွေကတော့ ဒိုင်ဆောက်ဆင် ပီစီဘီနဲ့ မာကျူရီဓာတ် တွေဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ လေထုရေထုညစ်ညမ်းမှုတွေကြောင့် ငါးတွေပါ အဆိပ်သင့်လာတာဖြစ်ပါတယ်။ ငါးကြီးတွေထက် ငါးလတ်ငါးသေးတွေမှာ အဆိပ်ဓာတ်ပါဝင်မှု နည်းပါးပါတယ်။ 

ငါးမှာပါဝင်တဲ့ မာကျူရီအဆိပ်ဓာတ်ဟာ ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေရဲ့အာရုံကြောနဲ့ ဦးနှောက်ကိုထိခိုက်စေပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်လေး တွေနဲ့ ရင်သွေးငယ်တွေမှာ ငါးအများကြီးမစားသင့်ပါဘူး။

ငါးတင်မက တခြားအစားအစားတွေမှာလည်း အိုမီဂါ 3 ပါဝင်နေတယ်နော်။ ဒါပေမယ့် ငါးကရတဲ့ အိုမီဂါ 3 အဆီဓာတ်ကသာ အကောင်းဆုံးပါနော်။ အမြဲတမ်းနေ့စဉ်ဆိုတာထက် တစ်ပတ်ကိုနှစ်ကြိမ်ခန် ငါးစားပေးရင်လုံလောက်ပါပြီ။ တကယ်လို့ ငါးမစားချင်ဘူးဆိုရင်လည်း နေ့စဉ် အိုမီဂါ 3 ပါ၀င်တဲ့ ဖြည့်စွက်ဆေးဝါးတွေကို မှီ၀ဲသွားလို့လဲရပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း)(www.drmyanmar.com)

Maxx Omega 3 2

(Unicode)









 










