/
node/6676

ကလေးမွေးတော့မယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

က​လေး​မွေး​တော့မယ်​ဆိုတဲ့ လက္ခဏာရပ်​​တွေက​တော့...

 

​မွေးမယ်​့ရက်​နီးကပ်​လာသူ​တွေပဲဖြစ်​ဖြစ်​၊ ​မွေးရက်​​ကျော်​​နေသူ​တွေပဲဖြစ်​ဖြစ်​ က​လေး​မွေးချင်​လာရင်​ ဘယ်​လို​တွေဖြစ်​လာမယ်​ဆိုတာကို သိချင်​​နေကြမှာ​ပေါ့​နော်​။ ကိုယ်​ဝန်​​ဆောင်​​တွေကိုယ်​နှိုက်​က တစ်​ဦးနဲတစ်​ဦးမတူညီသလို က​လေး​မွေးပုံက​လည်​း တစ်​​ယောက်​နဲ့တစ်​​ယောက်​ မတူညီနိုင်​ဘူး။

 

က​လေး​မွေးချင်​လာပြီဆိုရင်​

 

1. က​လေး​ခေါင်​းစိုက်​ခြင်​း

 

အမျိုးသမီး​တွေ က​လေး​ခေါင်​းစိုက်​တဲ့အ​ကြောငး်​ ​ပြော​ပြော​နေကြတာ ကြားဖူးကြမှာ​ပေါ့။ က​လေး​မွေးခါနီးအချိန်​မှာ က​လေး​လေးဟာ တင်​ပါးဆုံ​အောက်​ပိုင်​းကို ​ရွေ့လာတတ်​တယ်​။ ဒါကို က​လေး​ခေါင်​းစိုက်​တယ်​လို့ ​ခေါ်တယ်​။

 

ဒီလိုက​လေး​ခေါင်​းစိုက်​လာတဲ့အခါ ဆီးအိမ်​နဲ့ သားအိမ်​​ခေါင်​း​ပေါ် လာဖိတာ​ကြောင်​့ ခဏခဏဆီးသွားချင်​လာလိမ်​့မယ်​။

 

2. သားအိမ်​​ခေါင်​းပွင်​့ပြီး​ပျော့လာခြင်​း

 

သားအိမ်​​ခေါင်​းကို စစ်​​ဆေးခြင်​းဖြင်​့ အ​ခြေအ​နေဘယ်​လိုရှိသလဲဆိုတာကို ဆရာဝန်​က သိနိုင်​တယ်​။ ကိုယ်​ဝန်​​နောက်​ပိုင်​းကာလ​တွေ​ရောက်​မှ စမ်​းသပ်​တာများပါတယ်​။ ဒီအချိန်​မျိုးမှာ သားအိမ်​​ခေါင်​းပွင်​့ဟကျယ်​လာပြီး ပါးလာ၊ ဆန်​့လာတာ​ပေါ့။

 

တစ်​ချို့အမျိုးသမီး​တွေဆိုရင်​ သားအိမ်​​ခေါင်​းစင်​တီမီတာအနည်​းငယ်​​လောက်​ ပွင်​့ဟလာ​ပေမယ်​့ က​လေးမ​မွေး​ချင်​​သေးဘဲ ​အေး​အေး​ဆေး​ဆေးသွားလာလှုပ်​ရှားနိုင်​​သေးတယ်​။ ဘယ်​လိုပဲဖြစ်​ဖြစ်​​ပေါ့။ သားအိမ်​​ခေါင်​းပွင်​့ဟလာပြီဆိုရင်​ ​မွေးခါနီးလာပြီလို့ ​ပြောလု့ိရတယ်​။

3. အဖြူ အဆင်​းများခြင်​း

 

၃၇ပတ်​နဲ့ အပတ်​၄၀ကြားမှာ သားအိမ်​​ခေါင်​းချွဲ​လေး​တွေ ဆင်​းဆင်​းလာတာကို​တွေ့နိုင်​တယ်​။ ​ဒီအချွဲ​တွေက ဘတ်​တီးရီးယားပိုးမွား​တွေ က​လေးဆီမဝင်​ရ​လေ​အောင်​ ကာကွယ်​​ပေးထားပါတယ်။

 

သားအိမ​်​​ခေါင်​းကျယ်​လာပြီး ပွင်​့ဟလာချိန်​မှာ ဆင်​းလာတာများတယ်​။ ချွဲ​တွေအပြင်​ ​သွေး​စစ​တွေလည်​း ဆင်​းလာတတ်​တယ်​။ မကြာခင်​​မွေ​း​တော့မယ်​ဆိုတာ သိနိုင်​​ပေမယ်​့ က​လေး​မွေးဖို့ ရက်​သတ္တပတ်​နည်​းနည်​း ​စောင်​့ရတတ်​တယ်​။

 

4. သားအိမ်​ညှစ်​ခြင်​း

 

သားအိမ်​ညှစ်​အားလည်​း ပိုများပြီး ပိုပြင်​းလာတတ်​တယ်​။ ဒီလိုက​လေးမ​မွေးခင်​ သားအိမ်​ညှစ်​တာကို ​ဆေးပညာအသုံးအရ Braxton -Hicks contractionsလို့​ခေါ်ပြီး က​လေးမ​မွေးခင်​ အစမ်​းညှစ်​ကြည့်​တာလို့ ​ပြောနိုင်​တယ်​။ နာလည်​းမနာ၊ ပုံလည်​းမမှန်​ဘူး။

 

တကယ်​လို့ သားအိမ်​​ညှစ်​တာ ပိုပြင်​း၊ ပိုနာလာပြီး ​ထမင်​းစား၊ ​ရေ​သောက်​၊ လှဲအိပ်​​လိုက်​ရုံနဲ့ မ​ပျောက်​​တော့ဘူးဆိုရင်​ တကယ်​​မွေးချင်​လို့ ညှစ်​တာဖြစ်​နိုင်​တယ်​။ တစ်​ခါတစ်​ခါနာတဲ့အကြိမ်​​ရေကြား အချိန်​ကိုမှတ်​ထားပါ။ တစ်​ခါနဲ့တစ်​ခါနာတာ ၃မိနစ်​က​နေ ၅မိနစ်​​လောက်​ထိပဲ ခြား​တော့တယ်​ဆိုရင်​ ဆရာဝန်​ကိ​ု​ပြောပါ​တော့။

 

5. ​ရေမြွာ​ရည်​​ပေါက်​ခြင်​း

 

​ရေမြွာရည်​​ပေါက်​ပြီး က​လေးချက်​ချင်​း​မွေး​တော့မှာလားလို့ မလန်​့ကြနဲ့ဦး​နော်​။ ၈-၁၀%​သော အမျိုးသမီး​တွေမှာသာ တကယ်​က​လေးမ​မွေးချင်​​သေးဘဲ ​ရေမြွာရည်​​ပေါက်​တတ်​တယ်​။

 

​ရေမြွာရည်​​တွေ​ဝေါခနဲဆင်​းလာတာပဲဖြစ်​ဖြစ်​၊ ​တစ်​​တောက်​​တောက်​​လောက်​ဆင်​း​နေတာပဲဖြစ်​ဖြစ်​ တစ်​ခြားလက္ခဏာ​တွေကို လိုက်​ရှာကြည့်​ပါ။ ​မွေးခါနီးအချိန်​ဖြစ်​နိုင်​တယ်​။ တကယ်​လို့ လပြည့်​​နေပြီဆိုရင်​ ၂၄နာရီအတွင်​း က​လေး​မွေးပါလိမ်​့မယ်​။

ကိုယ်​့ခန္ဓာကိုယ်​ကိုနား​ထောင်​ပါ။

 

အမျိုးသမီးတစ်​​ယောက်​နဲ့တစ်​​ယောက်​ က​လေး​မွေးပုံ​မွေးနည်​း၊ ဆိုးပုံဆိုးနည်​း မတူတတ်​ကြဘူး။ က​လေး​မွေးခါနီးကိုယ်​့ခန္ဓာကိုယ်​အ​ပြောင်​းအလဲ​တွေကို လိုက်​ကြည့်​ပြီး တစ်​ခုခုအသစ်​အဆန်​းဖြစ်​လာတယ်​၊ ပုံမမှန်​ဖြစ်​လာတယ်​ဆိုရင်​ သတိထားပါ။

 

အ​ပေါ်မှာ​ပြောခဲ့တဲ့လက္ခဏာအ​တော်​များများရှိလာ​ပေမယ်​့ က​လေး​မွေးဖို့ အချိန်​နည်​းနည်​းကြာနိုင်​​သေးတာမျိုးလည်​း ရှိနိုင်​တယ်​။ ​ရေမြွာရည်​​ပေါက်​သွားပြီဆိုရင်​​တော့ နာရီပိုငး်​အတွင်​းမှာ ​မွေးရပါမယ်​။

 

မ​သေမ​ချောမ​ရေမရာဖြစ်​​နေတယ်​လို့ ထင်​​ရ​ပေမယ်​့ တကယ်​က​လေး​မွေး​တော့မယ်​ဆိုရင်​ သားဦးမိခင်​​တွေမှာ ၁၂နာရီက​နေ ၂၄နာရီ​လောက်​အထိ ကြာနိုင်​တယ်​။ ​မွေးခါနီး​မေ​မေ​တွေအားလုံးလည်​း အ​ဆင်​​ပြေ​ပြေ​ချော​ချော​မွေ့​မွေ့​​မွေးဖွားနိုင်​ပါ​စေလို့ ဆု​တောင်​း​ပေးလိုက်​ပါတယ်​​နော်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)

ကလေးမှေးတော့မယျဆိုတဲ့ လက်ခဏာရပျတှကေတော့...

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

ကိုယ့ျခန်ဓာကိုယျကိုနားထောငျပါ။

 


 


 


 

Dr. Mya Phoo Ngon (www.drmyanmar.com)