/
node/7831

သွေးဆုံးချိန်မှာ အိပ်ရေးပျက်ခြင်းတွေကြောင့် အသက်အရွယ်ကြီးရင့်မှုကိုမြန်စေ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

တစ်ညလုံးအိပ်မပျော်ဘဲ အိပ်ရာပေါ်မှာ တလူးလူးတလွန့်လွန့်ဖြစ်နေရင် နောက်နေ့မှာတော့ ဘယ်လိုမှ ကြည်လင်လန်းဆန်းမှုမရှိနိုင်ပါဘူး။ ဒီလိုမျိုးအိပ်ရေးပျက်တဲ့ညတွေများလာပြီဆိုရင် ကျန်းမာရေးထိခိုက်လာနို်ငပါတယ်။

မကြာသေးခင်က အိပ်စက်ခြင်းနဲ့ သွေးဆုံးခါနီးအမျိုးသမီးတစ်ယောက်ရဲ့ ဗီဇတွေကြီးရင့်မှုအပေါ်သက်ရောက်မှုကို လေ့လာမှု လုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုမှာ အိပ်မပျော်တဲ့လက္ခဏာ ၅ ချက်ရှိတဲ့ သွေးဆုံးပြီးအမျိုးသမီးတွေက ဒီလက္ခဏာတွေမရှိတဲ့အမျိုးသမီးတွေထက် ဇီဝအသက် ၂ နှစ်လောက်ပိုကြီးတာကိုတွေ့ရပါတယ်။ ညဘက်အိပ်နေတုန်းနိုးလာတာ၊ ပြန်အိပ်မပျော်တော့တာ၊ အိပ်ရေးပျက်တာစတဲ့လက္ခဏာတွေခံစားရတာပိုများလေ သက်ရောက်မှုလည်းပိုကြီးလေဖြစ်ပါတယ်။ တစ်ညက်ို ၆ နာရီပဲအိပ်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်ဆိုရင် ဘာမှမဖြစ်ပါဘူး။

ဒါကိုဘယ်လိုဖြေရှင်းကြမလဲဆိုရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ပါပဲ၊ သွေးဆုံးပြီးတော့ အိပ်စက်ဖို့ရာမှာလည်းပြသနာတွေရှိနေတယ်ဆိုရင် အထောက်အကူဖြစ်စေမယ့် နည်းလမ်း ၄ ခုကို ပြောပြချင်ပါတယ်။

1.အိပ်ချိန်ပုံမှန်သတ်မှတ်ထားပါ။ ကျွနု်ပ်တို့ရဲ့ဦးနှောက်က ပုံသေလုပ်ရတာကိုကြိုက်ပါတယ်။ ဒါကြောင့် ညတိုင်း ၁၁ နာရီိမှာအိပ်ရာဝင်မယ်ဆိုရင် ဒီအချိန်ကိုပုံသေသတ်မှတ်ပြီးတော့ အမှောင်ချပြီးအိပ်ပါ။

2.လျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ computer၊ ဖုန်း၊ တီဗွီ စတာတွေကိုပိတ်ထားပါ။ ဒါတွေအားလုံးက အိပ်စက်ခြင်းရဲ့ရန်သူတွေပါ။ မျက်လုံးထဲမှာ အလင်းလေးနည်းနည်းလေးရရင်တောင်မှ ဦးနှောက်ကို အိပ်ရာထချိန်ဆိုပြီး အရူးဖြစ်စေပါတယ်။ ဒါကြောင့် ညတိုင်းအိပ်ရာမဝင်ခင် အနည်းဆုံး ၁ နာရီလောက်အလိုမှာ ဒါတွေအားလုံးပိတ်ပါ။ ပြီးတော့ အိပ်မပျော်ရင် ထမကြည့်မိအောင်လို့ ဖုန်းအားသွင်းတာကိုတောင်မှ တစ်ခြားအခန်းမှာသွင်းထားပါ။

3.အစားစောစောစားပါ။ အသင့်အတင့်ပဲစားပါ။ အိပ်ချိန်နီးမှ အများကြီးစားတာကလည်း အိပ်ပျော်ဖို့အနှောင့်အယှက်ဖြစ်စေပါတယ်။

4.အိပ်ရာထဲမှာ လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ကိုပြေလျော့စေမယ့် ဝမ်းဗိုက်နဲ့အသက်ရှူတဲ့လေ့ကျင့်ခန်းလိုမျိုးတွေကို အိပ်ရာထဲမှာလုပ်ပေးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)





 


 


 


Dr. Mya Myo Myo Swe (www.drmyanmar.com)