မွေးဖွားစဉ် ကလေးပုခုံးတစ်နေခြင်း
မွေးဖွားနေစဉ် ကလေးခေါင်းလေးထွက်လာပြီးတော့ ပုခုံးတွေဆက်ထွက်မလာဘဲ မိခင်ထဲမှာပဲကျန်နေတဲ့ အခြေအနေကို ပြောတာပါ။ ဒါကဖြစ်ခဲပြီးတော့ သားဦးကိုယ်ဝန်တွေမှာအဖြစ်များပါတယ်။
ဒီတစ်နေတဲ့ပုခုံးကိုထွက်လာစေဖို့အတွက် နည်းလမ်းမျိုးစုံသုံးဖို့လိုနိုင်ပါတယ်။ ဒါတွေကတော့
• အမေရဲ့ပုံစံကိုပြောင်းပေးခြင်း
• ကလေးပုခုံးကိုလက်နဲ့ဆွဲလှည့်ပေးခြင်း၊ မွေးလမ်းကြောင်းကျယ်စေဖို့အတွက် မွေးလမ်းကြောင်းဝကို ကတ်ကြေးနဲ့ညှပ်ပြီးချဲ့ပေးဖို့လိုပါတယ်။
ဒီပြဿနာက ဖြေရှင်းလို့ရပေမယ့်လည်း ကလေးနှလုံးခုန်နှုန်းပုံမမှန်ဘူးဆိုရင်တော့ တခြားပြဿနာတွေပါဖြစ်လာနိုင်ပါတယ်။
တခြားပြဿနာတွေပါဖြစ်လာနိုင်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ပြဿနာတွေကတော့
• ကလေးရဲ့ ပုခုံး၊ လက်မောင်းနဲ့လက်တွေကိုသွားတဲ့ အာရုံကြောထုံးဒဏ်ရာရခြင်း (ဒါပေမယ့်လည်းဒါက အချိန်ကြာလာရင်ပြန်ကောင်းနိုင်ပါတယ်။)
• ပေါင်ရိုးကျိုးခြငး် - ဒါကလည်း ပြန်ပြီးကောင်းနိုင်ပါတယ်။
• ဦးနှောက်ကို အောက်ဆီဂျင်ရောက်တာနည်းပြီးတော့ ထိခိုက်ဒဏ်ရာရခြင်း - ဒါကတော့ဖြစ်ခဲသလို အသက်အန္တရာယ်လည်းစိုးရိမ်ရပါတယ်။ အခန့်မသင့်ရင် ဦးနှောက်ကိုပါထိခိုက်သွားနိုင်ပါတယ်။
မိခင်မှာဆိုရင်တော့ သားအိမ်၊ မွေးလမ်းကြောင်း၊ သားအိမ်ခေါင်းနဲ့ စအိုပြဲခြင်း၊ မွေးပြီးသွေးသွန်များခြင်းစတဲ့ ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)






























