/
node/7870

ချောင်းဆိုးရင်းအန်တတ်တဲ့ဘေဘီလေးတွေရဲ့ မေမေတို့ဖတ်ဖို့

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးတွေ ချောင်းဆိုးရင်းအန်ချလိုက်တာက စိုးရိမ်စရာလား။ ရင်သွေးလေး အဆက်မပြတ်ချောင်းဆိုးရင်း ထိန်းမနိုင်သိမ်းမရအန်တာကို မြင်ရတဲ့မေမေတို့အတွက်ကတော့ အတော့်ကိုစိတ်မချမ်းသာစရာပါပဲ။ အဲလိုဖြစ်တာက အလွန်အကျွံစိုးရိမ်စရာလား။ အဲလောက်တော့မပာုတ်သေးပါဘူးတဲ့။

ရင်သွေးလေးတွေမှာ ခန္ဓာကိုယ်က အလိုအလျောက်တုံ့ပြန်တဲ့ လည်ချောင်းကြွက်သားတုံ့ပြန်စနစ် အလွန်အားကောင်းပါတယ်။  ရင်သွေးလေးတွေကို သူတို့မကြိုက်တဲ့အစာတခုခုကျေွးကြည့်ပါ။ သူတို့က ချက်ချင်းထွေးထုတ်သလို အဆက်မပြတ်စတင်ချောင်းဆိုးတဲ့နည်းနဲ့ တုံ့ပြန်ပါလိမ့်မယ်။ ချောင်းဆိုးသိပ်ကြမ်းရင် တပါတည်း အန်ချလိုက်တော့မှာ မုချပါပဲ။

နောက်ပြီး သိပ်ငယ်တဲ့ ကလေးတွေပာာ သလိပ်တွေကို ပာပ်ထုတ်ထွေးထုတ်နိုင်စွမ်း မရှိပါဘူး။ နည်းနည်းကြီးတဲ့ကလေးတွေကတော့ သလိပ်ထွေးတတ်ကြပေမယ့် အငယ်လေးတွေမှာ ဘယ်လိုလုပ်ကြမှာလဲ။ သူတို့မှာ ချောင်းဆိုးရင်း တပါတည်းအန်ချလိုက်တာကလွဲလို့ တခြားနည်းမရှိပါဘူး။ ဒီနည်းပာာ သလိပ်တွေ အကျိအချွဲတွေထုတ်ဖို့ သဘာ၀ကဖန်တီးလိုက်တဲ့ အကောင်းဆုံးနည်းဖြစ်ပါတယ်။

Solmux Kids 1

>> ချောင်းဆိုးရင်းအန်တတ်တဲ့ကလေးတွေ ဘယ်လိုအချိန်တွေမှာစိုးရိမ်ရသလဲ ??

♦ အဆုတ်ရောင်နမိုးနီးယားရောဂါပာာ ပြင်းထန်ပြီး အဖျားကြီးမယ် နုံးခွေပျော့ခွေမယ် ချောင်းဆိုးရင်း အဆက်မပြတ်အန်တာတွေဖြစ်နိုင်ပါတယ်။ ဖျားနေတဲ့ကလေးတွေကို မပေါ့ပါနဲ့နော်။

♦ ချောင်းဆိုးရင်း အန်လာခဲ့ရင် သူတို့လေးကို အသက်ရှုူခက်သလား မောနေသလား နေရခက်သလား သေသေချာချာစောင့်ကြည့်ပါ။  တကယ်လို့ အသက်ရှုူခက်တဲ့ အခြေအနေဖြစ်ခဲ့ရင်တော့ ချက်ချင်းဆေးရူံပြေးဖို့လိုပါပြီ။ အဆုတ်ထဲမှာ အစာတွေရောက်ရှိပိတ်ဆို့နေနိုင်ပါတယ်။

♦ တကယ်လို့ ချောင်းဆိုးတိုင်းအန်တာ တနေကုန်ဖြစ်နေပြီး မရပ်မနားဆိုရင်တော့ ကလေးကိုကလေးအထူးကုဆရာ၀န်ဆီခေါ်ဆောင်သွားရပါမယ်မေမေတို့ရေ။

♦ ကလေးက တကြိမ်နှစ်ကြိမ်ခန့် အန်မယ် ချောင်းဆိုးရုံလောက်ဆိုရင်တော့ သိပ်စိတ်မပူပါနဲ့။ ကလေးလေးကို မတ်မတ်လေးထားပါ။ ပါးစပ်နဲ့နှာခေါင်းကို အ၀တ်နုနုလေး ရေဆွတ်ပွတ်တိုက်ပြီး သန့်ရှင်းပေးပါ။

♦ ကလေးက ပန်းနာရင်ကြပ်ရှိနေမယ်ဆိုရင်တော့ အအန်ရပ်သွားပြီးရင် သန့်ရှင်းရေးလုပ် အ၀တ်လဲပြီးတာနဲ့ အာဖြန်းဆေးရှူဆေးချက်ချင်းရှူုခိုင်းလို့ရပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Solmux Kids 2

(Unicode)









