ကိုယ်ဝန်ဆောင်ချိန်မှာ တင်ပါးဆုံအရိုးကွင်းနာတာကိုခံစားနေရရင် ဘယ်လိုရင်ဆိုင်ဖြတ်ကျော်ကြမလဲ
• အနာခံနိုင်တဲ့အတွင်းမှာ လှုပ်လှုပ်ရှားရှားနေပါ။ နာကျင်မှုကိုပိုဆိုးစေမယ့် ပြင်းထန်သော လှုပ်ရှားမှုတွေကိုရှောင်ပါ။
• နားလို့ရတဲ့အချိန်မှာနားပါ။
• ကိုယ့်ရဲ့အမျိုးသား၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို အိမ်အလုပ်တွေကူလုပ်ပေးဖို့ အကူအညီတောင်းပါ။
• အောက်ခံအသားပျော့တဲ့ဖိနပ်အပါးတွေစီးပါ။
• အဝတ်ဝတ်တဲ့အခါမှာလိုအပ်ရင်ထိုင်ပြီးဝတ်ပါ။ (ဉပမာ- ဘောင်းဘီဝတ်တဲ့အခါမှာခြေတစ်ဖက်တည်းထောက်ပြီးဝတ်တာမျိုးမလုပ်ပါနဲ့။)
• ကားထဲဝင်တဲ့အခါ ထွက်တဲ့အခါတွေမှာ ဒူးနှစ်ဖက်ကို ကပ်ပြီးတော့ထွက်ပါ။
• သက်တောင့်သက်သာအနေအထားနဲ့အိပ်ပါ (ဉပမာ- ဘေးစောင်းပြီးတော့ ဒူးနှစ်ဖက်ကြားမှာ ဖက်လုံးညှပ်အိပ်ပါ၊)
• အိပ်ရာထဲမှာဟိုဘက်ဒီဘက်လှည့်ရင် ဘယ်လိုလှည့်ရင်မနာလည်းဆိုတာကို လုပ်ကြည့်ပါ။
• တစ်ကြိမ်ကိုလှေကားတစ်ထစ်ပဲတက်ပါ။
• ရေခဲအိတ်ကပ်ပေးပါ။ တစ်ခါကပ်ရင် ၁၀-၁၅ မိနစ်လောက်နဲ့ အကြိမ်ကြိမ်ကပ်ပေးပါ။
• အမျိုးသားနဲ့အတူနေတဲ့အခါမှာလည်း ပုံစံအမျိုးမျိုးပြောင်းကြည့်ပါ။
အောက်ပါအချက်တွေကိုလည်းရှောင်ရှားသင့်ပါတယ်။
• ခြေထောက်တစ်ဖက်တည်းပေါ်မှာမတ်တပ်ရပ်ခြင်း
• ကလေးကို ကုန်းပြီး (သို့) လိန်ပြီးတော့ချီခြင်း
• ခြေချိတ်ထိုင်ခြင်း၊ ရပ်ခြင်း
• ကြမ်းပြင်ပေါ်မှာထိုင်ခြင်း၊ ခန္ဓာကိုယ်လိန်ပြီးထိုင်ခြင်း
• အချိန်အကြာကြီးထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း
• ဈေးဝယ်အိတ်၊ ရေစိုဝတ်၊ ကလေးငယ် စတဲ့ လေးလံတဲ့အရာတွေကို မခြင်း
• ဖုန်စုပ်စက်နဲ့ဖုန်စုပ်ခြင်း
• လေးတဲ့အရာတွေကိုတွန်းခြင်း
• ပစ္စည်းတွေကို လက်တစ်ဖက်တည်းနဲ့သယ်ခြင်း
Dr. Mya Myo Myo Swe (www.drmyanmar.com)
• အနာခံႏိုင္တဲ့အတြင္းမွာ လႈပ္လႈပ္ရွားရွားေနပါ။ နာက်င္မႈကိုပိုဆိုးေစမယ့္ ျပင္းထန္ေသာ လႈပ္ရွားမႈေတြကိုေရွာင္ပါ။
• နားလို႔ရတဲ့အခ်ိန္မွာနားပါ။
• ကိုယ့္ရဲ႕အမ်ိဳးသား၊ မိသားစုဝင္ေတြနဲ႔ မိတ္ေဆြေတြကို အိမ္အလုပ္ေတြကူလုပ္ေပးဖို႔ အကူအညီေတာင္းပါ။
• ေအာက္ခံအသားေပ်ာ့တဲ့ဖိနပ္အပါးေတြစီးပါ။
• အဝတ္ဝတ္တဲ့အခါမွာလိုအပ္ရင္ထိုင္ၿပီးဝတ္ပါ။ (ဉပမာ- ေဘာင္းဘီဝတ္တဲ့အခါမွာေျခတစ္ဖက္တည္းေထာက္ၿပီးဝတ္တာမ်ိဳးမလုပ္ပါနဲ႔။)
• ကားထဲဝင္တဲ့အခါ ထြက္တဲ့အခါေတြမွာ ဒူးႏွစ္ဖက္ကို ကပ္ၿပီးေတာ့ထြက္ပါ။
• သက္ေတာင့္သက္သာအေနအထားနဲ႔အိပ္ပါ (ဉပမာ- ေဘးေစာင္းၿပီးေတာ့ ဒူးႏွစ္ဖက္ၾကားမွာ ဖက္လုံးညႇပ္အိပ္ပါ၊)
• အိပ္ရာထဲမွာဟိုဘက္ဒီဘက္လွည့္ရင္ ဘယ္လိုလွည့္ရင္မနာလည္းဆိုတာကို လုပ္ၾကည့္ပါ။
• တစ္ႀကိမ္ကိုေလွကားတစ္ထစ္ပဲတက္ပါ။
• ေရခဲအိတ္ကပ္ေပးပါ။ တစ္ခါကပ္ရင္ ၁၀-၁၅ မိနစ္ေလာက္နဲ႔ အႀကိမ္ႀကိိမ္ကပ္ေပးပါ။
• အမ်ိဳးသားနဲ႔အတူေနတဲ့အခါမွာလည္း ပုံစံအမ်ိဳးမ်ိဳးေျပာင္းၾကည့္ပါ။
ေအာက္ပါအခ်က္ေတြကိုလည္းေရွာင္ရွားသင့္ပါတယ္။
• ေျခေထာက္တစ္ဖက္တည္းေပၚမွာမတ္တပ္ရပ္ျခင္း
• ကေလးကို ကုန္းၿပီး (သို႔) လိန္ၿပီးေတာ့ခ်ီျခင္း
• ေျခခ်ိတ္ထိုင္ျခင္း၊ ရပ္ျခင္း
• ၾကမ္းျပင္ေပၚမွာထိုင္ျခင္း၊ ခႏၶာကိုယ္လိန္ၿပီးထိုင္ျခင္း
• အခ်ိန္အၾကာႀကီးထိုင္ျခင္း၊ မတ္တပ္ရပ္ျခင္း
• ေဈးဝယ္အိတ္၊ ေရစိုဝတ္၊ ကေလးငယ္ စတဲ့ ေလးလံတဲ့အရာေတြကို မျခင္း
• ဖုန္စုပ္စက္နဲ႔ဖုန္စုပ္ျခင္း
• ေလးတဲ့အရာေတြကိုတြန္းျခင္း
• ပစၥည္းေတြကို လက္တစ္ဖက္တည္းနဲ႔သယ္ျခင္း
Dr. Mya Myo Myo Swe (www.drmyanmar.com)






























