ဗီတာမင်စီက ဘာတွေကောင်းတာလဲ?
၁။ အအေးမိခြင်းကို ကာကွယ်ပေးခြင်း၊ သက်သာစေခြင်း
အအေးစမိတာနဲ့ ဗီတာမင်စီ မှီဝဲပေးခြင်းက အအေးမိဝေဒနာကို အမြန်ဆုံးသက်သာစေနိုင်တယ်လို့ သိရပါတယ်။
၂။ သံဓာတ်စုပ်ယူမှုအားကောင်းစေခြင်း
မနက်စာစားချိန်မှာ ဗီတာမင်စီ သောက်ခြင်းက သံဓာတ်စုပ်ယူနိုင်မှုကို ၂ဆနီးပါးတက်စေနိုင်တယ်လို့ သိရပါတယ်။
၃။ Scurvy ရောဂါကိုကာကွယ်နိုင်ခြင်း
Scurvy ရောဂါဟာ ဗီတာမင်စီချို့တဲ့ခြင်းကြောင့် အားနည်းခြင်း၊ ခြေလက်နာကျင်ကိုက်ခဲခြင်း၊ မောပန်းလွယ်ခြင်း၊ ဆံပင်ကောက်ခြင်း၊ သွေးထွက်ခြင်း၊ သွားဖုံးရောဂါနဲ့ သွေးအားနည်းခြင်းတို့ ဖြစ်လာတာပဲဖြစ်ပါတယ်။
ရက်အနည်းငယ်မျှ ဗီတာမင်စီသောက်ပေးခြင်းဖြင့် ဖြည်းဖြည်းချင်းသက်သာလာနိုင်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ပျောက်ကင်းနိုင်ပါတယ်။
၄။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို တားဆီးပေးခြင်း
ဗီတာမင်စီကြွယ်ဝတဲ့ အချဉ်သီးတွေစားပေးခြင်းဖြင့် ဆီးထဲအက်ဆစ်ဓာတ်တွေများစေပြီး ဆီးပိုးတွေမဝင်ရောက်နိုင်အောင် တားဆီးပေးနိုင်ပါတယ်။
Ultra C 1
၅။ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ခြင်း
ဗီတာမင်စီဟာ ကောင်းမွန်တဲ့ HDL ကိုလက်စထရောကိုများစေပြီး မကောင်းတဲ့ LDL ကိုလက်စထရောတွေကို လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်ကိုလည်း ကျစေနိုင်ပါသေးတယ်။
လေဖြတ်ပြီးသေဆုံးသူ ၇၃၀ ခန့်မှာ ဗီတာမင်စီဓာတ်လျော့နည်းနေတာကိုလည်း တွေ့ရပါတယ်။
၆။ အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ခြင်း
အယ်ဇိုင်းမားရောဂါသည်တွေထဲမှာ ဗီတာမင်စီလျော့နည်းနေသူတွေဟာ စိတ်ထိခိုက်မှုပိုများနေကြောင်း ကိုလည်း တွေ့ရှိရပါတယ်။
လူပေါင်း ၄၇၄၀ ခန့်ပါဝင်ထားတဲ့လေ့လာမှုတစ်ခုမှာ ဗီတာမင်စီတစ်နေ့ကို 500 mgခန့်နဲ့ ဗီတာမင်အီးသောက်သုံးသူတွေဟာ အယ်ဇိုင်းမားရောဂါဖြစ်ပွားနှုန်းနည်းကြောင်းတွေ့ရှိရပါတယ်။
၇။ ဓာတ်တိုးပစ္စည်းတွေကြောင့် ကိုယ်ခန္ဓာပျက်စီးမှုကို တားဆီးပေးခြင်း
ကိုယ်ခန္ဓာမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ကင်ဆာ၊ လေဖြတ်၊ နှလုံးရောဂါတွေနဲ့ အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်လာတတ်တာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပြည့်ဝတဲ့ ဗီတာမင်စီကို ပြည့်ဝစွာသောက်သုံးပေးခြင်းက ဒီရောဂါတွေကို လျော့နည်းစေနိုင်ပါတယ်။
၈။ လေ့ကျင့်ခန်းတွေကြောင့် ကြွက်သားတွေနာကျင်ပျက်စီးခြင်းမဖြစ်အောင် ကာကွယ်ပေးခြင်း
လေ့ကျင့်ခန်းမလုပ်မီ ဗီတာမင်စီ မှီဝဲပေးခြင်းက ကြွက်သားတွေနာကျင်ခြင်း၊ ဓာတ်တိုးပျက်စီးခြင်းတို့ကို ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။
ဗီတာမင်စီကို ပုံမှန်သောက်သုံးပေးခြင်းက လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ကြွက်သားတွေမနာကျင်အောင် ကူညီပေးပါလိမ့်မယ်။
Ultra C 2
၉။ အသက်ကြီးလာလို့အမြင်ချို့တဲ့ခြင်းကို နှေးစေခြင်း
အသက် ၅၅ နှစ်မှ ၈၀ ခန့်အတွင်းရှိ လူ ၃၆၄၀ ခန့်ပါဝင်ပြီး ၆နှစ်ကြာစမ်းသပ်ထားတဲ့ စမ်းသပ်မှုတစ်ခုမှာ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်းနဲ့ ဇင့်ဓာတ်တွေအပြင် နေ့စဉ်ဗီတာမင်စီ ၅၀၀ mg သောက်ခြင်းက အသက်ကြီးလာလို့အမြင်အာရုံချို့တဲ့ခြင်းကို သက်သာစေနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
၁၀။ အရိုးသိပ်သည်းဆကိုတက်စေနိုင်ခြင်း
အသက်ကြီးသူအမျိုးသမီးတွေမှာ အရိုးသိပ်သည်းဆ ကျလာတတ်ပါတယ်။
အရိုးသိပ်သည်းဆကျခြင်းဟာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်တတ်ပြီး ဗီတာမင်အီးနဲ့ ဗီတာမင်စီ1gသောက်ပေးခြင်းက အရိုးကို ဓာတ်တိုးပစ္စည်းတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။
(Zawgyi)
၁။ အေအးမိျခင္းကို ကာကြယ္ေပးျခင္း၊ သက္သာေစျခင္း
အေအးစမိတာနဲ႔ ဗီတာမင္စီ မွီ၀ဲေပးျခင္းက အေအးမိေဝဒနာကို အျမန္ဆံုးသက္သာေစနိုင္တယ္လို႔ သိရပါတယ္။
၂။ သံဓာတ္စုပ္ယူမႈအားေကာင္းေစျခင္း
မနက္စာစားခ်ိန္မွာ ဗီတာမင္စီ ေသာက္ျခင္းက သံဓာတ္စုပ္ယူနိုင္မႈကို ၂ဆနီးပါးတက္ေစနိုင္တယ္လို႔ သိရပါတယ္။
၃။ Scurvy ေရာဂါကိုကာကြယ္နိုင္ျခင္း
Scurvy ေရာဂါဟာ ဗီတာမင္စီခ်ိဳ႕တဲ့ျခင္းေၾကာင့္ အားနည္းျခင္း၊ ေျခလက္နာက်င္ကိုက္ခဲျခင္း၊ ေမာပန္းလြယ္ျခင္း၊ ဆံပင္ေကာက္ျခင္း၊ ေသြးထြက္ျခင္း၊ သြားဖံုးေရာဂါနဲ႔ ေသြးအားနည္းျခင္းတို႔ ျဖစ္လာတာပဲျဖစ္ပါတယ္။
ရက္အနည္းငယ္မွ် ဗီတာမင္စီေသာက္ေပးျခင္းျဖင့္ ျဖည္းျဖည္းခ်င္းသက္သာလာနိုင္ၿပီး ရက္သတၲပတ္အနည္းငယ္အတြင္း ေပ်ာက္ကင္းနိုင္ပါတယ္။
၄။ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကို တားဆီးေပးျခင္း
ဗီတာမင္စီႂကြယ္ဝတဲ့ အခ်ဥ္သီးေတြစားေပးျခင္းျဖင့္ ဆီးထဲအက္ဆစ္ဓာတ္ေတြမ်ားေစၿပီး ဆီးပိုးေတြမဝင္ေရာက္နိုင္ေအာင္ တားဆီးေပးနိုင္ပါတယ္။
၅။ ႏွလံုးေရာဂါကို ကာကြယ္ေပးနိုင္ျခင္း
ဗီတာမင္စီဟာ ေကာင္းမြန္တဲ့ HDL ကိုလက္စထေရာကိုမ်ားေစၿပီး မေကာင္းတဲ့ LDL ကိုလက္စထေရာေတြကို ေလ်ာ့နည္းေစနိုင္ပါတယ္။ ဒါ့အျပင္ ေသြးေပါင္ခ်ိန္ကိုလည္း က်ေစနိုင္ပါေသးတယ္။
ေလျဖတ္ၿပီးေသဆံုးသူ ၇၃၀ ခန္႔မွာ ဗီတာမင္စီဓာတ္ေလ်ာ့နည္းေနတာကိုလည္း ေတြ႕ရပါတယ္။
၆။ အယ္ဇိုင္းမားေရာဂါကို ကာကြယ္ေပးနိုင္ျခင္း
အယ္ဇိုင္းမားေရာဂါသည္ေတြထဲမွာ ဗီတာမင္စီေလ်ာ့နည္းေနသူေတြဟာ စိတ္ထိခိုက္မႈပိုမ်ားေနေၾကာင္း ကိုလည္း ေတြ႕ရွိရပါတယ္။
လူေပါင္း ၄၇၄၀ ခန္႔ပါဝင္ထားတဲ့ေလ့လာမႈတစ္ခုမွာ ဗီတာမင္စီတစ္ေန႔ကို 500 mgခန္႔နဲ႔ ဗီတာမင္အီးေသာက္သံုးသူေတြဟာ အယ္ဇိုင္းမားေရာဂါျဖစ္ပြားႏႈန္းနည္းေၾကာင္းေတြ႕ရွိရပါတယ္။
၇။ ဓာတ္တိုးပစၥည္းေတြေၾကာင့္ ကိုယ္ခႏၶာပ်က္စီးမႈကို တားဆီးေပးျခင္း
ကိုယ္ခႏၶာမွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြေၾကာင့္ ကင္ဆာ၊ ေလျဖတ္၊ ႏွလံုးေရာဂါေတြနဲ႔ အိုမင္းရင့္ေရာ္ျခင္းေတြ ျဖစ္လာတတ္တာေၾကာင့္ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြျပည့္ဝတဲ့ ဗီတာမင္စီကို ျပည့္ဝစြာေသာက္သံုးေပးျခင္းက ဒီေရာဂါေတြကို ေလ်ာ့နည္းေစနိုင္ပါတယ္။
၈။ ေလ့က်င့္ခန္းေတြေၾကာင့္ ႂကြက္သားေတြနာက်င္ပ်က္စီးျခင္းမျဖစ္ေအာင္ ကာကြယ္ေပးျခင္း
ေလ့က်င့္ခန္းမလုပ္မီ ဗီတာမင္စီ မွီ၀ဲေပးျခင္းက ႂကြက္သားေတြနာက်င္ျခင္း၊ ဓာတ္တိုးပ်က္စီးျခင္းတို႔ကို ကာကြယ္ေပးနိုင္ေၾကာင္း သိရပါတယ္။
ဗီတာမင္စီကို ပံုမွန္ေသာက္သံုးေပးျခင္းက ေလ့က်င့္ခန္းလုပ္ၿပီးတိုင္း ႂကြက္သားေတြမနာက်င္ေအာင္ ကူညီေပးပါလိမ့္မယ္။
၉။ အသက္ႀကီးလာလို႔အျမင္ခ်ိဳ႕တဲ့ျခင္းကို ေႏွးေစျခင္း
အသက္ ၅၅ ႏွစ္မွ ၈၀ ခန္႔အတြင္းရွိ လူ ၃၆၄၀ ခန္႔ပါဝင္ၿပီး ၆ႏွစ္ၾကာစမ္းသပ္ထားတဲ့ စမ္းသပ္မႈတစ္ခုမွာ ဗီတာမင္အီး၊ ဘီတာကယ္ရိုတင္းနဲ႔ ဇင့္ဓာတ္ေတြအျပင္ ေန႔စဥ္ဗီတာမင္စီ ၅၀၀ mg ေသာက္ျခင္းက အသက္ႀကီးလာလို႔အျမင္အာရံုခ်ိဳ႕တဲ့ျခင္းကို သက္သာေစႏုိင္တယ္လို႔ ေတြ႔ရွိခဲ့ၾကပါတယ္။
၁၀။ အရိုးသိပ္သည္းဆကိုတက္ေစနိုင္ျခင္း
အသက္ႀကီးသူအမ်ိဳးသမီးေတြမွာ အရိုးသိပ္သည္းဆ က်လာတတ္ပါတယ္။
အရိုးသိပ္သည္းဆက်ျခင္းဟာ ဓာတ္တိုးပစၥည္းေတြေၾကာင့္ ျဖစ္တတ္ၿပီး ဗီတာမင္အီးနဲ႔ ဗီတာမင္စီ1gေသာက္ေပးျခင္းက အရိုးကို ဓာတ္တိုးပစၥည္းေတြကေန ကာကြယ္ေပးနိုင္ပါတယ္။





























