/
node/9469

မွေးကင်းစကလေးကို နို့ဘယ်နှစ်ကြိမ်လောက်တိုက်သင့်သလဲ?

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

မွေးကင်းစကလေးတွေကို ဆာတိုင်းတိုက် ၊ ငိုတိုင်းတိုက်သင့်ပါတယ်။ ပထမ၂ပတ်မှ၄ပတ်အတွင်း ၂၄နာရီမှာ ၈ကြိမ်မှ၁၂ကြိမ်ခန့် တိုက်သင့်ပါတယ်။ ကလေးလှုပ်ရှားမှုတွေများလာတယ်၊ ပါးစပ်ကတစ်ပြွတ်ပြွတ်စုပ်နေမယ်ဆိုရင် ကလေးနို့ဆာနေတာပါ။ ကလေးအိပ်နေပြီး ၂ နာရီအတွင်း နို့ဆာတဲ့လက္ခဏာမပြဘူးဆိုရင် ကလေးကိုနှိုးပြီးနို့တိုက်ပါ။

• နေ့ရောညရောတိုက်ပါ။

• အအိပ်မက်တဲ့ကလေးတွေမှာ ၂ နာရီခြားတစ်ခါ နှိုးနှိုးပြီးနို့တိုက်ပေးပါ။

• နို့စို့ပြီးကြားချိန်မှာ ချိုလိမ်ပေးမစုပ်ပါနဲ့။ ကလေးနို့ဆာတဲ့အစောဆုံးလက္ခဏာတွေကို စောင့်ကြည့်ပါ။ ငိုယိုတာဟာ နောက်ဆုံးသတိပေးသံဖြစ်ပြီး နို့တိုက်ရတာ ပိုခက်စေနိုင်ပါတယ်။

 

>> နို့တိုက်သည့်ကြာချိန်

 

မွေးကင်းစမှာ မိနစ်၂၀ မှ ၄၅ မိနစ်လောက်ထိ ကြာနိုင်ပါတယ်။ ဒါပေမယ့် မွေးကင်းစတွေဟာ အိပ်ငိုက်တတ်တဲ့အတွက် ပိုပြီးစိတ်ရှည်ဖို့လိုပါတယ်။ ရင်သားတစ်ဖက်ကို မစုပ်တော့တဲ့အထိ တိုက်ပြီးမှကလေးကိုလေထုတ်ပေးပြီး နောက်တစ်ဖက်ကို ပြောင်းတိုက်ပါ။ ကလေးလုံးဝမစုပ်တော့ဘဲ အိပ်ချင်ငိုက်မြည်းလာတဲ့အချိန်မှ ရပ်လိုက်ပါ။ နောက်တစ်ခါနို့တိုက်တဲ့အခါ ဘက်ပြောင်းပြီး စတိုက်ပါ။

>> ကလေးနိ့ုဝရဲ့လား?

 

          ဒီလက္ခဏာတွေကတော့ ကလေးနို့ဝလားဆိုတာ သိနိုင်တဲ့ အကြမ်းမျဉ်းလက္ခဏာတွေပဲဖြစ်ပါတယ်။

 

• မကြာခဏဝမ်းသွားခြင်း ပထမဆုံး၅ရက်အတွင်း ဝမ်းပျော့ပျော့သွားပြီး မည်းရာကညို၊ ညိုရာကဝါစိမ်းစိမ်းအရောင် ပြောင်းလဲတတ်ပါတယ်။ ၃ရက်မြောက်လောက်မှာ ၂၄နာရီအတွင်း ၂ကြိမ်မှ၃ကြိမ်လောက်သွားတတ်ပြီး ၅ရက်မြောက်မှာ ၄ကြိမ်လောက်သွားတတ်ပါတယ်။ ကလေးကြီးတွေမှာတော့ တစ်ယောက်နဲ့တစ်ယောက်မတူတတ်ပါဘူး။

• ကလေးဆီးအရောင်ဖျော့ခြင်း

• ကလေးနို့မျိုချသံကြားရခြင်း

• ကလေးနို့စု့ိပြီးနောက်ငြိမ်သွားပြီး သက်သောင့်သက်သာရှိခြင်း

• ကိုယ်အလေးချိန်တက်လာခြင်း မွေးကင်းစရက်ပိုင်းမှာ နဂိုအလေးချိန်ရဲ့ ၇-၁၀%ကျသွားတတ်ပြီး ၂ပတ်လောက်မှာ ပြန်တက်လာပါလိမ့်မယ်။

• ကလေးနို့စို့ပြီးနောက် အမေ့ရင်သားတွေပျော့ပျောင်းသွားခြင်း

 

www.drmyanmar.com

ေမြးကင္​းစက​ေလး​ေတြကို ဆာတိုင္​းတိုက္​ ၊ ငိုတိုင္​းတိုက္​သင္​့ပါတယ္​။ ပထမ၂ပတ္​မွ၄ပတ္​အတြင္​း ၂၄နာရီမွာ ၈ႀကိမ္​မွ၁၂ႀကိမ္​ခန္​႔ တိုက္​သင္​့ပါတယ္​။ က​ေလးလႈပ္​ရွားမႈ​ေတြမ်ားလာတယ္​၊ ပါးစပ္ကတစ္​ႁပြတ္​ႁပြတ္​စုပ္​​ေနမယ္​ဆိုရင္​ က​ေလးနို႔ဆာ​ေနတာပါ။ က​ေလးအိပ္​​ေနၿပီး ​၂ နာရီအတြင္​း နို႔ဆာတဲ့လကၡဏာမျပဘူးဆိုရင္​ က​ေလးကိုႏႈိးၿပီးနို႔တိုက္​ပါ။

• ​ေန႔​ေရာည​ေရာတိုက္​ပါ။

• အအိပ္​မက္​တဲ့က​ေလး​ေတြမွာ ၂ နာရီျခားတစ္​ခါ ႏႈိးႏႈိးၿပီးနို႔တိုက္​​ေပးပါ။

• နို႔စို႔ၿပီးၾကားခ်ိန္​မွာ ခ်ိဳလိမ္​​ေပးမစုပ္​ပါနဲ႔။ က​ေလးနို႔ဆာတဲ့အ​ေစာဆံုးလကၡဏာ​ေတြကို ​ေစာင္​့ၾကည္​့ပါ။ ငိုယိုတာဟာ ​ေနာက္​ဆံုးသတိ​ေပးသံျဖစ္​ၿပီး နို႔တိုက္​ရတာ ပိုခက္​​ေစနိုင္​ပါတယ္​။

 

>> ႏို႔တိုက္သည့္ၾကာခ်ိန္​

 

​ေမြးကင္​းစမွာ မိနစ္​၂၀ မွ ၄၅ မိနစ္​​ေလာက္​ထိ ၾကာနိုင္​ပါတယ္​။ ​ဒါ​ေပမယ္​့ ​ေမြးကင္​းစ​ေတြဟာ အိပ္​ငိုက္​တတ္​တဲ့အတြက္​ ပိုၿပီးစိတ္​ရွည္​ဖို႔လိုပါတယ္​။ ရင္​သားတစ္​ဖက္​ကို မစုပ္​​ေတာ့တဲ့အထိ တိုက္​ၿပီးမွက​ေလးကို​ေလထုတ္​​ေပးၿပီး ​ေနာက္​တစ္ဖက္​ကို ​ေျပာင္​းတိုက္​ပါ။ က​ေလးလံုးဝမစုပ္​​ေတာ့ဘဲ အိပ္​ခ်င္​ငိုက္​ျမည္​းလာတဲ့အခ်ိန္​မွ ရပ္​လိုက္​ပါ။ ​ေနာက္​တစ္​ခါနို႔တိုက္​တဲ့အခါ ဘက္​​ေျပာင္​းၿပီး စတိုက္​ပါ။

 

>> က​ေလးနိ႔ုဝရဲ႕လား?

 

          ဒီလကၡဏာေတြကေတာ့ ကေလးႏို႔၀လားဆိုတာ သိႏိုင္တဲ့ အၾကမ္းမ်ဥ္းလကၡဏာေတြပဲျဖစ္ပါတယ္။

 

• မၾကာခဏဝမ္​းသြားျခင္​း ပထမဆံုး၅ရက္​အတြင္​း ဝမ္​း​ေပ်ာ့​ေပ်ာ့သြားၿပီး မည္​းရာကညိဳ၊ ညိဳရာကဝါစိမ္​းစိမ္​းအ​ေရာင္​ ​ေျပာင္​းလဲတတ္​ပါတယ္​။ ၃ရက္​​ေျမာက္​​ေလာက္​မွာ ၂၄နာရီအတြင္​း ၂ႀကိမ္​မွ၃ႀကိမ္​​ေလာက္​သြားတတ္​ၿပီး ၅ရက္​​ေျမာက္​မွာ ၄ႀကိမ္​​ေလာက္​သြားတတ္​ပါတယ္​။ က​ေလးႀကီး​ေတြမွာ​ေတာ့ တစ္​​ေယာက္​နဲ႔တစ္​​ေယာက္​မတူတတ္​ပါဘူး။

• က​ေလးဆီးအ​ေရာင္​​ေဖ်ာ့ျခင္​း

• က​ေလးနို႔မ်ိဳခ်သံၾကားရျခင္​း

• က​ေလးနို႔စု႔ိၿပီး​ေနာက္​ၿငိမ္​သြားၿပီး သက္​​ေသာင္​့သက္​သာရွိျခင္​း

• ကိုယ္​အ​ေလးခ်ိန္​တက္​လာျခင္​း ​​ေမြးကင္​းစရက္​ပိုင္​းမွာ နဂိုအ​ေလးခ်ိန္​ရဲ႕ ၇-၁၀%က်သြားတတ္​ၿပီး ၂ပတ္​​ေလာက္​မွာ ျပန္​တက္​လာပါလိမ္​့မယ္​။

• ကေလးႏို႔စို႔ၿပီးေနာက္ အ​ေမ့ရင္​သား​ေတြ​ေပ်ာ့​ေပ်ာင္​းသြားျခင္​း

 

www.drmyanmar.com