ကလေးချောင်းဆိုးနေတာ ပုံမှန်ဟုတ်ရဲ့လား
လူတိုင်းဘဝမှာ တစ်ကြိမ်တစ်ခါတော့ ချောင်းဆိုးတာမပျောက်နိုင်တာမျိုး ခံစားတတ်ကြမှာပါ။ တစ်ခါတလေချောင်းဆိုးတာဟာ သူ့အလိုလို ခဏလေးနဲ့ သက်သာသွားတတ်ကြပါတယ်။ တစ်ခါတလေ ချောင်းဆိုးတာဟာ အောက်ခံအကြောင်းရင်းတစ်ခုခုရှိတာကြောင့် ဖြစ်နေနိုင်ပါတယ်။
ဒီတော့ ကလေးတွေမှာ ချောင်းဆိုးနေတာ စိုးရိမ်ရမှာလား?
ချောင်းဆိုးတာ တစ်ခုတည်းက စိုးရိမ်စရာမဟုတ်ပါဘူး။ ဒါပေမဲ့ ချောင်းဆိုးတာအပြင် တခြားလက္ခဏာတွေပါ ရှိနေပြီဆိုရင်တော့ ဘယ်အချိန်မှာ ကလေးဆရာဝန်နဲ့ ပြဖို့လိုနိုင်ပြီလဲဆိုတာကို သိဖို့လိုလာပါပြီ။
ဆရာဝန်သွားပြရင် ချောင်းခြောက်လား၊ ချောင်းစိုလားဆိုပြီး မေးတာ ကြားဖူးမှာပေါ့။ ဒီချောင်းနှစ်မျိုးဟာ အကြောင်းရင်း မတူပါဘူး။
ချောင်းအစို : လည်ပြွန်ထဲမှာ ချွဲတွေရှိနေတဲ့အခါ ဒီချွဲကို ဟပ်ထုတ်တဲ့ချောင်းကို ချောင်းအစိုလို့ ခေါ်ပါတယ်။
ချောင်းခြောက် : ချွဲမရှိတာကြောင့် ချောင်းခြောက်လို့ ခေါ်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ယားယံခြင်း၊ ရောင်ရမ်းခြင်းကြောင့် ဖြစ်တာများပါတယ်။
Solmux Kids 1

ကလေးအခြေအနေကို ဆန်းစစ်ခြင်း
ကလေး ချောင်းဆိုးနေပေမယ့် အိမ်ထဲ ပတ်ပြီးပြေးဆော့နေတယ်ဆိုရင် ကလေးအခြေအနေ မဆိုးပါဘူး။ ဒါပေမဲ့ ချောင်းဆိုးပြီးတော့ ကလေး နေထိုင်မကောင်း ဖြစ်နေတယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။
ကိုဗစ်ရောဂါလက္ခဏာတွေ ရှိနေပါသလား?
ကိုဗစ်ရောဂါလက္ခဏာတွေဟာ ရိုးရိုးအအေးမိသလိုပဲ ချောင်းဆိုးပြီးလာနိုင်ပါတယ်။ ကိုဗစ်ရောဂါလက္ခဏာတွေ ရှိနေတယ်ထင်ရင် ဆရာဝန်နဲ့ပြဖို့ လိုနိုင်ပါတယ်။
တစ်ပတ်လောက် ကြာတဲ့အခါ ချောင်းဆိုးတာဆိုးတုန်း၊ ဒါမှမဟုတ် ပိုဆိုးလာတယ်ဆိုရင် -
တခြားလက္ခဏာတွေမရှိဘဲ ချောင်းဆိုးတာတစ်ခုတည်းတင် ၁ ပတ်ကျော်လာပြီဆိုရင် ဆရာဝန်နဲ့ပြဖို့ လိုနိုင်ပါတယ်။ စိုးရိမ်စရာမဟုတ်တာလည်း ဖြစ်နိုင်ပေမယ့် ပြကြည့်တာ မမှားပါဘူးနော်။
Solmux Kids 2

ရင်ခေါင်းသံကြီးနဲ့ ချောင်းဆိုးပြီး သလိပ်ဝါဝါပျစ်ပျစ်၊ စိမ်းစိမ်းကြီးတွေ ပါနေလား?
ဒီလိုသာ ပါနေပြီဆိုရင်တော့ နမိုးနီးယားအဆုတ်ရောင်တာလိုမျိုး ဘက်တီးရီးယားပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ချက်ချင်းပြပေးပါနော်။
ချောင်းဆိုးသံဩဩကြီးဖြစ်နေပြီး အသက်ရှူသံစူးစူးကြီး ဖြစ်နေတယ်ဆိုရင် -
အသံအိုးရောင်တာဖြစ်နိုင်ပြီး ဒါကြောင့် ချောင်းဆိုးတာဆိုရင် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောင်နေတာမို့ အသက်ရှူတိုင်း တအင့်အင့် ဖြစ်နေပါလိမ့်မယ်။ အသံအိုးရောင်တာဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာဖြစ်ပြီး အသံအိုးနေရာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ ဖြစ်တတ်တာပါ။ များသောအားဖြင့် အလိုအလျောက် ပျောက်သွားတတ်ပေမယ့် အရမ်းဆိုးရင် ဆေးရုံတက်ဖို့လိုနိုင်တာမို့ ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။
















