/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများရဲ့-အရိုးကျန်းမာရေးအတွက်-ပဲနို့တိုက်ပါ။

ကလေးများရဲ့ အရိုးကျန်းမာရေးအတွက် ပဲနို့တိုက်ပါ။

Category
ကလေးများနှင့်ကျန်းမာရေး

          အရွယ်ရောက်ပြီးနောက်တွင် အရိုးများသန်မာစေရန် ငယ်စဉ်ဘဝတွင်နွားနို့သောက်ခြင်းထက် ပဲနို့ကပို၍ ကောင်းမွန်ကြောင်းကို မကြာသေးမီကပြုလုပ်သော သုတေသနပြုလုပ်ချက်တစ်ခုအရ သိရပါတယ်။

          ငယ်စဉ်ဘဝမှာ သင့်တင့်မျှတတဲ့အာဟာရ ရရှိခဲ့ခြင်းဟာ အရိုးထုထည်ပမာဏကို ကောင်းစွာ ထိန်းသိမ်းနိုင်ကြောင်းကို Arkansa တက္ကသိုလ် ကလေးများအာဟာရစင်တာမှ အရိုးဖွံ့ဖြိုးမှုဓာတ်ခွဲခန်း၏ သုတေသနပြုလုပ်ချက်တွင်ပါဝင်ခဲ့သူ Jin-Ran Chen က ပြောကြားခဲ့ပါတယ်။ ထို့ပြင် ပဲနို့သောက်ခြင်းဟာ အရွယ်ရောက်တဲ့အခါမှာ အရိုးထုထည်ဆုံးရှုံးမှုကိုတားဆီးနိုင်တဲ့အပြင် အခြားကျန်းမာရေးကောင်းကျိုးတွေလည်း များစွာရှိပါတယ်လို့ Chen ကပဲ ဆက်လက်ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကိုသိရဖို့အတွက် Chen နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အလွန်ငယ်ရွယ်တဲ့ ကြွက်အမတွေကို လေ့လာစမ်းသပ်ခဲ့တာပဲ ဖြစ်ပါတယ်။

          FASEB ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ Thoru Pederson ရဲ့အဆိုအရ နှစ်ပေါင်းများစွာကတည်းက လက်ခံထားခဲ့ကြတဲ့ အရိုးတွေသန်မာဖို့ နို့သောက်ရန်လိုအပ်တယ်ဆိုတဲ့အဆိုဟာ ခုချိန်ထိမှန်နေသေးကြောင်း၊ သို့သော် အခုထပ်မံတွေ့ရှိတာကတော့ ပဲနို့မှာပါတဲ့ အသားဓာတ်တွေဟာ မိန်းမဟော်မုန်းပြောင်းလဲမှုပေါ်မှာ အကျိုးသက်ရောက်မှုရှိကြောင်း၊ ဒီလေ့လာတွေ့ရှိမှုဟာ ကမ်ဘာ့နေရာဒေသအသီးသီးမှာရှိတဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုနိုင်တဲ့ အလွန်ပင်အကျိုးရှိလှတဲ့ တွေ့ရှိမှုတစ်ခုဖြစ်ကြောင်း သိရပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)