ကလေးတစ်ယောက် လျင်မြန်စွာကြီးထွားချိန်မှာ အာဟာရဓာတ် ပိုမိုလိုအပ်နိုင်သလား?
ကလေးတစ်ယောက်ဟာ Growth spurt လို့ခေါ်တဲ့ လျင်မြန်စွာကြီးထွားချိန်ကို သူ့သက်တမ်းတစ်လျှောက်မှာ ဘေဘီလေးအရွယ်၊ မူကြိုအရွယ်နဲ့ ကလေးမှလူကြီးသို့ ကူးပြောင်းသောအရွယ်ဆိုပြီး အရွယ်သုံးပါးမှာ တွေ့ကြုံနိုင်ပါတယ်။ လျင်မြန်စွာကြီးထွားချိန်ရောက်ရင် ကလေးတွေမှာ အရပ်နဲ့ ကိုယ်အလေးချိန် မြင့်တက်လာခြင်း၊ အစာစားချင်စိတ် ပြောင်းလဲခြင်း၊ စိတ်ခံစားချက်လွန်ကဲခြင်း စတဲ့ ပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
WellKid IA 1
ဒီကာလမှာဆိုရင် ခန္ဓာကိုယ်က ကယ်လိုရီနဲ့ အာဟာရဓာတ်တွေကို ပိုပြီးလိုအပ်တာကြောင့် မိဘတွေအနေနဲ့ ကလေးရဲ့စားသောက်မှုပုံစံကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားမှုကို အထောက်အကူပြုတဲ့ အသားဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင်ဒီ၊ သံဓာတ်၊ ငါးကြီးဆီနဲ့ အစာချေဖျက်မှုကို အထောက်အကူပြုတဲ့ အမျှင်ဓာတ်တွေကို များများကျွေးပေးသင့်ပါတယ်။ အစာစားချင်စိတ် မြင့်တက်လာတာကြောင့် ပမာဏနည်းနည်းကို မကြာခဏကျွေးပေးတာက ပိုအဆင်ပြေပါလိမ့်မယ်။ အာဟာရကြွယ်ဝတဲ့ အစားအသောက်တွေကိုသာ ကျွေးပေးပါ။ ရေများများတိုက်ပါ။
WellKid IA 2
လျင်မြန်စွာကြီးထွားချိန်ဆိုတာ ကလေးတစ်ယောက်ရဲ့ဘဝမှာ မလွဲမသေကြုံရမယ့် သဘာဝဖြစ်စဥ်တစ်ခုပါ။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီးတော့ မိဘတွေအနေနဲ့ စိတ်မပူဘဲ ကလေးတွေအတွက် အာဟာရဖြစ်မယ့် အစားအသောက်တွေကို ကျွေးပေးကြဖို့ အကြံပြုချင်ပါတယ်။





























