/
news/ကလေးများနှင့်ကျန်းမာရေး/မွေးကင်းစကလေးများကို-ရေချိုးပေးတဲ့အခါ-အသားအရေမထိခိုက်စေဖို့…

မွေးကင်းစကလေးများကို ရေချိုးပေးတဲ့အခါ အသားအရေမထိခိုက်စေဖို့…

Category
ကလေးများနှင့်ကျန်းမာရေး

မေမေတို့သိထားတဲ့အတိုင်း ဘေဘီလေးတွေရဲ့ အသားအရေဟာ နူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် ရေချိုးဆပ်ပြာကို သေချာရွေးချယ်ပြီး၊ ရေချိုးပြီးတဲ့အခါ အသားအရေကို သေချာထိန်းသိမ်းပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ဘေဘီလေးရဲ့အသားအရေကို နူးညံ့ချောမွေ့စေပြီး ဓာတ်မတည့်မှုကင်းဝေးကာ ကျန်းမာတဲ့အသားအရေကို ရရှိစေပါတယ်။

ဘေဘီလေးတွေကို ရေချိုးပေးတဲ့အခါ အသားအရေမထိခိုက်စေဖို့

    ●    အပူချိန် ၂၇-၂၈ ဒီဂရီဆဲလ်စီးရပ်စ်ရှိတဲ့ရေနဲ့ အချိန်ငါးမိနစ်ထက်မကြာစေဘဲ ခပ်မြန်မြန်လေးချိုးပေးပါ။
    ●    ဆပ်ပြာတိုက်တဲ့အခါမှာလည်း ရေမြှုပ်၊ အဝတ်စတို့နဲ့ မပွတ်ဘဲ လက်နဲ့ ညင်သာစွာပွတ်တိုက်ပေးပါ။
    ●    ဆပ်ပြာရွေးချယ်တဲ့အခါ ဆပ်ပြာခဲတွေဟာ အရေပြားကိုခြောက်သွေ့စေတာကြောင့် နူးညံ့သိမ်မွေ့သော ရေချိုးဆပ်ပြာရည်အမျိုးအစားကိုသာ ရွေးချယ်အသုံးပြုပေးပါ။
    ●    ရေချိုးပြီးနောက် (၃) မိနစ်ကနေ (၅) မိနစ်အတွင်းမှာ လိုရှင်း (သို့) ခရင်မ်တစ်မျိုးမျိုးလိမ်းပြီး အစိုဓာတ်ပြန်ဖြည့်ပေးဖို့လည်း လိုအပ်ပါတယ်။
    ●    လိုးရှင်း (သို့) ခရင်မ်ရွေးချယ်ရာမှာလည်း ဓာတ်မတည့်ဖြစ်နိုင်သော အမွှေးနံ့သာများနဲ့ ဓာတုပစ္စည်းများပါဝင်တဲ့ အမျိုးအစားများကို ရှောင်ကြဥ်ကာ နူးညံ့သိမ်မွေ့တဲ့အမျိုးအစားများကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။

မွေးကင်းစကလေးတွေကို ရေချိုးပေးပြီး အသားအရေထိန်းသိမ်းပေးရတာဟာ အရမ်းခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မေမေတို့ဘက်ကသာ သေချာလေ့ကျင့်ပြီး ဂရုစိုက်ပေးမယ်ဆိုရင် ဘေဘီလေးတွေရဲ့ အသားအရေကောင်းမွန်ပြီး ဓာတ်မတည့်ခြင်းကြောင့်ဖြစ်တဲ့ ယားယံတာ၊ အနီစက်ထွက်တာတွေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။

Babi Mild biognaik ရေချိုးဆပ်ပြာ၊ လိုးရှင်းနဲ့ ခရင်မ်တွေဟာ အနူးညံ့ဆုံးဖော်မြူလာသုံးထုတ်ကုန်ဖြစ်ပြီး Hypoallergenic စမ်းသပ်ထားတဲ့အတွက်  မွေးကင်းစကလေးတွေနဲ့ ထိခိုက်လွယ်အသားအရေရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။

www.drmyanmar.com