/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်များ-မကြာခဏမျက်တောင်မှိတ်ရခြင်း-အကြောင်းရင်းများ

ကလေးငယ်များ မကြာခဏမျက်တောင်မှိတ်ရခြင်း အကြောင်းရင်းများ

Category
ကလေးများနှင့်ကျန်းမာရေး

ဘယ်လိုအခြေအနေမျိုးကို အလွန်အကျွံမျက်တောင်ခတ်ခြင်းလို့ ခေါ်သလဲဆိုရင် တစ်မိနစ်ကိုပျမ်းမျှ ၃ ကြိမ်မှ ၁၇ ကြိမ်ခန့် မျက်တောင်ခတ်တာကို ဆိုလိုပါတယ်။ ကလေးငယ်များ မကြာခဏမျက်တောင်မှိတ်ရခြင်း ဖြစ်စေသော အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁)  မျက်စိအကြောဆွဲခြင်း
အလွန်အကျွံ မျက်စိမှိတ်လိုက်ဖွင့်လိုက် ဖြစ်စေတတ်ပါတယ်။ ဒီလိုကလေးမျိုးများကို အာရုံကြောဆရာဝန်နှင့် သေချာတိုင်ပင်ပြသသင့်ပါတယ်။

(၂)  အနီးမှုန်ခြင်း
အနီးမှုန်ခြင်းကြောင့်လည်း မျက်စိ မကြာခဏမှိတ်တတ်ပါတယ်။ မျက်စိဆရာဝန်နှင့်ပြသပြီး လိုအပ်ပါက မျက်မှန်တပ်သင့်ပါတယ်။

Nutroplex 1

(၃)  ဓာတ်မတည့်ခြင်း
မျက်စိ ဖွင့်လိုက်ပိတ်လိုက် လုပ်လွန်းခြင်းအပြင် မျက်ဝတ်ထွက်ခြင်း၊ မျက်ရည်ထွက်ခြင်းတို့ပါ တွေ့ရှိရပါက အမှုန်အမွှားနှင့် ဓာတ်မတည့်သောပစ္စည်းများ ဝင်ရောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

(၄)  မျက်စိခြောက်ခြင်း
မျက်စိ လွန်ကဲစွာ ခြောက်သွေ့ခြင်းကလည်း ယားယံခြင်းနှင့် မျက်စိ ပုတ်ခတ်ပုတ်ခတ်ဖြစ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်နေပါက ကလေးအား မျက်စိကို လက်ဖြင့်မပွတ်စေဖို့ သတိပေးပြီး ဆရာဝန်နှင်ြ့ပသပါ။

(၅)  မျက်စိဒဏ်ဖြစ်ခြင်း
မီးမှိန်မှိန်ဖြင့် စာဖတ်များခြင်း၊ ဖုန်းအသုံးများခြင်း၊ အိပ်ရေးပျက်ခြင်းတို့ကြောင့် မျက်စိ ဒဏ်ဖြစ်စေတတ်ပါတယ်။

(၆)  တစ်ခုခုကို အစွဲအလမ်းကြီးလွန်းသော OCD ရောဂါ
အသန့်ကြိုက်လွန်းခြင်း၊ တစ်ခုခုကို မလုပ်ရမနေနိုင် စွဲလမ်းလွန်းခြင်းစတဲ့ OCD ရောဂါရှိနေလျှင်လည်း မျက်တောင် မကြာခဏပိတ်လိုက်ဖွင့်လိုက် လုပ်နေတတ်ပါတယ်။

Nutroplex 2

>>  မျက်တောင် အလွန်အကျွံခတ်သော အခြေအနေကို ဘယ်လိုကုသနိုင်သလဲ?
●  ဆရာဝန်ညွှန်ကြားချက်ဖြင့် မျက်စဉ်းခတ်ခြင်း
●  မျက်စိပါဝါရှိပါက မျက်မှန်တပ်ခြင်း
●  စိတ်ပိုင်းဆိုင်ရာကုသခြင်း
●  ဓာတ်မတည့်ခြင်းကို သက်သာအောင် ဆေးသောက်ခြင်း စသည့် နည်းများဖြင့် ကုသနိုင်ပါတယ်။

>>  မျက်တောင် အလွန်အကျွံခတ်သော အခြေအနေကို ဘယ်လိုကာကွယ်နိုင်သလဲ?
●  စိတ်ဖိစီးမှုများသက်သာစေအောင် ပျော်ရွှင်စရာများ ဖန်တီးပေးခြင်း
●  အာဟာရပြည့်ဝသော အစားအစာများ နေ့စဉ်ကျွေးခြင်း
●  အိပ်ရေး၀၀အိပ်ခိုင်းခြင်း
●  မျက်စိကို သန့်ရှင်းအောင်ထားစေခြင်း
●  အလင်းရောင် ကောင်းစွာရမှသာ စာဖတ်စေခြင်း
●  ဖုန်းအသုံးပြုချိန် လျှော့ချစေခြင်း
●  ကိုယ်လက်လှုပ်ရှားမှုပြုလုပ်စေခြင်း စသည်တို့ ပြုလုပ်ပေးနိုင်ပါတယ်။
ကလေးဟာ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရာကနေ မျက်စိကို လက်ဖြင့် မကြာခဏပွတ်ခြင်း၊ မနက်မိုးလင်းတိုင်း မျက်စိကို မနည်းဖွင့်ရခြင်း၊ အခြားတစ်ဖက်ရှိအရာများကို ကြည့်ချိန်တွင် မျက်စိစွေခြင်း၊ မျက်စိနီခြင်း၊ တစ်မိနစ်ကို ၁၇ ကြိမ်ထက်ပိုပြီး ပုတ်ခတ်ပုတ်ခတ်လုပ်ခြင်း စတာတွေ ရှိနေရင်တော့ မပေါ့ဆဘဲ မျက်စိဆရာဝန်နှင့် စစ်ဆေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)