/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေဖျားတာနဲ့ပတ်သက်ပြီး-မိဘတွေသိထားတဲ့-အယူအဆအလွဲများ

ကလေးတွေဖျားတာနဲ့ပတ်သက်ပြီး မိဘတွေသိထားတဲ့ အယူအဆအလွဲများ

Category
ကလေးများနှင့်ကျန်းမာရေး

မိဘအများစုဟာ ကလေးတွေ ဖျားတဲ့အခါ စိုးရိမ်ပူပန်ပြီး အိပ်ရေးပျက်တာတွေတောင် ရှိတတ်ကြလို့ စိုးရိမ်မှုတွေ လျော့ပါးစေဖို့ ကလေးတွေဖျားတာနဲ့ပတ်သက်ပြီး ဖေဖေမေမေတို့ မှားယွင်းစွာသိထားတဲ့ အချက်အလက်တစ်ချို့ကို ပြောပြပေးချင်ပါတယ်။

Biogesic for kids IA 1

ကလေးကို စမ်းကြည့်လိုက်လို့ ကိုယ်ပူနေတိုင်း ဖျားနေတာလို့ သတ်မှတ်ခြင်း
     -    ကလေးတစ်ယောက် ကိုယ်ပူတာဟာ ဖျားတာအပြင် ပြင်းပြင်းထန်ထန် ဆော့ကစားတာ၊ ငိုတာ၊ ရာသီဥတုပူတာတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖျားတယ်လို့ပြောဖို့ဆိုရင် ကလေးရဲ့ ကိုယ်အပူချိန်ဟာ 100.4’F နဲ့အထက်မှာ ရှိရပါမယ်။

ဖျားတိုင်း မကောင်းဘူးလို့ သတ်မှတ်ခြင်း

    -   ဖျားတယ်ဆိုတာ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုတစ်ခုဖြစ်လို့ ရောဂါပိုးကို တိုက်ထုတ်ဖို့အတွက် ကူညီပေးပါတယ်။

Biogesic for kids IA 2

ကလေးတိုင်း ဖျားတဲ့အခါ တက်နိုင်တယ်လို့ ယူဆခြင်း

    -   ကလေး ၁၀၀ မှာ ၄ ယောက် (၄ %) လောက်ကပဲ ဖျားတဲ့အခါ တက်နိုင်ပါတယ်။ ပြီးတော့ ဒီလိုတက်တာကလည်း များသောအားဖြင့် စိုးရိမ်ဖို့ မလိုအပ်ပါဘူး။

အဖျားကျဆေးတိုက်ပေမယ့် အဖျားဟာ လုံးဝအရှင်းမပျောက်ခြင်း

    -    အဖျားကျဆေးတွေဟာ ကိုယ်အပူချိန်ကို ၂-၃ ဒီဂရီဖာရင်ဟိုက်ပဲ ကျစေလို့ ပုံမှန်ကိုယ်အပူချိန်ကို ပြန်ရောက်မှာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ရောဂါအများစုဟာ နှစ်ရက်ကနေ သုံးရက်လောက်အထိ ကြာတတ်ပါတယ်။ ရောဂါပိုးရှိနေသရွေ့ အဖျားကလည်း ပြန်တက်နေမှာဖြစ်လို့ ဆေးတိုက်ပေမယ့် အဖျားပြန်ပြန်တက်နေတာကို အရမ်းမစိုးရိမ်ဖို့ လိုအပ်ပါတယ်။ အဖျားကျဆေးကို ဆေးညွှန်းအတိုင်း (သို့) ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ တိုက်ပေးပါ။

ဒါဆိုရင်တော့ ဖေဖေမေမေတို့ရဲ့ စိုးရိမ်မှုတွေ အနည်းငယ်လျော့သွားလောက်ပြီလို့ ထင်ပါတယ်။ မှတ်ထားရမှာတစ်ခုက ရောဂါပိုးကို တိုက်ထုတ်နေတဲ့ နည်းလမ်းတစ်မျိုးဖြစ်လို့ ဖျားတိုင်းမကောင်းတာ မဟုတ်ပါဘူးနော်။

www.drmyanmar.com