ကလေးနှင့် ဗိုက်နာခြင်း
Category
ကလေးများနှင့်ကျန်းမာရေး
တခါတရံမှာ ကလေးငယ်ဟာ ခါးကော့ကော့ထိုးပြီး ငိုလေ့ရှိပါတယ်။ အများစုက လေထိုးလေအောင့်ခြင်းကြောင့်ဖြစ်လေ့ရှိပေမယ့် စားချဥ့်ပြန်ခြင်း၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း၊ အူကျွံခြင်း၊ အူကျခြင်းတို့ကြောင့်လည်း ငိုနိုင်ပါတယ်။ သာမာန်လေထိုးခြင်းက ကလေးငယ်ကို မသက်မသာဖြစ်စေသည်မှလွဲ၍ အခြားသော ဘေးဥပါဒ်မရှိနိုင်ပါဘူး။
ဒါပေမယ့် အချိန်အတော်ကြာတဲ့အထိ မသက်သာဘူးဆိုရင်တော့ ဆရာ၀န်နှင့် သေချာပြသရပါမယ်။ ၀မ်းဗိုက်နာခြင်းနှင့်အတူ ပျို့အန်ခြင်း၊ ၀မ်းလျော့ခြင်း၊ အဖျား၀င်ခြင်း၊ အလွန်အမင်းနွမ်းနယ်နေခြင်း စတဲ့လက္ခဏာတွေ တွေ့ရရင်ဆရာ၀န်နှင့်ပြသပါ။
Dr. Htet Htet Aung
















