ကလေးများနှင့် သွေးလွန်တုပ်ကွေး (ဖွံ့ဖြိုးကျန်းမာကလေးများကမ်ဘာ၊ အပိုင်း-2)
Category
ကလေးများနှင့်ကျန်းမာရေး
Dr Myanmar ကျန်းမာရေး၀က်ဘ်ဆိုဒ်ရဲ့ " ဖွံ့ဖြိုးကျန်းမာ ကလေးများကမ်ဘာ" ကနေတဆင့် မေးမြန်းလာတဲ့ မေးခွန်းလေးကတော့....
"သားလေးနာမည်က “ကိုကို” ပါ။ 4 နှစ်နဲ့ 3 လရှိပါပြီ။ သားလေးက တစ်လ တစ်ခါ ဖျားပါတယ် ဆရာ။ နှာခေါင်းသွေးလည်း မကြာခဏလျှံပါတယ်။ မတ်လနဲ့ ဧပြီလတုန်းကဆို သွေးလွန်တုပ်ကွေး လက္ခဏာပြတယ်ဆိုပြီး ဆေးရုံတင်ရပါသေးတယ်။ ဆေးရုံရောက်တော့ သွေးလွန်တုပ်ကွေးမဟုတ်ဘူးပြောပါတယ် ဆရာ။ တစ်ပတ်လောက်နေတော့ ပြန်ဆင်းရပါတယ်။ ဘာကြောင့် ဒီလို ခဏခဏ ဖျားနေရတာလဲဆိုတာရယ်၊ ဘာတွေ လိုက်နာလုပ်ဆောင်သင့်လဲဆိုတာရယ်ကို လမ်းညွှန်ပြောကြားပေးပါဦး ဆရာ။ ပြန်လည်ဖြေကြားပေးဖို့ မျှော်လင့်ပါတယ် ဆရာ။"
















