/
news/ကလေးများနှင့်ကျန်းမာရေး/ကိုဗစ်-၁၉-ကပ်ရောဂါကာလအတွင်း-မွေးကင်းစကလေးတွေကို-ဘယ်လိုစောင့်ရှောက်ကြမလဲ

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မွေးကင်းစကလေးတွေကို ဘယ်လိုစောင့်ရှောက်ကြမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

မေမေတို့ဟာ ရင်နှစ်သည်းခြာကလေးလေး ရောက်လာဖို့ကို ကိုးလတာကာလ စောင့်ဆိုင်းရပါတယ်။ ဒီအတောအတွင်းမှာ ကောင်းကောင်းစား၊ အားဆေးတွေသောက်၊ ဆရာဝန်နဲ့လည်း ရက်ချိန်းပုံမှန်ပြခဲ့ရပါတယ်။ ဒီလိုနဲ့ ကလေး ကိုယ့်ဆီရောက်လာတဲ့အခါ ကလေးလေးကို အခုလို ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ကျန်းမာအောင် ဘယ်လိုထားမလဲဆိုတာကို ပြောပြပေးပါ့မယ်နော်။

Biogesic for kids IA 1

မေး။ အိမ်ပြန်သွားတဲ့အခါ မိဘတွေက မွေးကင်းစကလေးဆီ မကူးစက်အောင ်ဘယ်လိုကာကွယ်မလဲ။
ဖြေ။ မိခင်အသစ်စက်စက်လေးတွေက ကိုယ့်ကလေးကို မိသားစုဝင်တွေကို ပြသဖို့စိတ်လှုပ်ရှားနေမှာပါ။ ဒါပေမဲ့ ဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ (၆ ပေ) နေတာက ကိုယ့်ကလေးဆီ ကူးစက်တာ နည်းစေဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ ပြောချင်တာကတော့ ကိုယ်နဲ့ အတူမနေတဲ့ အပြင်ကလူတွေ ကိုယ့်ကလေးကို လာကြည့်တာကို ကိုဗစ်ကပ်ရောဂါကြီး ပျောက်ကင်းသွားတဲ့အထိ ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်ကလေးကို ကိုယ်နဲ့အတူမနေတဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကိုပြဖို့  Messenger, Skype, Zoom စတဲ့ လူမှုကွန်ရက်တွေနဲ့ ဗီဒီယိုအက်ပလီကေးရှင်းတွေ ပိုအသုံးပြုသင့်ပါတယ်။ ကလေးကို စောင့်ရှောက်ပေးတဲ့သူတွေကလည်း မကြာခဏလက်ဆေးဖို့နဲ့ ကလေးကို မကိုင်တွယ်ခင်မှာ လက်ဆေးဖို့ အထူးဂရုစိုက်သင့်ပါတယ်။ အိမ်မှာနေတဲ့ လူကြီးတွေနားပဲ ကလေးရှိသင့်ပါတယ်။ အကယ်၍ တစ်ယောက်ယောက်က ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့လက္ခဏတွေ ရှိနေပြီဆိုရင်တော့ အဲဒီလူကို မိသားစုရယ်၊ ကလေးရယ်နဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ သီးသန့်ထားသင့်ပါတယ်။ ကလေးကိုလဲ ထိတွေ့မှုနည်းအောင် အိမ်အပြင်ကို ခေါ်သွားတာကို ရှောင်ကြဉ်သင့်ပါတယ်။ အွန်လိုင်းမှ ဈေးဝယ်တာမျိုးလုပ်ပါ။

Biogesic for kids IA 2

မေး။ အမေက ကိုဗစ်-၁၉ ရောဂါရှိနေပြီး နို့တိုက်နေရရင် ကလေးကိုရော ကူးစက်နိုင်သလား။
ဖြေ။ ကလေးကို နို့တိုက်တာက ကိုဗစ်ရောဂါ ကူးစက်မှုနဲ့တော့ တိုက်ရိုက်ဆက်သွယ်မှုမရှိပါဘူး။ နို့တိုက်နေတဲ့အချိန် မိခင်နို့ထဲမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးကိုတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ဒါဟာ မကူးစက်နိုင်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ အချက်အလက် ခိုင်ခိုင်မာမာ လုံလောက်တဲ့သက်သေပြချက်တွေ မရှိသေးပါဘူး။

မေး။ အမေက ကိုဗစ်ရောဂါပိုးရှိနေပြီး နို့တိုက်မယ်ဆိုရင် ကလေးကို ဘေးကင်းအောင် ဘာတွေလုပ်နိုင်သလဲ။
ဖြေ။ နို့တိုက်ကိုတိုက်ရမယ့် မွေးကင်းစကလေးငယ်နဲ့ အမေကိုခွဲထားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ နို့တိုက်နေချိန်မှာတော့ ကိုဗစ်ဗိုင်းရပ်စ်ပိုးက အသက်ရှူလမ်းကြောင်းမှာရှိတဲ့ အမှုန်လေးတွေကနေတစ်ဆင့် အမေကနေ ကလေးဆီကို ကူးစက်နိုင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါရှိတယ်လို့ သေချာပြီးသား အမေတွေ၊ သံသယရှိတဲ့ အမေတွေ၊ စစ်ဆေးမှုရလဒ်ကို စောင့်နေတဲ့အမေတွေကတော့ ကလေးကို မကူးစက်နိုင်အောင် ကာကွယ်တဲ့ လမ်းညွှန်ချက်တွေကို လုပ်ဆောင်သင့်ပါတယ်။ ဘာတွေလဲဆိုတော့ ကလေးကို မကိုင်တွယ်ခင် လက်ကို သေချာစွာ ဆေးတာနဲ့ နို့တိုက်နေချိန်မှာ မျက်နှာဖုံးအကာ ဝတ်ဆင်ထားတာတွေ ဖြစ်ပါတယ်။ အကယ်၍ အမေက နို့ကို ညှစ်တိုက်ရမယ်ဆိုရင်တော့ နို့ကိုမညှစ်ခင်နဲ့ နို့ထည့်မယ့်နို့ဘူးတွေကို သေချာဆေးကြောသင့်ပါတယ်။ ဖျားနာနေတဲ့သူတစ်ယောက်ယောက်က ကလေးကိုနို့မတိုက်သင့်ပါဘူး။

ကလေးက မွေးကင်းစအထူးစောင့်ရှောက်မှု ဒါမှမဟုတ် အထူးစောင့်ရှောက်မှုတွေကို လိုအပ်တဲ့အခါမှာတော့ အမေနဲ့ကလေးကို ခွဲကိုခွဲထားရတဲ့ အခြေအနေလေးတွေလည်း ရှိပါတယ်။ ဒီလိုအချိန်မှာတော့ အမေတွေက နို့ဆက်ညှစ်ပြီး တိုက်ဖို့ထောက်ခံထားပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပတ်သက်ပြီး ကလေးကို စောင့်ရှောက်မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်လို့ ပြောချင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)