ကိုယ့်ကလေးကျန်းမာဖို့ မိဘတွေ လုပ်ပေးသင့်တဲ့အချက်များ
မိဘတွေက ကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ အဓိက အရေးအကြီးဆုံးက ကလေးတွေ ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးလာဖို့အတွက် ချစ်ခြင်းတရားတွေရှိပြီး လုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုကို ကလေးတွေအတွက် တည်ဆောက်ထားပေးနိုင်ဖို့ပါပဲ။ ဒီလိုလုပ်ပေးတာဟာ မိဘတွေက သူတို့ရဲ့ကလေးတွေကို အနာဂတ်မှာ ထူးချွန်တဲ့ထက်မြက်တဲ့ ကိုယ်ချင်းစာတရားရှိတဲ့ကလေးတွေ ဖြစ်လာဖို့ အခြေခံအုတ်မြစ် ချပေးတာပဲ ဖြစ်ပါတယ်။
ဒီလိုဂရုစိုက်မှုတွေ၊ သင်ကြားမှုတွေထဲမှာ ကလေးတွေကို ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်တတ်အောင် သင်ကြားပေးဖို့ကလည်း အောင်မြင်ပျော်ရွှင်တဲ့ ကလေးတွေဖြစ်ဖို့ အရေးကြီးတဲ့အချက်ပဲ ဖြစ်ပါတယ်။ အခုခေတ်မှာ မှားယွင်းတဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဖြစ်တဲ့ရောဂါတွေဟာ လူတော်တော်များများကို ခြိမ်းခြောက်လာကြပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံကို ကလေးတွေ ငယ်ငယ်ကတည်းက အကျင့်ရအောင်၊ နားလည်အောင် သင်ကြားလေ့ကျင့်ပေးသင့်ပါတယ်။
>> ဒီတော့ ကိုယ့်ကလေးရဲ့ကျန်းမာရေးအတွက် မိဘတွေ ဘာတွေလုပ်ပေးသင့်သလဲ။
၁။ အဓိကအကျဆုံးကတော့ အစားအသောက်ပါ။ ကလေးတွေကို အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ အရောင်စုံစုံလင်အောင် ကျွေးမွေးသင့်ပါတယ်။ ကလေးအများစုက အသားတွေနဲ့ သရေစာတွေကို ပိုကြိုက်တတ်ပေမယ့်လည်း အသီးအရွက်စားတဲ့အကျင့်ဖြစ်အောင် လေ့ကျင့်ပေးပါ။
၂။ မိသားစုစုံညီ ညစာစားတဲ့အကျင့် လုပ်ပါ။ ဒါဟာ ဘာ့ကြောင့်ဆိုပြီး တိတိကျကျပြောဖို့ခက်ပေမယ့် မိသားစုနဲ့ စုံညီစားသောက်လေ့ရှိတဲ့ ကလေးဟာ အာဟာရပြည့်ရုံသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း ကောင်းမွန်လေ့ရှိကြောင်း တွေ့ရပါတယ်။ အကယ်၍ ညစာစုံညီစားဖို့ မအားခဲ့ရင် မနက်စာကို မိသားစုစုံပြီးစားလည်း ရပါတယ်။ နောက်တစ်ခုက မနက်စာဟာ ကျန်းမာရေးအတွက် တော်တော်လေး အရေးပါတာကို အများစု သိပြီးသားဖြစ်မှာပါ။ ဒါ့ကြောင့် ကလေးကို မနက်စာ ပုံမှန်စားတတ်အောင်လည်း အကျင့်လုပ်ပေးသင့်ပါတယ်။
၃။ ကျန်းမာနေဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုကလည်း လိုအပ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ငယ်ငယ်ကတည်းက လေ့ကျင့်ခန်းလုပ်တဲ့အကျင့်ဖြစ်အောင် လုပ်ပေးရပါမယ်။ မိသားစုနဲ့အတူ အိမ်ထဲမှာ (သို့မဟုတ်) အိမ်ပြင်မှာ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ ကစားတာ စတာတွေကို ပုံမှန်လုပ်ပေးသင့်ပါတယ်။ တစ်ပတ်ကို ငါးကြိမ်ခန့်လောက် ချွေးထွက်စေမယ့် လှုပ်ရှားမှုတစ်မျိုးမျိုးကို လုပ်တတ်တဲ့အကျင့် လုပ်ပေးပါ။
Nutrilin IA 1

၄။ ကလေးတွေကို နေပူမှာ၊ ထိခိုက်မှာ စိုးရိမ်လို့၊ မိဘက မအားလို့၊ အချိန်မရလို့ဆိုပြီး အိမ်မှာပဲထားတာထက် သူတို့နဲ့အတူတူ အပြင်ထွက်လည်ပေးပါ။ အပြင်ထွက်ခြင်းဟာ နေရောင်ခြည်နဲ့ထိတွေ့တဲ့အတွက် ဗီတာမင်ဒီ ထုတ်လုပ်မှုကို ပိုကောင်းစေတဲ့အပြင် မိသားစုနဲ့အတူတူလုပ်ဖြစ်တဲ့ အမှတ်တရတွေ ပိုများစေမှာပါ။
၅။ ကလေးတွေ လုပ်ချင်တာတွေဟာ အန္တရာယ်ရှိတာတွေ ဖြစ်နေတဲ့အခါ သူတို့ကို လုံးဝကြီး ပိတ်ပင်တာမျိုးမဟုတ်ဘဲ အန္တရာယ်ကင်းကင်း ကစားနိုင်ဖို့ ပြောပြ၊ သင်ပြ ပေးပါ။
၆။ ကလေးတွေကို အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးတွေနဲ့ ဝေးဝေးမှာထားပါ။ မိဘတွေကိုယ်တိုင်က အရက်သောက်မယ်၊ ဆေးလိပ်သောက်မယ်ဆိုရင် ကလေးက ငယ်စဉ်ကတည်းက ဒါတွေနဲ့ရင်းနှီးနေမယ်၊ တွေ့ဖူးနေမယ်ဆိုရင် တခြားကလေးတွေထက် ဒါတွေကို သုံးစွဲတတ်ဖို့ အခွင့်အရေး ပိုများလာတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘတွေ သတိကြီးကြီးထားသင့်ပါတယ်။
၇။ အိမ်တွင်းအကြမ်းဖက်မှုတွေကို ရှောင်ကြဉ်ပါ။ ကလေးတွေဟာ အရမ်းကို နုနယ်ကြပါတယ်။ ဒီလိုအရွယ်မှာ ခံစားလိုက်ရတဲ့စိတ်ဒဏ်ရာဟာ အသက် တော်တော်ကြီးတဲ့အထိ မပျောက်နိုင်ဘူးလို့ ဆိုပါတယ်။ ဒီလို အိမ်တွင်းအကြမ်းဖက်တတ်တဲ့၊ မိသားစုအချင်းချင်း ရန်လုပ်တတ်တဲ့၊ အနိုင်ကျင့်တတ်တဲ့အိမ်မှာ ကြီးပြင်းလာတဲ့ကလေးတွေဟာ ဆယ်ကျော်သက်အရွယ်မှာ ရာဇဝတ်မှုကျူးလွန်ဖို့၊ ကိုယ့်ကိုကိုယ်သတ်သေဖို့ အခွင့်အရေး ပိုများတာကို တွေ့ရတတ်ပါတယ်။
ဒေါက်တာအောင် (www.drmyanmar.com)
Nutrilin IA 2

(Zawgyi)
မိဘေတြက ကေလးေတြကို ျပဳစုေစာင့္ေရွာက္ရာမွာ အဓိက အေရးအႀကီးဆုံးက ကေလးေတြ ေကာင္းမြန္စြာ ႀကီးထြားဖြံ႕ၿဖိဳးလာဖို႔အတြက္ ခ်စ္ျခင္းတရားေတြရွိၿပီး လုံၿခဳံတဲ့ပတ္ဝန္းက်င္တစ္ခုကို ကေလးေတြအတြက္ တည္ေဆာက္ထားေပးႏိုင္ဖို႔ပါပဲ။ ဒီလိုလုပ္ေပးတာဟာ မိဘေတြက သူတို႔ရဲ႕ကေလးေတြကို အနာဂတ္မွာ ထူးခြၽန္တဲ့ထက္ျမက္တဲ့ ကိုယ္ခ်င္းစာတရားရွိတဲ့ကေလးေတြ ျဖစ္လာဖို႔ အေျခခံအုတ္ျမစ္ ခ်ေပးတာပဲ ျဖစ္ပါတယ္။
ဒီလိုဂ႐ုစိုက္မႈေတြ၊ သင္ၾကားမႈေတြထဲမွာ ကေလးေတြကို က်န္းမာေရးနဲ႔အညီ ေနထိုင္စားေသာက္တတ္ေအာင္ သင္ၾကားေပးဖို႔ကလည္း ေအာင္ျမင္ေပ်ာ္႐ႊင္တဲ့ ကေလးေတြျဖစ္ဖို႔ အေရးႀကီးတဲ့အခ်က္ပဲ ျဖစ္ပါတယ္။ အခုေခတ္မွာ မွားယြင္းတဲ့ ေနထိုင္စားေသာက္မႈပုံစံေတြေၾကာင့္ ျဖစ္တဲ့ေရာဂါေတြဟာ လူေတာ္ေတာ္မ်ားမ်ားကို ၿခိမ္းေျခာက္လာၾကပါတယ္။ ဒါေၾကာင့္ က်န္းမာတဲ့ ေနထိုင္စားေသာက္မႈပုံစံကို ကေလးေတြ ငယ္ငယ္ကတည္းက အက်င့္ရေအာင္၊ နားလည္ေအာင္ သင္ၾကားေလ့က်င့္ေပးသင့္ပါတယ္။
>> ဒီေတာ့ ကိုယ့္ကေလးရဲ႕က်န္းမာေရးအတြက္ မိဘေတြ ဘာေတြလုပ္ေပးသင့္သလဲ။
၁။ အဓိကအက်ဆုံးကေတာ့ အစားအေသာက္ပါ။ ကေလးေတြကို အသီးအႏွံေတြ၊ ဟင္းသီးဟင္းရြက္ေတြ အေရာင္စုံစုံလင္ေအာင္ ေကြၽးေမြးသင့္ပါတယ္။ ကေလးအမ်ားစုက အသားေတြနဲ႔ သေရစာေတြကို ပိုႀကိဳက္တတ္ေပမယ့္လည္း အသီးအရြက္စားတဲ့အက်င့္ျဖစ္ေအာင္ ေလ့က်င့္ေပးပါ။
၂။ မိသားစုစုံညီ ညစာစားတဲ့အက်င့္ လုပ္ပါ။ ဒါဟာ ဘာ့ေၾကာင့္ဆိုၿပီး တိတိက်က်ေျပာဖို႔ခက္ေပမယ့္ မိသားစုနဲ႔ စုံညီစားေသာက္ေလ့ရွိတဲ့ ကေလးဟာ အာဟာရျပည့္႐ုံသာမက စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးလည္း ေကာင္းမြန္ေလ့ရွိေၾကာင္း ေတြ႕ရပါတယ္။ အကယ္၍ ညစာစုံညီစားဖို႔ မအားခဲ့ရင္ မနက္စာကို မိသားစုစုံၿပီးစားလည္း ရပါတယ္။ ေနာက္တစ္ခုက မနက္စာဟာ က်န္းမာေရးအတြက္ ေတာ္ေတာ္ေလး အေရးပါတာကို အမ်ားစု သိၿပီးသားျဖစ္မွာပါ။ ဒါ့ေၾကာင့္ ကေလးကို မနက္စာ ပုံမွန္စားတတ္ေအာင္လည္း အက်င့္လုပ္ေပးသင့္ပါတယ္။
၃။ က်န္းမာေနဖို႔အတြက္ ကိုယ္လက္လႈပ္ရွားမႈကလည္း လိုအပ္တယ္ဆိုတာ လူတိုင္းသိၾကပါတယ္။ ဒါ့ေၾကာင့္ ကေလးေတြကို ငယ္ငယ္ကတည္းက ေလ့က်င့္ခန္းလုပ္တဲ့အက်င့္ျဖစ္ေအာင္ လုပ္ေပးရပါမယ္။ မိသားစုနဲ႔အတူ အိမ္ထဲမွာ (သို႔မဟုတ္) အိမ္ျပင္မွာ ကိုယ္လက္လႈပ္ရွားမႈလုပ္တာ၊ ကစားတာ စတာေတြကို ပုံမွန္လုပ္ေပးသင့္ပါတယ္။ တစ္ပတ္ကို ငါးႀကိမ္ခန႔္ေလာက္ ေခြၽးထြက္ေစမယ့္ လႈပ္ရွားမႈတစ္မ်ိဳးမ်ိဳးကို လုပ္တတ္တဲ့အက်င့္ လုပ္ေပးပါ။
၄။ ကေလးေတြကို ေနပူမွာ၊ ထိခိုက္မွာ စိုးရိမ္လို႔၊ မိဘက မအားလို႔၊ အခ်ိန္မရလို႔ဆိုၿပီး အိမ္မွာပဲထားတာထက္ သူတို႔နဲ႔အတူတူ အျပင္ထြက္လည္ေပးပါ။ အျပင္ထြက္ျခင္းဟာ ေနေရာင္ျခည္နဲ႔ထိေတြ႕တဲ့အတြက္ ဗီတာမင္ဒီ ထုတ္လုပ္မႈကို ပိုေကာင္းေစတဲ့အျပင္ မိသားစုနဲ႔အတူတူလုပ္ျဖစ္တဲ့ အမွတ္တရေတြ ပိုမ်ားေစမွာပါ။
၅။ ကေလးေတြ လုပ္ခ်င္တာေတြဟာ အႏၲရာယ္ရွိတာေတြ ျဖစ္ေနတဲ့အခါ သူတို႔ကို လုံးဝႀကီး ပိတ္ပင္တာမ်ိဳးမဟုတ္ဘဲ အႏၲရာယ္ကင္းကင္း ကစားႏိုင္ဖို႔ ေျပာျပ၊ သင္ျပ ေပးပါ။
၆။ ကေလးေတြကို အရက္၊ ေဆးလိပ္၊ မူးယစ္ေဆးဝါးေတြနဲ႔ ေဝးေဝးမွာထားပါ။ မိဘေတြကိုယ္တိုင္က အရက္ေသာက္မယ္၊ ေဆးလိပ္ေသာက္မယ္ဆိုရင္ ကေလးက ငယ္စဥ္ကတည္းက ဒါေတြနဲ႔ရင္းႏွီးေနမယ္၊ ေတြ႕ဖူးေနမယ္ဆိုရင္ တျခားကေလးေတြထက္ ဒါေတြကို သုံးစြဲတတ္ဖို႔ အခြင့္အေရး ပိုမ်ားလာတာပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မိဘေတြ သတိႀကီးႀကီးထားသင့္ပါတယ္။
၇။ အိမ္တြင္းအၾကမ္းဖက္မႈေတြကို ေရွာင္ၾကဥ္ပါ။ ကေလးေတြဟာ အရမ္းကို ႏုနယ္ၾကပါတယ္။ ဒီလိုအရြယ္မွာ ခံစားလိုက္ရတဲ့စိတ္ဒဏ္ရာဟာ အသက္ ေတာ္ေတာ္ႀကီးတဲ့အထိ မေပ်ာက္ႏိုင္ဘူးလို႔ ဆိုပါတယ္။ ဒီလို အိမ္တြင္းအၾကမ္းဖက္တတ္တဲ့၊ မိသားစုအခ်င္းခ်င္း ရန္လုပ္တတ္တဲ့၊ အႏိုင္က်င့္တတ္တဲ့အိမ္မွာ ႀကီးျပင္းလာတဲ့ကေလးေတြဟာ ဆယ္ေက်ာ္သက္အရြယ္မွာ ရာဇဝတ္မႈက်ဴးလြန္ဖို႔၊ ကိုယ့္ကိုကိုယ္သတ္ေသဖို႔ အခြင့္အေရး ပိုမ်ားတာကို ေတြ႕ရတတ္ပါတယ္။
ေဒါက္တာေအာင္ (www.drmyanmar.com)
















