/
news/ကလေးများနှင့်ကျန်းမာရေး/ကျွန်မကလေး-ဝမ်းချုပ်မှာကို-စိတ်မပူရတော့ဘူး

ကျွန်မကလေး ဝမ်းချုပ်မှာကို စိတ်မပူရတော့ဘူး

Category
ကလေးများနှင့်ကျန်းမာရေး

လူကြီးတွေအနေနဲ့ ဝမ်းချုပ်ပြီဆိုရင် မိမိကိုယ်ကို ဝမ်းချုပ်နေမှန်းသိပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ ကလေးတွေအနေနဲ့ကျတော့ မိမိကိုယ်ကို ဝမ်းချုပ်မှန်း မသိကြတဲ့အပြင် ဝမ်းမသွားတာကြာလာရင် ဝမ်းသွားရတာ ပိုမိုခက်ခဲတတ်တယ်လို့လည်း မမှန်းဆတတ်ကြတော့ ဝမ်းချုပ်ခြင်းဆိုတာ ကလေးတွေမှာ  ပြဿနာတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

>>  ပုံမှန်ဝမ်းသွားခြင်း
ကလေးတစ်ယောက်နဲ့တစ်ယောက် ဝမ်းသွားပုံခြင်းတော့ မတူနိုင်ပါဘူး။ တချို့ကလေးတွေက တစ်ရက်ကို တစ်ခါ၊ နှစ်ခါလောက်သွားပေမယ့် တချို့ကျတော့ နှစ်ရက်နေမှတစ်ခါ (သို့) သုံးရက်နေမှတစ်ခါ သွားတာမျိုး ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးတစ်ယောက်ဟာ ဝမ်းသွားတဲ့အခါ နာကျင်ခြင်းမရှိဘဲ သွားနေကျအတိုင်း ဝမ်းသွားနေမယ်ဆိုရင် သူ့အတွက်တော့ ဒါကို ပုံမှန်ဝမ်းသွားတယ်လို့ ဆိုလို့ရပါတယ်။

Dugro IA 1

>>  ဝမ်းချုပ်ခြင်းရဲ့ လက္ခဏာများ
၁။  စမျဉ်းတုံးများမာကာ ဝမ်းသွားစဉ် နာကျင်ခြင်း
၂။  တစ်ကြိမ်နဲ့တစ်ကြိမ် ဝမ်းသွားတဲ့ကြားမှာ ရက်ပေါင်းများစွာကြာခြင်း
၃။  ဝမ်းသွားတဲ့အခါ စအိုမှ သွေးထွက်ခြင်း
၄။  ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်နာခြင်း ၊ ပျို့ချင်အန်ချင်ခြင်း
၅။  ဝမ်းသွားတဲ့အခါ မျက်နှာရှုံ့မဲ့ပြီး အတင်းညှစ်ရခြင်း စတဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဝမ်းချုပ်နေပြီလို့ သတ်မှတ်လို့ရပါတယ်။

>>  ဝမ်းချုပ်စေတဲ့ အကြောင်းရင်းများ
၁။  ဝမ်းသွားချင်တဲ့အချိန်မှာ မသွားဘဲ အောင့်ထားခြင်း
၂။  နာမကျန်းဖြစ်ခြင်း
၃။  အစားအသောက်ထဲမှာ လုံလောက်တဲ့ အမျှင်ဓာတ်နဲ့ ရေဓာတ် မပါဝင်ခြင်း
၄။  ကလေးနေ့စဉ်လုပ်နေကျပုံစံ ပျက်သွားခြင်း (ဥပမာ - ခရီးသွားခြင်း)

Dugro IA 2

>>  ကလေးတစ်ယောက် ပုံမှန်ဝမ်းသွားစေဖို့အတွက် နည်းလမ်းကောင်းများ
၁။  ဝမ်းကို အချိန်မှန်သွားတတ်စေရန် လေ့ကျင့်ပေးပါ။ ဝမ်းသွားရမယ့်အချိန်ကို သတ်မှတ်ထားပြီး အဲ့ဒီအချိန်ရောက်တိုင်း ဝမ်းသွားဖို့ ကလေးကို သတိပေးပါ။
၂။  အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်များနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များကိုသာ ကျွေးပါ။ ဖော်စပ်စာနဲ့ ဖော်မြူလာနို့တွေသောက်တဲ့ ကလေးဆိုရင်လည်း အမျှင်ဓာတ်ပါဝင်မှုများတဲ့ ဖော်စပ်စာနဲ့ ဖော်မြူလာနို့တွေကို ရွေးချယ်တိုက်ကျွေးပါ။
၃။  ကလေးကို လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွနေဖို့ အားပေးပါ။

ကလေးတွေ ဝမ်းမှန်စေဖို့ ကူညီပေးတဲ့အရာတစ်ခုက အူလမ်းကြောင်းမှာရှိတဲ့ Probiotics လို့ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေပါ။ ဒီဘက်တီးရီးယားလေးတွေ ကျန်းမာစေဖို့ဆိုရင်တော့ Prebiotics ကျွေးပေးဖို့ လိုအပ်ပါလိမ့်မယ်။ Prebiotics နဲ့ Probiotics တွေ အတူတကွ အလုပ်လုပ်ပြီးတော့ ကလေးတွေရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။ သားသားမီးမီးတို့ရဲ့ ဝမ်းပြဿနာကို ဖြေရှင်းပေးနေတဲ့ Prebiotics တွေထဲမှာ lcFOS (long chain fructo-oligosaccharides) နဲ့ Inulin လည်း ပါဝင်နေပါတယ်။ ဒီ prebiotics နှစ်မျိုးကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ကညွတ် စတဲ့ ဟင်းသီးဟင်းရွက်တွေကနေ သဘာဝအတိုင်း ရရှိနိုင်သလို ဖော်စပ်စာနဲ့ ဖော်မြူလာနို့တွေမှာ ထည့်သွင်းထုတ်လုပ်ထားတာလည်း တွေ့ရပါတယ်။

>>  ကလေးတစ်ယောက်ဟာ တစ်နေ့ကို အမျှင်ဓာတ် ဘယ်လောက် စားသုံးပေးဖို့ လိုအပ်သလဲ။
ကလေးရဲ့ အသက်၊ ကိုယ်အလေးချိန်နဲ့ ကယ်လိုရီလိုအပ်ချက်အပေါ် မူတည်ပြီးတော့ လမ်းညွှန်ချက်တွေကတော့ အမျိုးမျိုးရှိပါတယ်။ ပျမ်းမျှအားဖြင့် အသက်နှစ်နှစ်ကနေ ခြောက်နှစ်အရွယ် ကလေးတွေအတွက်တော့ တစ်နေ့ကို အမျှင်ဓာတ်ပမာဏ (၁၅) ဂရမ်ဝန်းကျင်လောက် ကျွေးပေးဖို့ လိုအပ်ပါတယ်။
လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ခုကတော့ (၅) ကြိမ်ကျွေးပါ ဆိုပြီး မှတ်ထားလို့ရပါတယ်။ ဒါကတော့ ဂရမ်နဲ့တွက်ပြီးကျွေးဖို့ အဆင်မပြေတဲ့ မိဘတွေအတွက် ရည်ရွယ်ပါတယ်။ မိမိတို့ကလေးကို အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ အနည်းဆုံး တစ်နေ့ ငါးကြိမ်လောက် ကျွေးပါ။ ကျွေးတဲ့အခါမှာလည်း သူ့ချည်းမဟုတ်ဘဲ တခြားအမျှင်ဓာတ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုး၊ အစေ့အဆံ စတာတွေနဲ့ တွဲကျွေးပေးဖို့ အကြံပြုလိုပါတယ်။

Dr. Aye Su Mon (drmyanmar.com)