ငယ်ချေးကိုကြည့်၍ ကလေး၏ IQ အားခန့်မှန်းနိုင်
မွေးကင်းစကလေးငယ်၏ ငယ်ချေးကိုကြည့်၍ ၎င်းတို့၏ IQ ရမှတ်မြင့်မားမှုရှိ၊ မရှိသိရှိနိုင်ကြောင်း သုတေသီတို့ကလေ့လာတွေ့ရှိခဲ့ကြပါတယ်။ ငယ်ချေးတွင်ရှိသည့် fatty acid ethyl esters (FAEE) ကိုတိုင်းတာခြင်းဖြင့် ကလေးငယ်၏ IQ မြင့်/မမြင့် အကြမ်းဖျဉ်းခန့်မှန်းနိုင်မည်ဖြစ်ပြီးထိုသို့ (FAEE) အဆင့်သည် ကိုယ်၀န်ဆောင်ချိန်၌ မိခင်သုံးစွဲသောကိုကင်း၊ အယ်လ်ကိုဟောနှင့် အခြားသောဆေးဝါး များပေါ်တွင် မူတည်သည်ဟုလေ့လာသူတို့ကဆိုပါတယ်။
သုတေသီတို့က 1990 အလယ်ပိုင်းတွင် မွေးဖွားသောကလေး 400 နီးပါးအား 20 နှစ်ကြာစောင့်ကြည့်ခဲ့ပြီး ကလေးအသက် 9 နှစ်၊ 11 နှစ်၊ 15 နှစ်အရွယ်တွင် ဉာဏ်ရည်စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာမွေးကင်းစအရွယ်တွင် စွန့်ထုတ်သော၀မ်း၌ FAEE ပမာဏ မြင့်ခဲ့သောကလေးများသည် IQ ရမှတ် နိမ့်ကျမှုရှိကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ဤက့ဲသို့ FAEE အဆင့်မြင့်မှုသည် ကိုယ်၀န်ဆောင်ချိန်၌ မိခင်အရက်သောက်ခြင်းနှင့် အဓိကသက်ဆိုင်ကြောင်းလေ့လာမှု အဖွဲ့ခေါင်းဆောင်ကဆိုပါတယ်။ မိခင်အရက်သောက်ခြင်းကြောင့် ကလေးငယ်တွင် IQ နိမ့်ခြင်းအပြင် အခြားအကျိုးဆက်အနေဖြင့် ဦးခေါင်းသေးခြင်း၊ မျက်အိမ်ကျဉ်းခြင်း၊ အပေါ်နှုတ်ခမ်းပါးခြင်း၊ နှုတ်ခမ်းကွဲခြင်း စသည့် မျက်နှာအသွင်အပြင် ချို့ယွင်းမှုများပါမွေးရာပါ ပါလာတတ်ပါတယ်။
CMS
















