/
news/ကလေးများနှင့်ကျန်းမာရေး/ထက်မြက်အောင်မြင်တဲ့-ကလေးတွေဖြစ်အောင်-ဒီနွေကျောင်းပိတ်ရက်မှာ

ထက်မြက်အောင်မြင်တဲ့ ကလေးတွေဖြစ်အောင် ဒီနွေကျောင်းပိတ်ရက်မှာ ဘယ်လိုပြုစုပျိုးထောင်ကြမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

နွေရာသီကျောင်းပိတ်ရက်ကို ရောက်ပြီဆိုတော့ မိဘနဲ့ သားသမီးရဲ့ တွေ့ဆုံရတဲ့အချိန်ကလည်း အရင်ကထက် အများကြီး ပိုရလာပြီ ဖြစ်ပါတယ်။ ဒီအချိန်ဟာ ကလေးတွေကို ထက်မြက်ထူးချွန်တဲ့ အလိမ္မာတုံးလေးတွေဖြစ်အောင် သင်ကြားပေးဖို့ အချိန်အရဆုံးပါပဲ။ ကဲ ... ဒီတော့ ဘယ်လိုတွေ ပြုစုပျိုးထောင်ကြမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

(၁)  လူမှုရေးကောင်းအောင် သင်ပေးပါ။
ပညာရှင်များရဲ့ နှစ်ပေါင်း၂၀ ကြာလေ့လာချက်အရ မူလတန်းအရွယ်ကတည်းက လူမှုဆက်ဆံရေးကောင်းတဲ့ ကလေးတွေဟာ အသက်ကြီးလာတဲ့အခါ အောင်မြင်သူများ ဖြစ်လာကြပါတယ်။ ဒါကြောင့် ကိုယ့်သူငယ်ချင်းတွေနဲ့ အပြင်သွားဖို့ချိန်းထားရင် သူတို့တွေရဲ့ သားသမီးတွေကိုပါ ခေါ်လာခိုင်းပြီး Play Date လုပ်လို့ရမယ့်နေရာမှာ တွေ့ဆုံပါ။ ခင်မင်တတ်သူဖြစ်အောင်၊ မျှဝေတတ်သူဖြစ်အောင်၊ သူတပါးစကားပြောနေစဉ် ကြားဖြတ်မပြောအောင် သင်ကြားပေးပါ။

(၂)  လိုတာထက်ပိုပြီး မကာကွယ်ပေးပါနဲ့။
ဟားဗတ်တက္ကသိုလ်မှ လေ့လာချက်အရ ကလေးတွေကို အမှားများပြုလုပ်စေပြီး အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်တဲ့ အရည်အချင်းတွေကို မွေးမြူစေခြင်းဖြင့် အနာဂတ်မှာ အောင်မြင်မှုရရှိစေဖို့ ပိုမို နီးစပ်စေတယ်လို့ ဆိုပါတယ်။

(၃)  ဖုန်း ကြာကြာသုံးခိုင်းခြင်းကို ရှောင်ကြဉ်ပါ။
ကျောင်းပိတ်ပြီဆိုပြီး သူတို့စိတ်တိုင်းကျ ဖုန်းသုံးတာမျိုးကို ခွင့်မပြုပါနဲ့။ ဖုန်းအသုံးပြုမှုများရင် အဝလွန်တာ၊ အိပ်ချိန်မမှန်တာနဲ့ တချို့ကြမ်းတမ်းရက်စက်တဲ့ Game တွေ အဆော့များရင် အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ပါ တွေ့ကြုံရနိုင်ပါတယ်။

EC Kidz IA 1

(၄)  အိမ်အလုပ်များ ကူညီခိုင်းပါ။
ဒီကျောင်းပိတ်တဲ့ရာသီဟာ အိမ်အလုပ်တွေ များများခိုင်းသင့်တဲ့အချိန်ပါ။ အိမ်အလုပ်များ လုပ်စေခြင်းဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ အိမ်သန့်ရှင်းရေးကူလုပ်တာ၊ မီးဖိုချောင်အလုပ်တွေကူတာ၊ ဆိုင်မှာ ဝိုင်းကူဈေးရောင်းပေးတာ ဒါမျိုးတွေ လုပ်ခိုင်းသင့်ပါတယ်။ ဈေးရောင်းရင်းနဲ့တောင် အပေါင်း၊ အနှုတ်တွေ ပိုပြီး ကျွမ်းကျင်လာနိုင်ပါသေးတယ်နော်။

(၅)  အရမ်းတင်းကျပ်လွန်းခြင်း သို့မဟုတ် အလိုလိုက်လွန်းခြင်းကိုရှောင်ပါ။
မိဘများရဲ့ အုပ်ထိန်းမှုအပေါ် မူတည်ပြီး တင်းကျပ်လွန်းသောမိဘ၊ အလိုလိုက်လွန်းသောမိဘ၊ ချစ်တာနဲ့ စည်းကမ်းသတ်မှတ်တာ မျှသောမိဘဆိုပြီး ပညာရှင်တစ်ဦးက ခွဲခြားထားပါတယ်။ ထိုအုပ်စုတွေအရ ချစ်တာနဲ့ စည်းကမ်းသတ်မှတ်တာမျှသော မိဘများနဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးငယ်တွေဟာ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ပြီး အောင်မြင်သူများ ဖြစ်လာတယ်ဆိုတာ တွေ့ရှိရပါတယ်။

(၆)  ချစ်ခြင်းမေတ္တာနဲ့ ထုံမွမ်းသော အိမ်ဂေဟာလေး ဖြစ်ပါစေ။
နေ့စဉ်ရန်ဖြစ်နေတဲ့ မိဘတွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေဟာ မိဘချင်းချစ်ခင်ကြတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေထက်စာရင် ဆိုးသွမ်းတဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာနိုင်ခြေ များတတ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ရန်ဖြစ်ချင်ရင်တောင်မှ ကလေးတွေ နောက်ကွယ်မှာဖြစ်ခြင်း၊ အော်ကြီးဟစ်ကျယ်ဖြစ်ခြင်းကို ရှောင်ဖို့ သေချာအကြံပေးလိုပါတယ်။

လေပြေနုသွေး (ဆေး၂) (www.drmyanmar.com)

EC Kidz IA 2

(Zawgyi)

ေႏြရာသီေက်ာင္းပိတ္ရက္ကို ေရာက္ၿပီဆိုေတာ့ မိဘနဲ႔ သားသမီးရဲ႕ ေတြ႕ဆုံရတဲ့အခ်ိန္ကလည္း အရင္ကထက္ အမ်ားႀကီး ပိုရလာၿပီ ျဖစ္ပါတယ္။ ဒီအခ်ိန္ဟာ ကေလးေတြကို ထက္ျမက္ထူးခြၽန္တဲ့ အလိမၼာတုံးေလးေတြျဖစ္ေအာင္ သင္ၾကားေပးဖို႔ အခ်ိန္အရဆုံးပါပဲ။ ကဲ ... ဒီေတာ့ ဘယ္လိုေတြ ျပဳစုပ်ိဳးေထာင္ၾကမလဲဆိုတာ ၾကည့္လိုက္ရေအာင္ေနာ္။

(၁)  လူမႈေရးေကာင္းေအာင္ သင္ေပးပါ။
ပညာရွင္မ်ားရဲ႕ ႏွစ္ေပါင္း၂၀ ၾကာေလ့လာခ်က္အရ မူလတန္းအ႐ြယ္ကတည္းက လူမႈဆက္ဆံေရးေကာင္းတဲ့ ကေလးေတြဟာ အသက္ႀကီးလာတဲ့အခါ ေအာင္ျမင္သူမ်ား ျဖစ္လာၾကပါတယ္။ ဒါေၾကာင့္ ကိုယ့္သူငယ္ခ်င္းေတြနဲ႔ အျပင္သြားဖို႔ခ်ိန္းထားရင္ သူတို႔ေတြရဲ႕ သားသမီးေတြကိုပါ ေခၚလာခိုင္းၿပီး Play Date လုပ္လို႔ရမယ့္ေနရာမွာ ေတြ႕ဆုံပါ။ ခင္မင္တတ္သူျဖစ္ေအာင္၊ မွ်ေဝတတ္သူျဖစ္ေအာင္၊ သူတပါးစကားေျပာေနစဥ္ ၾကားျဖတ္မေျပာေအာင္ သင္ၾကားေပးပါ။

(၂)  လိုတာထက္ပိုၿပီး မကာကြယ္ေပးပါနဲ႔။
ဟားဗတ္တကၠသိုလ္မွ ေလ့လာခ်က္အရ ကေလးေတြကို အမွားမ်ားျပဳလုပ္ေစၿပီး အခက္အခဲေတြကို ႀကံ့ႀကံ့ခံႏိုင္တဲ့ အရည္အခ်င္းေတြကို ေမြးျမဴေစျခင္းျဖင့္ အနာဂတ္မွာ ေအာင္ျမင္မႈရရွိေစဖို႔ ပိုမို နီးစပ္ေစတယ္လို႔ ဆိုပါတယ္။

(၃)  ဖုန္း ၾကာၾကာသုံးခိုင္းျခင္းကို ေရွာင္ၾကဥ္ပါ။
ေက်ာင္းပိတ္ၿပီဆိုၿပီး သူတို႔စိတ္တိုင္းက် ဖုန္းသုံးတာမ်ိဳးကို ခြင့္မျပဳပါနဲ႔။ ဖုန္းအသုံးျပဳမႈမ်ားရင္ အဝလြန္တာ၊ အိပ္ခ်ိန္မမွန္တာနဲ႔ တခ်ိဳ႕ၾကမ္းတမ္းရက္စက္တဲ့ Game ေတြ အေဆာ့မ်ားရင္ အျပဳအမူပိုင္းဆိုင္ရာ ျပႆနာေတြနဲ႔ပါ ေတြ႕ႀကဳံရႏိုင္ပါတယ္။

(၄)  အိမ္အလုပ္မ်ား ကူညီခိုင္းပါ။
ဒီေက်ာင္းပိတ္တဲ့ရာသီဟာ အိမ္အလုပ္ေတြ မ်ားမ်ားခိုင္းသင့္တဲ့အခ်ိန္ပါ။ အိမ္အလုပ္မ်ား လုပ္ေစျခင္းဟာ ကေလးေတြရဲ႕ စိတ္ပိုင္းဆိုင္ရာကို ဖြံ႕ၿဖိဳးတိုးတက္ေစပါတယ္။ အိမ္သန႔္ရွင္းေရးကူလုပ္တာ၊ မီးဖိုေခ်ာင္အလုပ္ေတြကူတာ၊ ဆိုင္မွာ ဝိုင္းကူေဈးေရာင္းေပးတာ ဒါမ်ိဳးေတြ လုပ္ခိုင္းသင့္ပါတယ္။ ေဈးေရာင္းရင္းနဲ႔ေတာင္ အေပါင္း၊ အႏႈတ္ေတြ ပိုၿပီး ကြၽမ္းက်င္လာႏိုင္ပါေသးတယ္ေနာ္။

(၅)  အရမ္းတင္းက်ပ္လြန္းျခင္း သို႔မဟုတ္ အလိုလိုက္လြန္းျခင္းကိုေရွာင္ပါ။
မိဘမ်ားရဲ႕ အုပ္ထိန္းမႈအေပၚ မူတည္ၿပီး တင္းက်ပ္လြန္းေသာမိဘ၊ အလိုလိုက္လြန္းေသာမိဘ၊ ခ်စ္တာနဲ႔ စည္းကမ္းသတ္မွတ္တာ မွ်ေသာမိဘဆိုၿပီး ပညာရွင္တစ္ဦးက ခြဲျခားထားပါတယ္။ ထိုအုပ္စုေတြအရ ခ်စ္တာနဲ႔ စည္းကမ္းသတ္မွတ္တာမွ်ေသာ မိဘမ်ားနဲ႔ ႀကီးျပင္းခဲ့ရတဲ့ ကေလးငယ္ေတြဟာ စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ႏိုင္ၿပီး ေအာင္ျမင္သူမ်ား ျဖစ္လာတယ္ဆိုတာ ေတြ႕ရွိရပါတယ္။

(၆)  ခ်စ္ျခင္းေမတၱာနဲ႔ ထုံမြမ္းေသာ အိမ္ေဂဟာေလး ျဖစ္ပါေစ။
ေန႔စဥ္ရန္ျဖစ္ေနတဲ့ မိဘေတြၾကားမွာ ႀကီးျပင္းခဲ့ရတဲ့ ကေလးေတြဟာ မိဘခ်င္းခ်စ္ခင္ၾကတဲ့ မိသားစုမွာ ႀကီးျပင္းခဲ့ရတဲ့ ကေလးေတြထက္စာရင္ ဆိုးသြမ္းတဲ့ ကေလးေတြအျဖစ္ ႀကီးျပင္းလာႏိုင္ေျခ မ်ားတတ္ပါတယ္။ ဒါေၾကာင့္ မိဘေတြအေနနဲ႔ ရန္ျဖစ္ခ်င္ရင္ေတာင္မွ ကေလးေတြ ေနာက္ကြယ္မွာျဖစ္ျခင္း၊ ေအာ္ႀကီးဟစ္က်ယ္ျဖစ္ျခင္းကို ေရွာင္ဖို႔ ေသခ်ာအႀကံေပးလိုပါတယ္။

ေလေျပႏုေသြး (ေဆး၂) (www.drmyanmar.com)