ဒီအချိန်မှာ ကိုယ်ခံအားကောင်းအောင် ကလေးတွေကို ဒါတွေကျွေးပါ
1. ဟင်းခတ်အမွှေးအကြိုင်
မီးဖိုချောင်ထဲမှာရှိတဲ့ နနွင်း၊ သစ်ကြံပိုးခေါက် စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေမှာ ကိုယ်ခံအားကို ကောင်းစေတဲ့ဓာတ်တွေပါလို့ ရေနွေးနဲ့ စိမ်သောက်တာ၊ ပျားရည်နဲ့စားတာ၊ လှော်ပြီးစားတာတွေက ကောင်းပါတယ်။
2. ကြက်သွန်နီ၊ ကြက်သွန်ဖြူ
ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေမှာ ရောဂါပိုးတွေ၊ မှိုတွေကိုနိုင်တဲ့ အာနိသင်ရှိသလို ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးပါတယ်။ ကြက်သွန်ဖြူမှာ မဂ္ဂနီ၊ ဗီတာမင် B6 ၊ ဗီတာမင် C ၊ ဆီလီနီယမ် စတဲ့ ဓာတ်တွေ ကြွယ်ဝသလို ကြွက်သွန်နီမှာ quercetin နဲ့ ဗီတာမင် C တွေ ပါဝင်ပါတယ်။
3. အုန်းဆီ
အုန်းဆီစစ်စစ်မှာ ရောဂါပိုးတွေ၊ မှိုပိုးတွေကို တိုက်ထုတ်နိုင်တဲ့အာနိသင် ရှိပါတယ်။
EC Kidz IA 1
4. ဖရုံစေ့
အစေ့အဆံတွေမှာ သွပ်ဓာတ် ၊ အိုမီဂါ 3 ၊ ဗီတာမင် E တွေပါလို့ ဦးနှောက်အတွက်လည်းကောင်း၊ အရောင်လည်း ကျစေပြီး ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ ဒီအထဲမှာ ဖရုံစေ့က သွပ်ဓာတ်ပါဝင်မှု အများဆုံး ဖြစ်ပါတယ်။
5. Probiotics
ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ဘက်တီးရီးယားတွေ များများရှိတာဟာ မကောင်းတဲ့ဘက်တီးရီးယားတွေဝင်ဖို့ အခွင့်အလမ်း နည်းသွားစေပါတယ်။ ဒီဘက်တီးရီးယားတွေ အားကောင်းစေဖို့ probiotic တွေပါတဲ့ ကင်ချီ၊ ပန်းသီးရှာလကာ၊ သဘာဝ နို့ထောပတ်၊ ဒိန်ချဉ် စတာတွေကို စားပေးနိုင်ပါတယ်။
EC Kidz IA 2
6. ဗီတာမင် C ကြွယ်ဝသော အသီးအနှံများ
ဗီတာမင် C က တက်ကြွလန်းဆန်းစေတဲ့အတွက် ဗီတာမင် C ပါဝင်တဲ့ အသီးအနှံတွေဖြစ်တဲ့ နာနတ်သီး၊ လိမ္မော်သီး၊ ကီဝီသီး၊ သင်္ဘောသီး၊ စပျစ်သီးတို့ကိုလည်း တစ်နေ့တစ်မျိုး မရိုးရအောင် ထည့်ကျွေးပေးသင့်ပါတယ်။
7. အောက်စီဂျင်
အောက်စီဂျင်က အကောင်းဆုံးခုခံအားကောင်းကို မြှင့်တင်ပေးနိုင်တဲ့ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားတွေအနေနဲ့ စာကျက်ချိန်မှာ ၂ မိနစ်လောက် အနားယူပြီး အသက်ကိုဝဝ၊ ပြင်းပြင်းရှူပေးခြင်းက ချက်ချင်း အကျိုးရှိစေပါတယ်။
Dr. Htar (www.dmryanmar.com)
















