နာတာရှည်ဖျားနာနေတဲ့ ကလေးငယ်ကို ဘယ်လိုပြုစုစောင့်ရှောက်ကြမလဲ
သားသားမီးမီးလေးတို့ အအေးမိ ဖျားနာဖြစ်တဲ့အခါ မေမေ၊ ဖေဖေတွေအနေနဲ့ အချိန်မှန်မှန် ဆေးတိုက်ပေးရတာ၊ အာဟာရပြည့်မယ့် အစားအစားတွေ ပြင်ဆင်ချက်ပြုတ်ကျွေးမွေးရတာ ပုံမှန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ရက်ရှည်နေမကောင်းဖြစ်နေတဲ့ သားသားမီးမီးလေးတွေကို ပြုစုရတဲ့အခါမှာတော့ ထပ်ပြီးလိုက်နာရမယ့် အချက်လေးတွေ ရှိလာပါပြီ။
>> ကလေးနားလည်အောင် ရှင်းပြပါ။
● ကလေးကို ဆေးရုံဆေးခန်းမပြသမီမှာ နေမကောင်းလို့ ဆေးခန်းပြပြီး ဆေးကုသမှုခံယူဖို့လိုကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ဆေးရုံက ဆရာဝန်တွေက သားသားကို ဘယ်လိုဂရုစိုက်မယ်ဖြစ်ကြောင်း ချော့မော့ပြောပါ။
● ဆေးခန်းမှာ အဖျားတိုင်းတာ သွေးပေါင်ချိန်တာတွေ လုပ်မှာဖြစ်ပြီး ကြောက်လန့်ဖို့မလိုကြောင်း ရှင်းပြထားပါ။ သွေးဖောက်ခြင်းပြုလုပ်ဖို့ လိုရင်လည်း မနာကျင်ဘူးလို့ လိမ်မယ့်အစား နည်းနည်းတော့ နာမယ်။ ဒါပေမဲ့ ငြိမ်ငြိမ်နေရင် ခဏလေးနှင့် သက်သာသွားမယ် စသည်ဖြင့် ကြိုတင်ပြောကြားပါ။
>> ကလေးရဲ့ ခံစားချက်တွေကို ပြသနိုင်ဖို့ ကူညီပေးပါ။
ကလေးကို ခံစားနေရသမျှတွေကို ပြောပြဖို့ ကြိုပြောထားပါ။ သူပြောပြတဲ့အခါမှာလည်း သေချာနားထောင်ပေးပါ။ ကလေးကို အတင်းအကျပ် ပြောပြခိုင်းတာမျိုးလည်း မလုပ်ပါနှင့်။ ကလေးက စကားပြောဖို့ အဆင်မပြေဘူးဆိုရင် စာရေးပြခိုင်းတာ ပုံဆွဲပြခိုင်းတာမျိုး လုပ်နိုင်ပါတယ်။
EC Kidz IA 1
>> ပုံမှန်အတိုင်း ဂရုစိုက်ပါ။ အရမ်း မပိုလွန်းသွားပါစေနဲ့။
နေမကောင်းသောကလေးကို ပုံမှန်အတိုင်းထားဖို့ဆိုတာ မလွယ်ကူပါဘူး။ သို့သော်လည်း တစ်ချိန်လုံး ပွေ့ဖက်ထားခြင်း၊ အလွန်အမင်း ဂရုစိုက်ခြင်းတို့ကို ပြုလုပ်မယ်ဆိုရင်တော့ ကလေး နေပြန်ကောင်းချိန်မှာ အလားတူ ဂရုစိုက်နိုင်ဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် နေမကောင်းချိန်မှာလည်း ပုံမှန်ပတ်ဝန်းကျင်မှာပဲ နွေးထွေးပြီး သက်သောင့်သက်သာဖြစ်အောင် ထားသင့်ပါတယ်။
>> လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
ကလေးဟာ နေမကောင်းခြင်းအပြင် ငြိမ်သက်လွန်းခြင်းနှင့် စိတ်ကျရောဂါလက္ခဏာတွေရှိနေပါက ကလေးဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါတယ်။
>> မိဘတွေအနေနှင့်လည်း မိမိကိုယ်ကို ဂရုစိုက်ပါ။
တစ်ယောက်တစ်လှည့် ကောင်းကောင်းအနားယူပြီး နေ့စဉ် အာဟာရပြည့်ဝအောင် စားပေးပါ။ လိုအပ်ပါက အခြားမိသားစုဝင်တွေရဲ့ အကူအညီကို ယူသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
EC Kidz IA 2
(Zawgyi)
သားသားမီးမီးေလးတို႔ အေအးမိ ဖ်ားနာျဖစ္တဲ့အခါ ေမေမ၊ ေဖေဖေတြအေနနဲ႔ အခ်ိန္မွန္မွန္ ေဆးတိုက္ေပးရတာ၊ အာဟာရျပည့္မယ့္ အစားအစားေတြ ျပင္ဆင္ခ်က္ျပဳတ္ေကြၽးေမြးရတာ ပုံမွန္ပဲျဖစ္ပါတယ္။ ဒါေပမဲ့ ရက္ရွည္ေနမေကာင္းျဖစ္ေနတဲ့ သားသားမီးမီးေလးေတြကို ျပဳစုရတဲ့အခါမွာေတာ့ ထပ္ၿပီးလိုက္နာရမယ့္ အခ်က္ေလးေတြ ရွိလာပါၿပီ။
>> ကေလးနားလည္ေအာင္ ရွင္းျပပါ။
● ကေလးကို ေဆး႐ုံေဆးခန္းမျပသမီမွာ ေနမေကာင္းလို႔ ေဆးခန္းျပၿပီး ေဆးကုသမႈခံယူဖို႔လိုေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာျပပါ။ ေဆး႐ုံက ဆရာဝန္ေတြက သားသားကို ဘယ္လိုဂ႐ုစိုက္မယ္ျဖစ္ေၾကာင္း ေခ်ာ့ေမာ့ေျပာပါ။
● ေဆးခန္းမွာ အဖ်ားတိုင္းတာ ေသြးေပါင္ခ်ိန္တာေတြ လုပ္မွာျဖစ္ၿပီး ေၾကာက္လန႔္ဖို႔မလိုေၾကာင္း ရွင္းျပထားပါ။ ေသြးေဖာက္ျခင္းျပဳလုပ္ဖို႔ လိုရင္လည္း မနာက်င္ဘူးလို႔ လိမ္မယ့္အစား နည္းနည္းေတာ့ နာမယ္။ ဒါေပမဲ့ ၿငိမ္ၿငိမ္ေနရင္ ခဏေလးႏွင့္ သက္သာသြားမယ္ စသည္ျဖင့္ ႀကိဳတင္ေျပာၾကားပါ။
>> ကေလးရဲ႕ ခံစားခ်က္ေတြကို ျပသႏိုင္ဖို႔ ကူညီေပးပါ။
ကေလးကို ခံစားေနရသမွ်ေတြကို ေျပာျပဖို႔ ႀကိဳေျပာထားပါ။ သူေျပာျပတဲ့အခါမွာလည္း ေသခ်ာနားေထာင္ေပးပါ။ ကေလးကို အတင္းအက်ပ္ ေျပာျပခိုင္းတာမ်ိဳးလည္း မလုပ္ပါႏွင့္။ ကေလးက စကားေျပာဖို႔ အဆင္မေျပဘူးဆိုရင္ စာေရးျပခိုင္းတာ ပုံဆြဲျပခိုင္းတာမ်ိဳး လုပ္ႏိုင္ပါတယ္။
>> ပုံမွန္အတိုင္း ဂ႐ုစိုက္ပါ။ အရမ္း မပိုလြန္းသြားပါေစနဲ႔။
ေနမေကာင္းေသာကေလးကို ပုံမွန္အတိုင္းထားဖို႔ဆိုတာ မလြယ္ကူပါဘူး။ သို႔ေသာ္လည္း တစ္ခ်ိန္လုံး ေပြ႕ဖက္ထားျခင္း၊ အလြန္အမင္း ဂ႐ုစိုက္ျခင္းတို႔ကို ျပဳလုပ္မယ္ဆိုရင္ေတာ့ ကေလး ေနျပန္ေကာင္းခ်ိန္မွာ အလားတူ ဂ႐ုစိုက္ႏိုင္ဖို႔ လိုပါလိမ့္မယ္။ ဒါေၾကာင့္ ေနမေကာင္းခ်ိန္မွာလည္း ပုံမွန္ပတ္ဝန္းက်င္မွာပဲ ေႏြးေထြးၿပီး သက္ေသာင့္သက္သာျဖစ္ေအာင္ ထားသင့္ပါတယ္။
>> လိုအပ္ပါက ဆရာဝန္ႏွင့္ တိုင္ပင္ပါ။
ကေလးဟာ ေနမေကာင္းျခင္းအျပင္ ၿငိမ္သက္လြန္းျခင္းႏွင့္ စိတ္က်ေရာဂါလကၡဏာေတြရွိေနပါက ကေလးဆရာဝန္ႏွင့္ ျပသတိုင္ပင္သင့္ပါတယ္။
>> မိဘေတြအေနႏွင့္လည္း မိမိကိုယ္ကို ဂ႐ုစိုက္ပါ။
တစ္ေယာက္တစ္လွည့္ ေကာင္းေကာင္းအနားယူၿပီး ေန႔စဥ္ အာဟာရျပည့္ဝေအာင္ စားေပးပါ။ လိုအပ္ပါက အျခားမိသားစုဝင္ေတြရဲ႕ အကူအညီကို ယူသင့္ပါတယ္။
Dr. Mya Phoo Ngon (www.drmyanmar.com)
















