/
news/ကလေးများနှင့်ကျန်းမာရေး/ဖေဖေ-မေမေတို့ရဲ့-တီဗွီ၊-ဖုန်း-ကြည့်ချိန်ဟာ-ကလေးတို့ရဲ့ဖွံ့ဖြိုးမှုအပေါ်

ဖေဖေ မေမေတို့ရဲ့ တီဗွီ၊ ဖုန်း ကြည့်ချိန်ဟာ ကလေးတို့ရဲ့ဖွံ့ဖြိုးမှုအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးငယ်လေးတွေရဲ့ မိဘတွေဟာ သူတို့ကလေး တီဗွီနဲ့ဖုန်း တစ်ရက်ကို ဘယ်နှစ်နာရီလောက် ပေးကြည့်သင့်သလဲ ဆိုတာ မေးတတ်ကြပါတယ်။ ဒါပေမဲ့ မိဘတွေအနေနဲ့ ကိုယ်ဟာ ကလေးထက်ပိုပြီး ဖုန်းကို ပိုကြည့်နေမိလားဆိုပြီး ကိုယ့်ဘာကို ပြန်မေးဖို့ လိုပါသေးတယ်။
မိဘတွေအနေနဲ့ ကလေးတွေကို လျှပ်စစ်ပစ္စည်းမပါတဲ့ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို တိုးတက်စေတဲ့ ကစားနည်းတွေနဲ့ အဓိကထိန်းကျောင်းသင့်ပါတယ်။ ၁ နှစ်ခွဲလောက်အရွယ်မှာတော့ တချို့ တီဗွီအစီအစဉ်တွေ၊ you tube channel တွေက အကျိုးရှိနိုင်ပေမယ့် အသက် ၂ နှစ်ကနေ ၅ နှစ်အတွင်းကို screen time ၁ နာရီထက် ပိုမပေးသင့်ပါဘူး။ ၁ နှစ်ခွဲအောက်မှာတော့ screen time လုံးဝမပေးသင့်ပါဘူး။ Screen time ဆိုတဲ့ နေရာမှာ တီဗွီ၊ ဖုန်း၊ tablet နဲ့ ကွန်ပျူတာ စတာတွေ ပါ ပါတယ်။

Nutroplex 1

ဒီနေ့ခေတ်မှာ မိဘတွေဟာ ကလေးငယ်လေးတွေကို အရောင်စုံပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ တီဗွီတွေ၊ show တွေ ရှေ့ကနေ ခွာခိုင်းဖို့ ပိုပိုပြီး ခက်လာပါတယ်။ မိဘတွေ ကိုယ်တိုင်ကလည်း facebook, tiktok စတဲ့ လူမှုကွန်ရက်တွေပေါ်မှာ အချိန်သုံးတာ ပိုများလာပြီး ကလေးရဲ့ ပေါင်းသင်းဆက်ဆံရေး၊ ကလေးနဲ့ စကားပြောဖို့ ဆော့ပေးဖို့ အချိန်ပေးတာ မရှိတော့ဘဲ ဖြစ်တတ်ပါတယ်။
မိဘရော ကလေးပါ screentime များရင် ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်တယ်လို့ နောက်ပိုင်း သုတေသနတွေအရ သိရပါတယ်။ ကလေးက youtube တီဗွီ program တွေကနေ လေ့လာသင်ယူနေရင်တောင်မှ screen time ကို သတ်မှတ်ထားပြီး အဲ့ဒီအချိန်မှာတောင် ကလေးနဲ့ ထိတွေ့ပြောဆိုနေရပါမယ်။ ဥပမာ - ကလေးက သင်ကြားရေးအစီအစဉ်ကြည့်နေရင် တူတူလိုက်ကြည့်ပြီး အဲဒါက ဘာလေးလဲ၊ ဒါက ဘယ်လို စသဖြင့် ဘေးကနေ ပြောပေးနေသင့်ပါတယ်။ ဒါမှသာ screen time သက်သက် မဟုတ်ဘဲ ပေါင်းသင်းဆက်ဆံပြောဆိုတာတွေကိုပါ အချိန်ပေးပြီးသားဖြစ်ပြီး အကျိုးရှိစေပါတယ်။ တစ်ခါတလေ ကိစ္စတစ်ခုခုကြောင့် ကလေးငြိမ်အောင် ဖုန်းပေးထားလိုက်ရတာမျိုး ရှိနိုင်ပေမယ့် ဒီလိုလုပ်ရတာ အကြိမ်ရေနည်းအောင် သတိထားပေးပါ။ နေ့တိုင်း ဒီလို ဖြစ်နေမယ်၊ တစ်ရက်ကို ၂ နာရီလောက်ထိ ကလေးနဲ့ ဖုန်းနဲ့ တူတူရှိနေရင်တော့ မဖြစ်သင့်တော့ပါဘူး။

Nutroplex 2

တစ်ရက်ကို screen time နာရီဝက်ပိုရင် စကားပြောနောက်ကျတာ ဖြစ်နိုင်ချေ ၄၉% တက်လာတယ်လို့ ဆိုပါတယ်။ မွေးစကနေ ၃ နှစ်အထိက ဦးနှောက်ဖွံ့ဖြိုးနေချိန်မို့ ဒီလိုအချိန်မှာ တစ်ခုခု ထိခိုက်မိရင် တစ်သက်လုံး ပါသွားနိုင်တာမို့ အရမ်းအရေးကြီးပါတယ်။
လူတိုင်းဟာ ဘယ်နေရာမှာဖြစ်ဖြစ် ဖုန်းနဲ့မျက်နှာမခွာပဲ ဖြစ်နေကြပြီး အခုလိုကာလမျိုးမှာ ပိုတောင် တီဗွီ၊ ဖုန်းအသုံးပြုမှု ပိုများလာကြပါတယ်။ အဲ့လိုမဖြစ်အောင် ကလေးရော သင်ရောရဲ့ screen ကြည့်ချိန်ကို လျှော့ချသင့်ပါတယ်။ သင့်မှာ screen time များနေရင် ကလေးကလည်း ကြည့်ပြီး တူတူပဲ လိုက်လုပ်မှာပါပဲ။ အသက် ၃ နှစ်အထိ ကလေးတွေကို မျက်နှာချင်းဆိုင်ပြီး စကားပြောပေးပါ။ တူတူဆော့ပေးဖို့ကို မမေ့ပါနဲ့။

Dr. Htar (www.drmyanmar.com)