/
news/ကလေးများနှင့်ကျန်းမာရေး/ဘေဘီလေးတွေရှိတဲ့-မေမေတိုင်း-သိထားရမယ့်-အရေးပေါ်လက္ခဏာများ

ဘေဘီလေးတွေရှိတဲ့ မေမေတိုင်း သိထားရမယ့် အရေးပေါ်လက္ခဏာများ

Category
ကလေးများနှင့်ကျန်းမာရေး

(၁)  အဖျားကြီးခြင်း
ကိုယ်အပူချိန် 38°C နဲ့အထက် ဖြစ်နေခြင်းက စိုးရိမ်ရမယ့် လက္ခဏာတစ်ရပ်ပါပဲ။ အပူချိန်တိုင်းတဲ့အခါ လက်နဲ့စမ်းတာထက် အပူချိန်တိုင်းကိရိယာ (သာမိုမီတာ) နဲ့ စမ်းတာက ပိုတိကျပါတယ်။

(၂)  ဆီးနည်းသွားခြင်း
ရှူးရှူးပေါက်နှုန်းနဲ့ ရှူးရှူးပမာဏ နည်းသွားခြင်းဟာ ရေဓာတ်ခန်းခြောက်နေပြီဆိုတာကို ဖော်ပြနေတာမို့လို့ ရေဓာတ်ကို မြန်မြန်နဲ့ ပမာဏမှန်ကန်စွာ ပြန်ဖြည့်ပေးရပါမယ်။ ကလေးငယ်တွေမှာ ရေနဲ့ ဓာတ်ဆား ပမာဏအချိန်အဆက အရေးကြီးတာကြောင့် ဆရာဝန်နဲ့ပြသပြီး ညွှန်ကြားတဲ့အတိုင်းသေချာစွာ လိုက်နာသင့်ပါတယ်။

(၃)  မကြာခဏ အန်ခြင်း၊ အစားမစားခြင်း
ကိုယ်ပူကြီးခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်း၊ အစားမစားခြင်းတို့ဟာ ဝမ်းဗိုက်ပြဿနာနဲ့ ရောဂါပိုးများ ဝင်ရောက်နေတဲ့ လက္ခဏာဖြစ်လို့ သေချာစွာ ကုသသင့်ပါတယ်။

(၄)  မှိန်းလွန်းခြင်း၊ တုံ့ပြန်မှုမရှိခြင်း
ဗိုက်ပြည့်သွားတဲ့အခါ အိပ်ချင်လာတာက ပုံမှန်ဖြစ်ပေမယ့်လည်း ပုံမှန်ထက်မှိန်းနေတာမျိုးဆိုရင်တော့ သတိထားသင့်ပါတယ်။ သွေးတွင်းအချိုဓာတ် လျော့နည်းနေခြင်းနဲ့ ဦးနှောက်အမြှေးရောင် ရောဂါလိုမျိုးတွေမှာလည်း တွေ့ရတတ်ပါတယ်။

(၅)  ပုံမှန်မဟုတ်ဘဲ စူးစူးဝါးဝါး ငိုခြင်း
ကလေးတိုင်းဟာ ငိုတတ်ကြပေမယ့် ပုံမှန်မဟုတ်တဲ့ ငိုသံမျိုးဆိုရင်တော့ သတိထားသင့်ပါတယ်။

Biogesic for kids IA 1

(၆)  အသက်ရှူရ ခက်ခဲနေခြင်း
ကလေးဟာ အသံမထွက်နိုင်တော့လောက်အောင် ဖြစ်နေခဲ့ရင်၊ အသက်ရှူရ ခက်ခဲနေရင်၊ ဒါမှမဟုတ် နံရိုးကြားက ကြွက်သားတွေ ချိုင့်ဝင်လောက်အောင် အသက်ရှူနေရရင် ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါတွေ ဖြစ်နေတတ်လို့ သတိထားသင့်ပါတယ်။

(၇)  အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်လာခြင်း၊ ပြာလာခြင်း
ဒီလက္ခဏာတွေက သွေးလှည့်ပတ်မှု အားနည်းလာခြင်း၊ သွေးတွင်းအောက်စီဂျင် လျော့နည်းလာခြင်းတို့ကိုပြတဲ့ လက္ခဏာတွေ ဖြစ်တာကြောင့် အရေးကြီးတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။

(၈)  သတိလစ်ခြင်း၊ တက်ခြင်း
မျက်ဖြူလန်သွားခြင်း၊ ငြိမ်ကျသွားခြင်း၊ တစ်ကိုယ်လုံး တုန်လာပြီး တက်ခြင်းတို့ ဖြစ်လာခဲ့ရင်လည်း အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။

(၉)  အနီကွက်များ ပေါ်လာခြင်း
ဖိကြည့်လိုက်တဲ့အချိန်မှာ ပုံမှန်အသားရောင်ပြန်မဖြစ်ဘဲ အနီရောင်အတိုင်းရှိနေတဲ့ အနီကွက်များဟာ ပြင်းထန်တဲ့ရောဂါပိုးတွေရဲ့ လက္ခဏာဖြစ်တာကြောင့် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

ဒေါက်တာ နေလွင်ထူး (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

(၁)  အဖ်ားႀကီးျခင္း
ကိုယ္အပူခ်ိန္ 38°C နဲ႔အထက္ ျဖစ္ေနျခင္းက စိုးရိမ္ရမယ့္ လကၡဏာတစ္ရပ္ပါပဲ။ အပူခ်ိန္တိုင္းတဲ့အခါ လက္နဲ႔စမ္းတာထက္ အပူခ်ိန္တိုင္းကိရိယာ (သာမိုမီတာ) နဲ႔ စမ္းတာက ပိုတိက်ပါတယ္။

(၂)  ဆီးနည္းသြားျခင္း
႐ွဴး႐ွဴးေပါက္ႏႈန္းနဲ႔ ႐ွဴး႐ွဴးပမာဏ နည္းသြားျခင္းဟာ ေရဓာတ္ခန္းေျခာက္ေနၿပီဆိုတာကို ေဖာ္ျပေနတာမို႔လို႔ ေရဓာတ္ကို ျမန္ျမန္နဲ႔ ပမာဏမွန္ကန္စြာ ျပန္ျဖည့္ေပးရပါမယ္။ ကေလးငယ္ေတြမွာ ေရနဲ႔ ဓာတ္ဆား ပမာဏအခ်ိန္အဆက အေရးႀကီးတာေၾကာင့္ ဆရာဝန္နဲ႔ျပသၿပီး ၫႊန္ၾကားတဲ့အတိုင္းေသခ်ာစြာ လိုက္နာသင့္ပါတယ္။

(၃)  မၾကာခဏ အန္ျခင္း၊ အစားမစားျခင္း
ကိုယ္ပူႀကီးျခင္း၊ ဗိုက္နာျခင္း၊ အန္ျခင္း၊ အစားမစားျခင္းတို႔ဟာ ဝမ္းဗိုက္ျပႆနာနဲ႔ ေရာဂါပိုးမ်ား ဝင္ေရာက္ေနတဲ့ လကၡဏာျဖစ္လို႔ ေသခ်ာစြာ ကုသသင့္ပါတယ္။

(၄)  မွိန္းလြန္းျခင္း၊ တုံ႔ျပန္မႈမရွိျခင္း
ဗိုက္ျပည့္သြားတဲ့အခါ အိပ္ခ်င္လာတာက ပုံမွန္ျဖစ္ေပမယ့္လည္း ပုံမွန္ထက္မွိန္းေနတာမ်ိဳးဆိုရင္ေတာ့ သတိထားသင့္ပါတယ္။ ေသြးတြင္းအခ်ိဳဓာတ္ ေလ်ာ့နည္းေနျခင္းနဲ႔ ဦးေႏွာက္အေျမႇးေရာင္ ေရာဂါလိုမ်ိဳးေတြမွာလည္း ေတြ႕ရတတ္ပါတယ္။

(၅)  ပုံမွန္မဟုတ္ဘဲ စူးစူးဝါးဝါး ငိုျခင္း
ကေလးတိုင္းဟာ ငိုတတ္ၾကေပမယ့္ ပုံမွန္မဟုတ္တဲ့ ငိုသံမ်ိဳးဆိုရင္ေတာ့ သတိထားသင့္ပါတယ္။

(၆)  အသက္ရွဴရ ခက္ခဲေနျခင္း
ကေလးဟာ အသံမထြက္ႏိုင္ေတာ့ေလာက္ေအာင္ ျဖစ္ေနခဲ့ရင္၊ အသက္ရွဴရ ခက္ခဲေနရင္၊ ဒါမွမဟုတ္ နံ႐ိုးၾကားက ႂကြက္သားေတြ ခ်ိဳင့္ဝင္ေလာက္ေအာင္ အသက္ရွဴေနရရင္ ျပင္းထန္တဲ့ အဆုတ္ေရာင္ေရာဂါေတြ ျဖစ္ေနတတ္လို႔ သတိထားသင့္ပါတယ္။

(၇)  အသားအေရ ျဖဴဖတ္ျဖဴေရာ္ျဖစ္လာျခင္း၊ ျပာလာျခင္း
ဒီလကၡဏာေတြက ေသြးလွည့္ပတ္မႈ အားနည္းလာျခင္း၊ ေသြးတြင္းေအာက္စီဂ်င္ ေလ်ာ့နည္းလာျခင္းတို႔ကိုျပတဲ့ လကၡဏာေတြ ျဖစ္တာေၾကာင့္ အေရးႀကီးတဲ့လကၡဏာေတြပဲ ျဖစ္ပါတယ္။

(၈)  သတိလစ္ျခင္း၊ တက္ျခင္း
မ်က္ျဖဴလန္သြားျခင္း၊ ၿငိမ္က်သြားျခင္း၊ တစ္ကိုယ္လုံး တုန္လာၿပီး တက္ျခင္းတို႔ ျဖစ္လာခဲ့ရင္လည္း အေရးေပၚအေျခအေန ျဖစ္ပါတယ္။

(၉)  အနီကြက္မ်ား ေပၚလာျခင္း
ဖိၾကည့္လိုက္တဲ့အခ်ိန္မွာ ပုံမွန္အသားေရာင္ျပန္မျဖစ္ဘဲ အနီေရာင္အတိုင္းရွိေနတဲ့ အနီကြက္မ်ားဟာ ျပင္းထန္တဲ့ေရာဂါပိုးေတြရဲ႕ လကၡဏာျဖစ္တာေၾကာင့္ ဆရာဝန္နဲ႔ ခ်က္ခ်င္းျပသသင့္ပါတယ္။

ေဒါက္တာ ေနလြင္ထူး (www.drmyanmar.com)