/
news/ကလေးများနှင့်ကျန်းမာရေး/ရင်သွေးလေးတွေရဲ့-ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ-အာဟာရဓာတ်တွေက

ရင်သွေးလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ အာဟာရဓာတ်တွေက ဘယ်လိုသက်ရောက်မှုရှိသလဲ

Category
ကလေးများနှင့်ကျန်းမာရေး

ရင်သွေးလေးတွေ မွေးကင်းစအရွယ်နှင့် သင်ယူလေ့လာမှုများ ပြုလုပ်တဲ့အရွယ်တွေမှာ အာဟာရပြည့်ဝအောင် ကျွေးမွေးဖို့ ဆရာဝန်များက တိုက်တွန်းလေ့ရှိကြပါတယ်။ အကြောင်းရင်းကတော့ အာဟာရဓာတ်တွေဟာ ကလေးများရဲ့ ဦးနှောက်စွမ်းရည်နှင့် သင်ယူခြင်းစွမ်းရည်အပေါ် များစွာသက်ရောက်မှုရှိစေလို့ ဖြစ်ပါတယ်။
အာဟာရဓာတ်တွေက ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် ဘယ်လိုတွေလုပ်ဆောင်ပေးလဲဆိုတာ လေ့လာကြည့်ရအောင်။

(၁)  သံဓာတ်
ဦးနှောက်တစ်သျှူးတွေရဲ့ အရေးကြီးအစိတ်အပိုင်းတွေကို အားဖြည့်ပေးပါတယ်။ သံဓာတ်ချို့တဲ့သော ကလေးငယ်ရဲ့ အာရုံကြောဆက်သွယ်မှုတွေဟာ နှေးကွေးနေမှာဖြစ်လို့ စာသင်ကြားမှုကို နှောင့်နှေးစေနိုင်ပါတယ်။ အသက် ၂ နှစ်မတိုင်မီ ကလေးငယ်များမှာ သံဓာတ်ချို့တဲ့နေရင်တော့ အပြုအမူပိုင်းဆိုင်ရာနှင့် စိတ်နှင့်ဆက်နွှယ်သော ကြွက်သားလှုပ်ရှားမှုတွေမှာ နှောင့်နှေးတတ်ပါတယ်။
ကလေးငယ်များကို သံဓာတ်ပြည့်ဝသောအစားအစာများဖြစ်တဲ့ - အာလူး၊ တို့ဟူး၊ သီဟိုဠ်စေ့၊ အစိမ်းရင့်ရောင်အရွက်များ၊ ပေါင်မုန့်နှင့် ပဲအမျိုးမျိုးကို ကျွေးမွေးသင့်ပါတယ်။
(၂)  အိုင်အိုဒင်းဓာတ်
ငယ်စဉ်မှာ အိုင်အိုဒင်းဓာတ် လုံလောက်စွာမရခဲ့သော ကလေးများအနေနှင့် ဦးနှောက်စဉ်းစားနိုင်စွမ်း ကျဆင်းပြီး ကျောင်းတက်ချိန်တွင် သူများလောက် မထူးချွန်တာမျိုး ဖြစ်နိုင်ပါတယ်။
(၃)  အာဟာရမပြည့်ဝသော ကလေးများအနေနှင့် ကိုယ်ခံအားနည်းပြီး ရောဂါပိုးဝင်ခြင်းများ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။

Nutrilin IA 1

(၄)  အာဟာရနည်းပါးနေပါက လှုပ်ရှားမှုနည်းပြီး စူးစမ်းလိုစိတ်နည်းပါးခြင်းနှင့် ဆက်စပ်စဉ်းစားနိုင်စွမ်းရည်လည်း အားနည်းတတ်ပါတယ်။
(၅)  လေ့လာချက်များအရ မနက်စာစားသောကလေးများဟာ မစားသောကလေးများထက် စွမ်းဆောင် ရည် ပိုမြင့်မားတာတွေ့ရပါတယ်။
ဒါဆိုရင်တော့ မေမေတို့အနေနှင့် ရင်သွေးလေးတွေကို အာဟာရဓာတ်တွေ ပြည့်ဝအောင် ကျွေးမွေးဖို့ အရေးကြီးတယ်ဆိုတာ သိလောက်ပြီပေါ့နော်။ သားသားမီးမီးလေးတွေရဲ့ ဦးနှောက်စွမ်းရည် အမြင့်မားဆုံးဖြစ်စေဖို့ အာဟာရပြည့်ဝသော မနက်စာ၊ နေ့လယ်စာ၊ အဆာပြေနဲ့ ညစာများကို ချက်ပြုတ်ကျွေးမွေးသင့်ပါတယ်။
မနက်စာတွေအနေနဲ့ ကြက်ဥပြုတ်၊ အာလူး၊ ပေါင်မုန့်၊ အုတ်ဂျုံ (Oatmeal)၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ နွားနို့ စသည်တို့ကို အခြေခံထားသော မနက်စာများကို ပြင်ဆင်ကျွေးမွေးသင့်ပါတယ်။
နေ့လယ်စာနဲ့ ညစာအတွက်ဆိုရင်လည်း အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက် ညီ ညွတ်မျှတစွာ ပါဝင်အောင် ပြင်ဆင်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Nutrilin IA 2

(Zawgyi)

ရင္ေသြးေလးေတြ ေမြးကင္းစအရြယ္ႏွင့္ သင္ယူေလ့လာမႈမ်ား ျပဳလုပ္တဲ့အရြယ္ေတြမွာ အာဟာရျပည့္ဝေအာင္ ေကြၽးေမြးဖို႔ ဆရာဝန္မ်ားက တိုက္တြန္းေလ့ရွိၾကပါတယ္။ အေၾကာင္းရင္းကေတာ့ အာဟာရဓာတ္ေတြဟာ ကေလးမ်ားရဲ႕ ဦးေႏွာက္စြမ္းရည္ႏွင့္ သင္ယူျခင္းစြမ္းရည္အေပၚ မ်ားစြာသက္ေရာက္မႈရွိေစလို႔ ျဖစ္ပါတယ္။
အာဟာရဓာတ္ေတြက ဉာဏ္ရည္ဖြံ႕ၿဖိဳးမႈအတြက္ ဘယ္လိုေတြလုပ္ေဆာင္ေပးလဲဆိုတာ ေလ့လာၾကည့္ရေအာင္။

(၁)  သံဓာတ္
ဦးေႏွာက္တစ္သွ်ဴးေတြရဲ႕ အေရးႀကီးအစိတ္အပိုင္းေတြကို အားျဖည့္ေပးပါတယ္။ သံဓာတ္ခ်ိဳ႕တဲ့ေသာ ကေလးငယ္ရဲ႕ အာ႐ုံေၾကာဆက္သြယ္မႈေတြဟာ ေႏွးေကြးေနမွာျဖစ္လို႔ စာသင္ၾကားမႈကို ေႏွာင့္ေႏွးေစႏိုင္ပါတယ္။ အသက္ ၂ ႏွစ္မတိုင္မီ ကေလးငယ္မ်ားမွာ သံဓာတ္ခ်ိဳ႕တဲ့ေနရင္ေတာ့ အျပဳအမူပိုင္းဆိုင္ရာႏွင့္ စိတ္ႏွင့္ဆက္ႏႊယ္ေသာ ႂကြက္သားလႈပ္ရွားမႈေတြမွာ ေႏွာင့္ေႏွးတတ္ပါတယ္။
ကေလးငယ္မ်ားကို သံဓာတ္ျပည့္ဝေသာအစားအစာမ်ားျဖစ္တဲ့ - အာလူး၊ တို႔ဟူး၊ သီဟိုဠ္ေစ့၊ အစိမ္းရင့္ေရာင္အရြက္မ်ား၊ ေပါင္မုန႔္ႏွင့္ ပဲအမ်ိဳးမ်ိဳးကို ေကြၽးေမြးသင့္ပါတယ္။
(၂)  အိုင္အိုဒင္းဓာတ္
ငယ္စဥ္မွာ အိုင္အိုဒင္းဓာတ္ လုံေလာက္စြာမရခဲ့ေသာ ကေလးမ်ားအေနႏွင့္ ဦးေႏွာက္စဥ္းစားႏိုင္စြမ္း က်ဆင္းၿပီး ေက်ာင္းတက္ခ်ိန္တြင္ သူမ်ားေလာက္ မထူးခြၽန္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။
(၃)  အာဟာရမျပည့္ဝေသာ ကေလးမ်ားအေနႏွင့္ ကိုယ္ခံအားနည္းၿပီး ေရာဂါပိုးဝင္ျခင္းမ်ား မၾကာခဏ ႀကဳံေတြ႕ရတတ္ပါတယ္။
(၄)  အာဟာရနည္းပါးေနပါက လႈပ္ရွားမႈနည္းၿပီး စူးစမ္းလိုစိတ္နည္းပါးျခင္းႏွင့္ ဆက္စပ္စဥ္းစားႏိုင္စြမ္းရည္လည္း အားနည္းတတ္ပါတယ္။
(၅)  ေလ့လာခ်က္မ်ားအရ မနက္စာစားေသာကေလးမ်ားဟာ မစားေသာကေလးမ်ားထက္ စြမ္းေဆာင္ ရည္ ပိုျမင့္မားတာေတြ႕ရပါတယ္။
ဒါဆိုရင္ေတာ့ ေမေမတို႔အေနႏွင့္ ရင္ေသြးေလးေတြကို အာဟာရဓာတ္ေတြ ျပည့္ဝေအာင္ ေကြၽးေမြးဖို႔ အေရးႀကီးတယ္ဆိုတာ သိေလာက္ၿပီေပါ့ေနာ္။ သားသားမီးမီးေလးေတြရဲ႕ ဦးေႏွာက္စြမ္းရည္ အျမင့္မားဆုံးျဖစ္ေစဖို႔ အာဟာရျပည့္ဝေသာ မနက္စာ၊ ေန႔လယ္စာ၊ အဆာေျပနဲ႔ ညစာမ်ားကို ခ်က္ျပဳတ္ေကြၽးေမြးသင့္ပါတယ္။
မနက္စာေတြအေနနဲ႔ ၾကက္ဥျပဳတ္၊ အာလူး၊ ေပါင္မုန႔္၊ အုတ္ဂ်ဳံ (Oatmeal)၊ သစ္သီး၊ ဟင္းသီးဟင္းရြက္၊ ပဲအမ်ိဳးမ်ိဳး၊ ႏြားႏို႔ စသည္တို႔ကို အေျခခံထားေသာ မနက္စာမ်ားကို ျပင္ဆင္ေကြၽးေမြးသင့္ပါတယ္။
ေန႔လယ္စာနဲ႔ ညစာအတြက္ဆိုရင္လည္း အသား၊ ငါး၊ ၾကက္ဥ၊ ဟင္းသီးဟင္းရြက္ ညီ ၫြတ္မွ်တစြာ ပါဝင္ေအာင္ ျပင္ဆင္ေပးဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)