လက်-ခြေ-ပါးစပ် ဆက်စပ်နေတဲ့ရောဂါ
>> Hand-foot-and-mouth disease ဆိုတာ ဘာလဲ?
ပါးစပ်အတွင်း ဒါမှမဟုတ် ပါးစပ်အပြင်မှာ အရေကြည်ဖုပေါက်ခြင်း ၊ လက်၊ ခြေထောက် မှာ အရည်ကြည်ဖုပေါက်ခြင်း ကို hand-foot-and-mouth disease လို့ခေါ်ပါတယ်။ တခါတရံမှာ တင်ပါးမှာလည်း ပေါက်တတ်ပါတယ်။ အရည်ကြည်ဖုတွေက နာကျင်နိုင်ပါတယ်။ ကလေးတွေမှာ အဖြစ်များပြီး အရွယ်ရောက်ပြီးသူတွေမှာလည်းဖြစ်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံး မည်သည့်အချိန်အခါမဆို ရောဂါဖြစ်နိုင်တယ်ဆိုပေမယ့် နွေရာသီမှာအဖြစ်များပါတယ်။
>> Hand-foot-and-mouth disease ဘာကြောင့် ဖြစ်ရသလဲ?
Enterovirus ခေါ် ဗိုင်းရပ်စ်ပိုးတစ်မျိုး ကူးစက်ခံရခြင်းကြောင့် ရောဂါဖြစ်စေပြီး ၄င်းပိုးဟာ ချောင်းဆိုးခြင်း၊ နှာချေခြင်း စတဲ့ အသက်ရှူလမ်းကြောင်းနဲ့ မစင်မှတဆင့် ပျံ့နှံ့နိုင်ပါတယ်။ မစင် မှတဆင့် ရောဂါပိုးပျံ့နှံ့တယ်ဆိုရာမှာ ကလေး diaper လဲပေးတဲ့အခါ ဒါမှမဟုတ် ကလေးကမစင်ကို လက်နဲ့ကိုင်မိပြီးနောက် အခြားအရာ၀တၳုပစ္စည်းတွေကို မစင်ကိုင်ထားတဲ့လက်နဲ့ ကိုင်တွယ်ပြီး ပါးစပ်ထဲသို့ထည့်ခြင်းကြောင့် ဗိုင်းရပ်စ်ပိုးခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားခြင်းဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး 3-6 ရက်ကြာပြီးမှသာ ရောဂါလက္ခဏာပြတတ်ပါတယ်။
>> ဘယ်လို ရောဂါလက္ခဏာတွေပြတတ်သလဲ?
ရောဂါစဖြစ်ဖြစ်ချင်းမှာတော့
1.ဖျားမယ်
2.လည်ချောင်း နာမယ်
3.1-2 ရက် လောက်ကြာပြီးနောက်မှာတော့ ပါးစပ်၊ လက်၊ ခြေထောက်မှာ အရည်ကြည်ဖုတွေ ပေါက်လာပါမယ်။ အရည်ကြည်ဖုမပေါက်မီ အဖုအပိမ့်တွေ ထွက်လာတာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ပတ်အတွင်း အရည်ကြည်ဖုတွေ ပိန်သွားမှာဖြစ်ပြီး ရောဂါသိပ်မပြင်းပါက ရောဂါလက္ခဏာ မပြတတ်ပါဘူး။ ကလေးမှတဆင့် မိဘသို့ကူးစက်နိုင်ပါတယ်။
>> ဘယ်လိုကုသမလဲ?
Hand-foot-and-mouth disease ကို အထူးသီးသန့် ကုသဖို့မလိုပါဘူး ။ အိမ်မှာဂရုတစိုက် ပြုစုစောင့်ရှောက်ပေးရုံနဲ့ ပျောက်ကင်းနိုင်ပါတယ်။
(1) ဖျားနာမှု ၊ နာကျင်မှုတွေ သက်သာစေဖို့အတွက် Paracetamol ပါ၀င်တဲ့ ဆေးဝါးတွေ တိုက်ကျေွးနိုင်ပါတယ်။
(2) လည်ချောင်းနာ သက်သာစေဖို့ အရည်များများတိုက်ပါ။
(3) အက်ဆစ်ဓာတ်ပါတဲ့ အစားအစာ၊ အစပ်အရသာရှိတဲ့ အစားအစာတွေ မကျေွးမိပါစေနဲ့ ။
>> ရောဂါမပျံ့အောင် ဘယ်လိုကာကွယ်မလဲ?
ဖျားနာနေချိန် ပထမတစ်ပတ်အတွင်းမှာ ရောဂါပိုးက ကူးစက်ပျံ့နှံ့နိုင်ပြီး မစင်ထဲမှာဆိုရင် ရောဂါပိုးဟာ လပေါင်းများစွာ အသက်ရှင်နေနိုင်ပါတယ်။ ဒီအချိန်မှာ အခြားသူတွေဆီလည်း ကူးစက်စေနိုင်ပါတယ်။
(1) ရောဂါပိုးကူးစက်ခံနေရစဉ်မှာ ကလေးကို ကျောင်း/မူကြို ပို့မယ်ဆိုပါက တာ၀န်ရှိသူ ဆရာ၊ ဆရာမ များအား မိမိကလေးရဲ့အခြေအနေကို ကြိုတင်ပြောပြထားပါ။
(2) အရည်ကြည်ဖုကို ထိမိပြီးနောက် သို့မဟုတ် ရောဂါပိုးကူးစက်ခံထားရတဲ့ ကလေးအား diaper လဲပေးပြီးနောက် လက်ကိုစင်ကြယ်စွာ ဆေးကြောပါ။
(3) မိသားစု၀င်များကိုလည်း ရောဂါပိုးကူးစက်ခံထားရတဲ့ကလေးရဲ့ ေ၀ယျ၀စ္စလုပ်ပြီးတဲ့အချိန်တိုင်း လက်ကိုစင်ကြယ်စွာဆေးကြောဖို့ မှာကြားထားပါ။
(4) ရောဂါပိုးကြောင့် ကလေးဖျားနာနေချိန်မှာ အခြားကလေးနဲ့အတူ ဆော့ကစားခြင်း၊ ကလေးအားနမ်းခြင်းတို့ မပြုလုပ်စေသင့်ပါ။
CMS (www.drmyanmar.com)
(Unicode)
>> Hand-foot-and-mouth disease ဆိုတာ ဘာလဲ?
>> ဘယျလို ရောဂါလက်ခဏာတှပွေတတျသလဲ?
ရောဂါစဖွဈဖွဈခငြျးမှာတော့
1.ဖြားမယျ
CMS (www.drmyanmar.com)
















