အချိုတွေကျွေးတာ များသွားပြီလား
မိခင်တွေကတော့ အားရှိအောင်ဆိုပြီး ကလေးတွေကို အာပာာရပြည့်မယ် ထင်တာတွေ မကြာခဏ ကြိုးကြိုးစားစား ကျွေးကြတာပါပဲ။ တချို့မေမေတွေက အိပ်ရာဝင်ခါနီးကို နွားနို့၊ ကွေကာ စသည်ဖြင့် မုန့်တစ်မျိုးမျိုးကျွေးပြီးမှ ကလေးတွေကို အိပ်ရာထဲကို သွင်းလေ့ရှိပါတယ်။ ဒီလိုအလေ့အထပာာ တကယ်ရော မှန်ကန်ကောင်းမွန်တဲ့ အစာကျွေးမွေးနည်းစနစ်ပါလား။
ကလေးအထူးကုဆရာဝန်တယောက်ဖြစ်ပြီး နား၊ နှာခေါင်း၊ လည်ချောင်းဘာသာရပ်ကိုပါ ကျွမ်းကျင်အထူးပြု ထပ်ယူထားတဲ့အပြင် သုတေသနပညာရှင် မိခင်တစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာ ဂျုလီဝေရဲ့ တွေ့ရှိတင်ပြချက်အရ အိပ်ရာဝင်ခါနီးကျွေးတဲ့ အဆီများပြီး အချိုကဲတဲ့အစားအစာတွေပာာ ရင်သွေးလေးတွေကို ချောင်းဆိုးရင်ကျပ်ဖြစ်စေပါသတဲ့။ နွားနို့နဲ့ ကွတ်ကီးရောဂါလို့ ဒေါက်တာက အမည်တပ်ပါတယ်။
ချောင်းဆိုးရင်ကြပ်မပျောက်တဲ့ နာတာရှည်အခြေအနေဖြစ်နေတဲ့ ကလေးလူနာတစ်ယောက်ကို အိပ်ခါနီးကျွေးနေကျ နို့နဲ့နို့ထွက်အစားအစာ အချိုကဲမုန့်တွေကို ခြောက်လလောက် ဖြတ်တောက်လိုက်တဲ့အခါ ပြန်လည်နေကောင်း ကျန်းမာလာတာကို တွေ့ခဲ့ရပါတယ်တဲ့။
မကြာခဏ ချောင်းဆိုးရင်ကြပ်နေပြီး ဘာဆေးပေးပေး အားဆေးဘာတိုက်တိုက် မပျောက်ဘဲဖြစ်နေတဲ့ ချူချာသူလေးတွေကို အကျိုးအကြောင်းလိုက်တဲ့အခါ အိပ်ရာဝင်ခါနီးကျွေးတဲ့ အစားအစာအမျိုးအစားနဲ့ ဆက်စပ်ပတ်သက်နေတာကို တွေ့ခဲ့ရပါတယ်။
>> ဘယ်လိုအစားအစာတွေက ကလေးတွေကို ချောင်းဆိုးရင်ကျပ်ဖြစ်စေတာလဲ?
● အသင့်သောက်အချိုရည်တွေ (ကိုလာ၊ ဆိုဒါ၊ ပက်ပစီ၊ စပရိုက်)
● သီးစုံဖျော်ရည်တွေ (သံဗူး၊ ကော်ဘူး၊ ပုလင်း)
● နွားနို့၊ ဆိတ်နို့၊ ပဲနို့
● ဒိန်ချဉ်၊ နို့ချဉ်
● အချိုကဲတဲ့မုန့်၊ ကွတ်ကီး၊ ပေါင်မုန့်၊ ကိတ်မုန့်
● ရေခဲမုန့်၊ ရေခဲချောင်း
● ချောကလက်၊ ချိုချဉ်
ဒီနေရာမှာ မြန်မာတွေပြောလေ့ရှိတဲ့ အချိုမကျွေးနဲ့ ရင်ကြပ်တတ်တယ် ဆိုတာလေးပါ။ ဘယ်အချိန်မှာ ကျွေးသလဲဆိုတဲ့ အချိန်ကာလ သိပ်အရေးကြီးပါတယ်။ ဥပမာ - ဒိန်ချဉ်တို့၊ နွားနို့စစ်စစ်တို့က အာပာာရဖြစ်တာမှန်ပေမယ့် အိပ်ရာဝင်ခါနီး ကျွေးမယ်ဆိုရင်တော့ ရင်သွေးလေး ချောင်းဆိုး တော်တော်နဲ့ မပျောက်ဖြစ်ဖို့ များပါတယ်။
Solmux Kids 1

>> ဘာကြောင့် ကျွေးတဲ့အချိန် အရေးကြီးတာလဲ?
● အိပ်ရာဝင်ခါနီးမှာ နွားနို့နဲ့ တခြားအချိုကဲတဲ့မုန့်တွေကို ကျွေးလိုက်တဲ့အခါ သားသားမီးမီးတို့ရဲ့ အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်တွေ ကဲလာပါတယ်။
● များလာတဲ့ အက်ဆစ်ဓာတ်ကဲ အစာခြေရည်တွေပာာ လည်ချောင်းထဲကနေဆန်တက်လာပြီး အစာရေမျိုပြွန်ကို လောင်ကျွမ်းစေကာ ရင်ပူနာ၊ အစာရေမျိုဆန်တက်နာဆိုတာတွေ ဖြစ်လာပါတယ်။ ဒါပေမဲ့ကလေးတွေပာာ လူကြီးတွေလို ရင်ဆို့တာ၊ ရင်ပူတာတွေ မဖြစ်ပါဘူး။ အဲဒီအစား နှာစေး၊ ချောင်းဆိုး လည်ချောင်းနာတွေ ဖြစ်ပေါ်ခံစားလာရပါတယ်။
● ဒီအခြေအနေ ရေရှည်ဖြစ်လာမယ်ဆိုရင် လေပြွန်ရောင်ရောဂါ၊ ပန်းနာရင်ကြပ်တွေ သလိပ်ကပ်ရောဂါတွေ ဆင့်ပွားဖြစ်လာနိုင်ခြေရှိတယ်လို့ တင်ပြတဲ့ ဆရာဝန်က သုံးသပ်ပါတယ်။
ဒီတော့ ချောင်းဆိုးရင်ကြပ် တော်တော်နဲ့မပျောက်တဲ့ ကလေးတွေကို -
◊ တတ်ကျွမ်းနားလည်တဲ့ ကလေးအထူးကုဆရာဝန်နဲ့ ပြသစစ်ဆေးပါ။
◊ လုံလောက်မှန်ကန်တဲ့ ကုသမှု ခံယူပါ။
◊ တခြားအကြောင်းရင်းတွေ ရှိနေမလား ရှာဖွေစစ်ဆေးပါ။
◊ တကယ်လို့ တခြားအကြောင်းရင်းလည်း မတွေ့၊ ကုသပျောက်ကင်းပါလျက် မကြာခဏ ပြန်ဖြစ်နေတဲ့ ချောင်းဆိုးရင်ကြပ်ရှိနေခဲ့ရင် ရင်သွေးလေး ဘာတွေစားလဲ မေမေအနေနဲ့ ချစ်မဝတဲ့ကလေးလေးကို ဘယ်အချိန် ဘာတွေကျွေးမိသလဲ ပြန်လှန်သုံးသပ်ပေးဖို့အချိန်ပါ။
ဒီဗဟုသုတလေးကို မှတ်သားထားပြီး ရင်သွေးလေးကို အိပ်ရာမဝင်ခင် အချိုကဲတဲ့ အစားအသောက်တွေ၊ အရည်တွေ မတိုက်မိ၊ မကျွေးမိစေဖို့ ရှောင်ကြဉ်နိုင်ဖို့ အသိပညာ မျှဝေလိုက်ရပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Solmux Kids 2

(Zawgyi)
မိခင္ေတြကေတာ့ အားရွိေအာင္ဆိုၿပီး ကေလးေတြကို အာပာာရျပည့္မယ္ ထင္တာေတြ မၾကာခဏ ႀကိဳးႀကိဳးစားစား ေကြၽးၾကတာပါပဲ။ တခ်ိဳ႕ေမေမေတြက အိပ္ရာဝင္ခါနီးကို ႏြားႏို႔၊ ေကြကာ စသည္ျဖင့္ မုန႔္တစ္မ်ိဳးမ်ိဳးေကြၽးၿပီးမွ ကေလးေတြကို အိပ္ရာထဲကို သြင္းေလ့ရွိပါတယ္။ ဒီလိုအေလ့အထပာာ တကယ္ေရာ မွန္ကန္ေကာင္းမြန္တဲ့ အစာေကြၽးေမြးနည္းစနစ္ပါလား။
ကေလးအထူးကုဆရာဝန္တေယာက္ျဖစ္ၿပီး နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းဘာသာရပ္ကိုပါ ကြၽမ္းက်င္အထူးျပဳ ထပ္ယူထားတဲ့အျပင္ သုေတသနပညာရွင္ မိခင္တစ္ေယာက္လည္းျဖစ္တဲ့ ေဒါက္တာ ဂ်ဳလီေဝရဲ႕ ေတြ႕ရွိတင္ျပခ်က္အရ အိပ္ရာဝင္ခါနီးေကြၽးတဲ့ အဆီမ်ားၿပီး အခ်ိဳကဲတဲ့အစားအစာေတြပာာ ရင္ေသြးေလးေတြကို ေခ်ာင္းဆိုးရင္က်ပ္ျဖစ္ေစပါသတဲ့။ ႏြားႏို႔နဲ႔ ကြတ္ကီးေရာဂါလို႔ ေဒါက္တာက အမည္တပ္ပါတယ္။
ေခ်ာင္းဆိုးရင္ၾကပ္မေပ်ာက္တဲ့ နာတာရွည္အေျခအေနျဖစ္ေနတဲ့ ကေလးလူနာတစ္ေယာက္ကို အိပ္ခါနီးေကြၽးေနက် ႏို႔နဲ႔ႏို႔ထြက္အစားအစာ အခ်ိဳကဲမုန႔္ေတြကို ေျခာက္လေလာက္ ျဖတ္ေတာက္လိုက္တဲ့အခါ ျပန္လည္ေနေကာင္း က်န္းမာလာတာကို ေတြ႕ခဲ့ရပါတယ္တဲ့။
မၾကာခဏ ေခ်ာင္းဆိုးရင္ၾကပ္ေနၿပီး ဘာေဆးေပးေပး အားေဆးဘာတိုက္တိုက္ မေပ်ာက္ဘဲျဖစ္ေနတဲ့ ခ်ဴခ်ာသူေလးေတြကို အက်ိဳးအေၾကာင္းလိုက္တဲ့အခါ အိပ္ရာဝင္ခါနီးေကြၽးတဲ့ အစားအစာအမ်ိဳးအစားနဲ႔ ဆက္စပ္ပတ္သက္ေနတာကို ေတြ႕ခဲ့ရပါတယ္။
>> ဘယ္လိုအစားအစာေတြက ကေလးေတြကို ေခ်ာင္းဆိုးရင္က်ပ္ျဖစ္ေစတာလဲ?
● အသင့္ေသာက္အခ်ိဳရည္ေတြ (ကိုလာ၊ ဆိုဒါ၊ ပက္ပစီ၊ စပ႐ိုက္)
● သီးစုံေဖ်ာ္ရည္ေတြ (သံဗူး၊ ေကာ္ဘူး၊ ပုလင္း)
● ႏြားႏို႔၊ ဆိတ္ႏို႔၊ ပဲႏို႔
● ဒိန္ခ်ဥ္၊ ႏို႔ခ်ဥ္
● အခ်ိဳကဲတဲ့မုန႔္၊ ကြတ္ကီး၊ ေပါင္မုန႔္၊ ကိတ္မုန႔္
● ေရခဲမုန႔္၊ ေရခဲေခ်ာင္း
● ေခ်ာကလက္၊ ခ်ိဳခ်ဥ္
ဒီေနရာမွာ ျမန္မာေတြေျပာေလ့ရွိတဲ့ အခ်ိဳမေကြၽးနဲ႔ ရင္ၾကပ္တတ္တယ္ ဆိုတာေလးပါ။ ဘယ္အခ်ိန္မွာ ေကြၽးသလဲဆိုတဲ့ အခ်ိန္ကာလ သိပ္အေရးႀကီးပါတယ္။ ဥပမာ - ဒိန္ခ်ဥ္တို႔၊ ႏြားႏို႔စစ္စစ္တို႔က အာပာာရျဖစ္တာမွန္ေပမယ့္ အိပ္ရာဝင္ခါနီး ေကြၽးမယ္ဆိုရင္ေတာ့ ရင္ေသြးေလး ေခ်ာင္းဆိုး ေတာ္ေတာ္နဲ႔ မေပ်ာက္ျဖစ္ဖို႔ မ်ားပါတယ္။
>> ဘာေၾကာင့္ ေကြၽးတဲ့အခ်ိန္ အေရးႀကီးတာလဲ?
● အိပ္ရာဝင္ခါနီးမွာ ႏြားႏို႔နဲ႔ တျခားအခ်ိဳကဲတဲ့မုန႔္ေတြကို ေကြၽးလိုက္တဲ့အခါ သားသားမီးမီးတို႔ရဲ႕ အစာအိမ္ထဲမွာ အက္ဆစ္ဓာတ္ေတြ ကဲလာပါတယ္။
● မ်ားလာတဲ့ အက္ဆစ္ဓာတ္ကဲ အစာေျခရည္ေတြပာာ လည္ေခ်ာင္းထဲကေနဆန္တက္လာၿပီး အစာေရမ်ိဳႁပြန္ကို ေလာင္ကြၽမ္းေစကာ ရင္ပူနာ၊ အစာေရမ်ိဳဆန္တက္နာဆိုတာေတြ ျဖစ္လာပါတယ္။ ဒါေပမဲ့ကေလးေတြပာာ လူႀကီးေတြလို ရင္ဆို႔တာ၊ ရင္ပူတာေတြ မျဖစ္ပါဘူး။ အဲဒီအစား ႏွာေစး၊ ေခ်ာင္းဆိုး လည္ေခ်ာင္းနာေတြ ျဖစ္ေပၚခံစားလာရပါတယ္။
● ဒီအေျခအေန ေရရွည္ျဖစ္လာမယ္ဆိုရင္ ေလႁပြန္ေရာင္ေရာဂါ၊ ပန္းနာရင္ၾကပ္ေတြ သလိပ္ကပ္ေရာဂါေတြ ဆင့္ပြားျဖစ္လာႏိုင္ေျခရွိတယ္လို႔ တင္ျပတဲ့ ဆရာဝန္က သုံးသပ္ပါတယ္။
ဒီေတာ့ ေခ်ာင္းဆိုးရင္ၾကပ္ ေတာ္ေတာ္နဲ႔မေပ်ာက္တဲ့ ကေလးေတြကို -
◊ တတ္ကြၽမ္းနားလည္တဲ့ ကေလးအထူးကုဆရာဝန္နဲ႔ ျပသစစ္ေဆးပါ။
◊ လုံေလာက္မွန္ကန္တဲ့ ကုသမႈ ခံယူပါ။
◊ တျခားအေၾကာင္းရင္းေတြ ရွိေနမလား ရွာေဖြစစ္ေဆးပါ။
◊ တကယ္လို႔ တျခားအေၾကာင္းရင္းလည္း မေတြ႕၊ ကုသေပ်ာက္ကင္းပါလ်က္ မၾကာခဏ ျပန္ျဖစ္ေနတဲ့ ေခ်ာင္းဆိုးရင္ၾကပ္ရွိေနခဲ့ရင္ ရင္ေသြးေလး ဘာေတြစားလဲ ေမေမအေနနဲ႔ ခ်စ္မဝတဲ့ကေလးေလးကို ဘယ္အခ်ိန္ ဘာေတြေကြၽးမိသလဲ ျပန္လွန္သုံးသပ္ေပးဖို႔အခ်ိန္ပါ။
ဒီဗဟုသုတေလးကို မွတ္သားထားၿပီး ရင္ေသြးေလးကို အိပ္ရာမဝင္ခင္ အခ်ိဳကဲတဲ့ အစားအေသာက္ေတြ၊ အရည္ေတြ မတိုက္မိ၊ မေကြၽးမိေစဖို႔ ေရွာင္ၾကဥ္ႏိုင္ဖို႔ အသိပညာ မွ်ေဝလိုက္ရပါတယ္ေနာ္။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)
















