/
news/ကလေးများနှင့်ကျန်းမာရေး/အဖျားကြီးပြီး-တက်နေတဲ့-ကလေးတစ်ယောက်အတွက်-ရှေးဦးသူနာပြုကုသနည်း

အဖျားကြီးပြီး တက်နေတဲ့ ကလေးတစ်ယောက်အတွက် ရှေးဦးသူနာပြုကုသနည်း

Category
ကလေးများနှင့်ကျန်းမာရေး

(Zawgyi)

    ကေလးေလး တက္ေနၿပီ။ လုပ္ၾကပါဦး။
    အေမတစ္ေယာက္ရဲ႕ အလန္႔တၾကားေအာ္သံနဲ႔အတူ ေဘးနားကလူႀကီးေတြ ေျပးၿပီး ကေလးကို ေျခမေတြ ဝိုင္းခ်ဳိးၾကေတာ့တာပါပဲ။
    အေမနဲ႔ အေဖကေတာ့ ေဘးမွာ ေျခမကိုင္မိ၊ လက္မကိုင္မိေပါ့။
    ကေလးေလးတက္ေနရင္ ဘာလုပ္ေပးရမလဲ? ဘယ္ဟာက အမွန္လဲဆိုတာ သိထားသင့္တာေပါ့ေနာ္။
    ကိုယ့္ကေလး တက္ေနတာကို ျမင္ရတာ အင္မတန္ ထိတ္လန္႔ဖို႔ေကာင္းပါတယ္။ ဒီေဆာင္းပါးမွာ အဖ်ားႀကီးၿပီးတက္တဲ့ လကၡဏာေတြနဲ႔ တက္ခဲ့ရင္ ဘာလုပ္ေပးရမလဲဆိုတာကို ေျပာျပေပးသြားမွာပါ။
    အဖ်ားႀကီးၿပီး တက္တယ္ဆိုတာ ကေလးေလးေတြမွာ ျဖစ္တတ္ပါတယ္။ အထူးသျဖင့္ အသက္ ၆ လ နဲ႔ ၆ ႏွစ္ၾကား ကေလးေတြမွာေပါ့။

>>    ကေလးအဖ်ားႀကီးၿပီးတက္ခဲ့ရင္ -
၁။    ကေလးကို ထိခိုက္ဒဏ္ရာမရေအာင္ ကာကြယ္ပါ။ ဒါေပမဲ့ အတင္းႀကီး ခ်ဳပ္မထားပါနဲ႔။
    ကေလးတက္ေနခ်ိန္မွာ ေဘးနားက ေဘးျဖစ္ေစႏိုင္တဲ့ပစၥည္းေတြ အကုန္ဖယ္ထားပါ။ ကေလးကို ေစာင္ျဖစ္ျဖစ္၊ အဝတ္တစ္ခုခုနဲ႔ျဖစ္ျဖစ္ ပတ္ထားေပးပါ။

၂။    အဝတ္အစား အထပ္ထပ္ ၀တ္ထားတာေတြ အကုန္ခြၽတ္ပစ္လိုက္ပါ။
    အခန္းကပူအိုက္ေနရင္ တံခါးေတြ အကုန္ဖြင့္ၿပီး ေလေကာင္းေလသန္႔ရေအာင္ လုပ္ပါ။

၃။    အတက္က်သြားတဲ့အခါ ကေလးကို ေဘးေစာင္းလွဲေစၿပီး ေခါင္းေလးကို ေမာ့ေမာ့ေလး ထားေပးပါ။
    အသက္ ၁ ႏွစ္ေအာက္ ကေလးေတြဆိုရင္ ခ်ီေပြ႕ေပးတဲ့အခါ ေခါင္းကို တင္ပါးထက္စာရင္ ေအာက္နည္းနည္း ႏွိမ့္ေပးထားသင့္ပါတယ္။

၄။    ဆက္တက္ေနတာပဲျဖစ္ျဖစ္၊ ပထမဆံုးအႀကိမ္ တက္တာပဲျဖစ္ျဖစ္ ေဆး႐ံု၊ ေဆးခန္း သြားျပသင့္ပါတယ္။

Biogesic for kids IA 1

>>    အဖ်ားႀကီး အတက္ေရာဂါအတြက္ ေမးေလ့ရွိတဲ့ ေမးခြန္းေတြကေတာ့ အဖ်ားႀကီးအတက္ေရာဂါဟာ ဘယ္လိုပံုစံမ်ိဳးနဲ႔လာတတ္သလဲ?
    ကေလးတက္ေနတဲ့အခ်ိန္မွာ ခါးေကာ့၊ တစ္ကိုယ္လံုး ေတာင့္တင္းၿပီးေတာ့ လက္သီးတင္းတင္း ဆုပ္ထားပါလိမ့္မယ္။ မ်က္ႏွာႀကီးနီရဲၿပီး ပူျခစ္ေတာက္၊ ေခြၽးေတြ ျပန္ေနပါလိမ့္မယ္။ မ်က္လံုး အေပၚလန္ေနတာ၊ အသက္ရွဴ ေအာင့္ထားတာမ်ဳိးလည္း ရွိတတ္ပါတယ္။ အဖ်ားႀကီးအတက္ ေရာဂါဟာ ၾကည့္ရတာ ေၾကာက္ဖို႔ေကာင္းေပမယ့္ မ်ားေသာအားျဖင့္ေတာ့ စိုးရိမ္စရာ သိပ္မရွိပါဘူး။

>>    အဖ်ားႀကီးအတက္ကို ဘယ္လိုကာကြယ္ရမလဲ?
    အဓိကက အဖ်ားႀကီးလို႔ တက္တာပါ။ ဒါေၾကာင့္ ကေလးမွာ အဖ်ားႀကီးလာၿပီဆိုရင္ တတ္ႏိုင္သေလာက္ အဖ်ားခ်ဖို႔ ႀကိဳးစားပါ။ အဝတ္အစား အထပ္ထပ္ကို ခြၽတ္ပစ္တာ၊ ေစာင္ေတြ ဖယ္ပစ္တာ၊ ျပတင္းေပါက္ေတြ ဖြင့္တာ၊ Biogesic for Kids လို ပါရာစီတေမာပါတဲ့ အဖ်ားက်ေဆးေတြ တိုက္တာမ်ိဳး ျပဳလုပ္သင့္ပါတယ္။

>>    တက္ေနတဲ့ကေလးကို အဝတ္အစားေတြ ဘယ္လိုခြၽတ္ပစ္ရမလဲ?
    တက္ေနတဲ့အခါ ကေလး ေတာင့္တင္းေနေတာ့ အဝတ္အစားေတြခြၽတ္ပစ္ဖို႔ရာ ခက္ခဲတတ္ပါတယ္။ ဒါေပမဲ့ စိတ္ကို ၿငိမ္ၿငိမ္ထားၿပီး ကေလးကို အတင္းအက်ပ္မဟုတ္ဘဲ ျဖည္းျဖည္းခ်င္း ခြၽတ္လိုက္ပါ။

>>    တက္ေနတုန္း ေဆးတိုက္ဖို႔လိုသလား?
    မလိုပါဘူး။ တက္ေနတုန္းမွာ ေဆးပဲျဖစ္ျဖစ္ ဘာတစ္ခုမွ ကေလးပါးစပ္ထဲကို မထည့္လိုက္ပါနဲ႔။ ထိခိုက္ဒဏ္ရာေတြ ပိုဆိုးတတ္ပါတယ္။

>>    တက္တာ ဘယ္ေလာက္ၾကာတတ္သလဲ?
    မိနစ္ပိုင္းေလာက္ ၾကာတတ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ကြာျခားတတ္ပါတယ္။

>>    ကေလးကို အေရးေပၚေခၚသြားဖို႔ လိုသလား?
    ပထမဆံုးအႀကိမ္ တက္တာျဖစ္ျဖစ္၊ ၅ မိနစ္ထက္ ပိုၾကာေနရင္ပဲျဖစ္ျဖစ္ အနီးဆံုးေဆး႐ံုကို ေခၚသြားပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)

Biogesic for kids IA 2

(Unicode)

    ကလေးလေး တက်နေပြီ။ လုပ်ကြပါဦး။
    အမေတစ်ယောက်ရဲ့ အလန့်တကြားအော်သံနဲ့အတူ ဘေးနားကလူကြီးတွေ ပြေးပြီး ကလေးကို ခြေမတွေ ဝိုင်းချိုးကြတော့တာပါပဲ။
    အမေနဲ့ အဖေကတော့ ဘေးမှာ ခြေမကိုင်မိ၊ လက်မကိုင်မိပေါ့။
    ကလေးလေးတက်နေရင် ဘာလုပ်ပေးရမလဲ? ဘယ်ဟာက အမှန်လဲဆိုတာ သိထားသင့်တာပေါ့နော်။
    ကိုယ့်ကလေး တက်နေတာကို မြင်ရတာ အင်မတန် ထိတ်လန့်ဖို့ကောင်းပါတယ်။ ဒီဆောင်းပါးမှာ အဖျားကြီးပြီးတက်တဲ့ လက္ခဏာတွေနဲ့ တက်ခဲ့ရင် ဘာလုပ်ပေးရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။
    အဖျားကြီးပြီး တက်တယ်ဆိုတာ ကလေးလေးတွေမှာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက် ၆ လ နဲ့ ၆ နှစ်ကြား ကလေးတွေမှာပေါ့။

>>    ကလေးအဖျားကြီးပြီးတက်ခဲ့ရင် -
၁။    ကလေးကို ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပါ။ ဒါပေမဲ့ အတင်းကြီး ချုပ်မထားပါနဲ့။
    ကလေးတက်နေချိန်မှာ ဘေးနားက ဘေးဖြစ်စေနိုင်တဲ့ပစ္စည်းတွေ အကုန်ဖယ်ထားပါ။ ကလေးကို စောင်ဖြစ်ဖြစ်၊ အဝတ်တစ်ခုခုနဲ့ဖြစ်ဖြစ် ပတ်ထားပေးပါ။

၂။    အဝတ်အစား အထပ်ထပ် ဝတ်ထားတာတွေ အကုန်ချွတ်ပစ်လိုက်ပါ။
    အခန်းကပူအိုက်နေရင် တံခါးတွေ အကုန်ဖွင့်ပြီး လေကောင်းလေသန့်ရအောင် လုပ်ပါ။

၃။    အတက်ကျသွားတဲ့အခါ ကလေးကို ဘေးစောင်းလှဲစေပြီး ခေါင်းလေးကို မော့မော့လေး ထားပေးပါ။
    အသက် ၁ နှစ်အောက် ကလေးတွေဆိုရင် ချီပွေ့ပေးတဲ့အခါ ခေါင်းကို တင်ပါးထက်စာရင် အောက်နည်းနည်း နှိမ့်ပေးထားသင့်ပါတယ်။

၄။    ဆက်တက်နေတာပဲဖြစ်ဖြစ်၊ ပထမဆုံးအကြိမ် တက်တာပဲဖြစ်ဖြစ် ဆေးရုံ၊ ဆေးခန်း သွားပြသင့်ပါတယ်။

>>    အဖျားကြီး အတက်ရောဂါအတွက် မေးလေ့ရှိတဲ့ မေးခွန်းတွေကတော့ အဖျားကြီးအတက်ရောဂါဟာ ဘယ်လိုပုံစံမျိုးနဲ့လာတတ်သလဲ?
    ကလေးတက်နေတဲ့အချိန်မှာ ခါးကော့၊ တစ်ကိုယ်လုံး တောင့်တင်းပြီးတော့ လက်သီးတင်းတင်း ဆုပ်ထားပါလိမ့်မယ်။ မျက်နှာကြီးနီရဲပြီး ပူခြစ်တောက်၊ ချွေးတွေ ပြန်နေပါလိမ့်မယ်။ မျက်လုံး အပေါ်လန်နေတာ၊ အသက်ရှူ အောင့်ထားတာမျိုးလည်း ရှိတတ်ပါတယ်။ အဖျားကြီးအတက် ရောဂါဟာ ကြည့်ရတာ ကြောက်ဖို့ကောင်းပေမယ့် များသောအားဖြင့်တော့ စိုးရိမ်စရာ သိပ်မရှိပါဘူး။

>>    အဖျားကြီးအတက်ကို ဘယ်လိုကာကွယ်ရမလဲ?
    အဓိကက အဖျားကြီးလို့ တက်တာပါ။ ဒါကြောင့် ကလေးမှာ အဖျားကြီးလာပြီဆိုရင် တတ်နိုင်သလောက် အဖျားချဖို့ ကြိုးစားပါ။ အဝတ်အစား အထပ်ထပ်ကို ချွတ်ပစ်တာ၊ စောင်တွေ ဖယ်ပစ်တာ၊ ပြတင်းပေါက်တွေ ဖွင့်တာ၊ Biogesic for Kids လို ပါရာစီတမောပါတဲ့ အဖျားကျဆေးတွေ တိုက်တာမျိုး ပြုလုပ်သင့်ပါတယ်။

>>    တက်နေတဲ့ကလေးကို အဝတ်အစားတွေ ဘယ်လိုချွတ်ပစ်ရမလဲ?
    တက်နေတဲ့အခါ ကလေး တောင့်တင်းနေတော့ အဝတ်အစားတွေချွတ်ပစ်ဖို့ရာ ခက်ခဲတတ်ပါတယ်။ ဒါပေမဲ့ စိတ်ကို ငြိမ်ငြိမ်ထားပြီး ကလေးကို အတင်းအကျပ်မဟုတ်ဘဲ ဖြည်းဖြည်းချင်း ချွတ်လိုက်ပါ။

>>    တက်နေတုန်း ဆေးတိုက်ဖို့လိုသလား?
    မလိုပါဘူး။ တက်နေတုန်းမှာ ဆေးပဲဖြစ်ဖြစ် ဘာတစ်ခုမှ ကလေးပါးစပ်ထဲကို မထည့်လိုက်ပါနဲ့။ ထိခိုက်ဒဏ်ရာတွေ ပိုဆိုးတတ်ပါတယ်။

>>    တက်တာ ဘယ်လောက်ကြာတတ်သလဲ?
    မိနစ်ပိုင်းလောက် ကြာတတ်ပြီး တစ်ယောက်နဲ့တစ်ယောက် ကွာခြားတတ်ပါတယ်။

>>    ကလေးကို အရေးပေါ်ခေါ်သွားဖို့ လိုသလား?
    ပထမဆုံးအကြိမ် တက်တာဖြစ်ဖြစ်၊ ၅ မိနစ်ထက် ပိုကြာနေရင်ပဲဖြစ်ဖြစ် အနီးဆုံးဆေးရုံကို ခေါ်သွားပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)