/
news/ကလေးများနှင့်ကျန်းမာရေး/အိပ်ရာ၀င်ခါနီး-ကျွေးမိတဲ့-အချိုကဲတဲ့-အစားအစာတွေကြောင့်-ရင်သွေးလေးတွေ

အိပ်ရာ၀င်ခါနီး ကျွေးမိတဲ့ အချိုကဲတဲ့ အစားအစာတွေကြောင့် ရင်သွေးလေးတွေ ချောင်းဆိုးရင်ကြပ် မဖြစ်ရလေအောင်

Category
ကလေးများနှင့်ကျန်းမာရေး

          မိခင်တွေကတော့ အားရှိအောင်ဆိုပြီး ကလေးတွေကို အာပာာရပြည့်မယ် ထင်တာတွေ မကြာခဏ ကြိုးကြိုးစားစား ကျွေးကြတာပါပဲ။ တချို့မေမေတွေက အိပ်ရာ၀င်ခါနီးကို နွားန်ို့၊ မိုင်လို၊ ကွေကာ စသည်ဖြင့် မုန့်တစ်မျိုးမျိုးကျွေးပြီးမှ ကလေးတွေကို အိပ်ရာထဲကို သွင်းလေ့ရှိပါတယ်။ ဒီလိုအလေ့အထပာာ တကယ်ရော မှန်ကန်ကောင်းမွန်တဲ့ ကျွေးမွေးနည်းစနစ်ပါလား။

          ကလေးအထူးကုဆရာ၀န်တစ်ယောက်ဖြစ်ပြီး နား၊ နှာခေါင်း၊ လည်ချောင်း ဘာသာရပ်ကိုပါ ကျွမ်းကျင်အထူးပြု ထပ်ယူထားတဲ့အပြင် သုတေသနပညာရှင် မိခင်တစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာ ဂျုလီေ၀ရဲ့ တွေ့ရှိတင်ပြချက်အရ အိပ်ရာ၀င်ခါနီးကျွေးတဲ့ အဆီများပြီး အချိုကဲတဲ့ အစားအစာတွေပာာ ရင်သွေးလေးတွေကို ချောင်းဆိုးရင်ကြပ် ဖြစ်စေပါသတဲ့။ နွားနို့နဲ့ ကွတ်ကီးရောဂါလို့ ဒေါက်တာက အမည်တပ်ပါတယ်။

          ချောင်းဆိုးရင်ကြပ်မပျောက်တဲ့ နာတာရှည်အခြေအနေဖြစ်နေတဲ့ ကလေးလူနာတစ်ယောက်ကို အိပ်ခါနီးကျွေးနေကျ နို့နဲ့ နို့ထွက်အစားအစာ၊ အချိုကဲမုန့်တွေကို ခြောက်လလောက် ဖြတ်တောက်လိုက်တဲ့အခါ ပြန်လည်နေကောင်း ကျန်းမာလာတာကို တွေ့ခဲ့ရပါတယ်တဲ့။

          မကြာခဏ ချောင်းဆိုးရင်ကြပ်နေပြီး ဘာဆေးတိုက်တိုက် မပျောက်ဘဲဖြစ်နေတဲ့ ချူချာသူလေးတွေကို အကျိုးအကြောင်းလိုက်တဲ့အခါ အိပ်ရာ၀င်ခါနီးကျွေးတဲ့ အစားအစာအမျိုးအစားနဲ့ ဆက်စပ်ပတ်သက်နေတာကို တွေ ့ခဲ့ရပါတယ်။

 

>>    ဘယ်လိုအစားအစာတွေက ကလေးတွေကို ချောင်းဆိုးရင်ကြပ်ဖြစ်စေတာလဲ?

●        အသင့်သောက် အချိုရည်တွေ

●        သီးစုံဖျော်ရည်တွေ (သံဗူး၊ ကော်ဘူး၊ ပုလင်း)

●        န်ို့နဲ့ နို့ထွက်ပစ္စည်းများ

●        အချိုကဲတဲ့ မုန့်၊ ကွတ်ကီး၊ ပေါင်မုန့်၊ ကိတ်မုန့်

●        ရေခဲမုန့်၊ ရေခဲချောင်း

●        ချောကလက်၊ ချိုချဉ်

          ဒီနေရာမှာ  ကျွန်မတို့ မြန်မာတွေပြောလေ့ရှိတဲ့ အချိုမကျွေးနဲ့ ရင်ကြပ်တတ်တယ်ဆိုတာလေးပါ။ ဘယ်အချိန်မှာ ကျွေးသလဲဆိုတဲ့ အချိန်ကာလ သိပ်အရေးကြီးပါတယ်။ ဥပမာ - ဒိန်ချဉ်တို့၊ နွားန်ို့စစ်စစ်တို့က အာပာာရဖြစ်တာ မှန်ပေမယ့် အိပ်ရာ၀င်ခါနီး ကျွေးမယ်ဆိုရင်တော့ ရင်သွေးလေး ချောင်းဆိုး တော်တော်နဲ့ မပျောက်ဖြစ်ဖို့များပါတယ်။

Solmux Kids 1

>>    ဘာကြောင့် ကျွေးတဲ့အချိန် အရေးကြီးတာလဲ?

●        အိပ်ရာ၀င်ခါနီးမှာ နွားနို့နဲ့ တခြားအချိုကဲတဲ့မုန့်တွေကို ကျွေးလိုက်တဲ့အခါ သားသားမီးမီးတို့ရဲ့ အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်တွေ ကဲလာပါတယ်။

● လူကြီးတွေလို ရင်ဆို့တာ၊ ရင်ပူတာတွေ မဖြစ်ပါဘူး။ အဲဒီအစား နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာတွေဖြစ်ပေါ်ခံစားလာရပါတယ်။     များလာတဲ့ အက်ဆစ်ဓာတ်ကဲ အစာခြေရည်တွေပာာ လည်ချောင်းထဲကနေ ဆန်တက်လာပြီး အစာရေမျိုပြွန်ကို လောင်ကျွမ်းစေကာ ရင်ပူနာ အစာရေမျို ဆန်တက်နာဆိုတာတွေ ဖြစ်လာပါတယ်။

          ဒါပေမဲ့ ကလေးတွေပာာ -

●        ဒီအခြေအနေ ရေရှည်ဖြစ်လာမယ်ဆိုရင် လေပြွန်ရောင်ရောဂါ ပန်းနာရင်ကြပ်တွေ သလိပ်ကပ်ရောဂါတွေ ဆင့်ပွားဖြစ်လာနိုင်ခြေရှိတယ်လို့ တင်ပြတဲ့ ဆရာ၀န်က သုံးသပ်ပါတယ်။

 

>>    ဒီတော့ ချောင်းဆိုးရင်ကြပ် တော်တော်နဲ့မပျောက်တဲ့ကလေးတွေကို -

●        တတ်ကျွမ်းနားလည်တဲ့ ကလေးအထူးကုဆရာ၀န်နဲ့ ပြသစစ်ဆေးပါ။

●        လုံလောက်မှန်ကန်တဲ့ကုသမှု ခံယူပါ။

●        တခြားအကြာင်းရင်းတွေ ရှိနေမလား ရှာဖွေစစ်ဆေးပါ။

●        တကယ်လို့ တခြားအကြောင်းရင်းလည်း မတွေ့၊ ကုသပျောက်ကင်းပါလျက် မကြာခဏ ပြန်ဖြစ်နေတဲ့ ချောင်းဆိုးရင်ကြပ်ရှိနေခဲ့ရင် ရင်သွေးလေး ဘာတွေစားလဲ၊ မေမေအနေနဲ့ ချစ်မ၀တဲ့ကလေးလေးကို ဘယ်အချိန် ဘာတွေကျွေးမိသလဲ ပြန်လှန်သုံးသပ်ပေးဖို့အချိန်ပါ။

 

ဒီဗဟုသုတလေးကို မှတ်သားထားပြီး ရင်သွေးလေးကို အိပ်ရာမ၀င်ခင် အချိုကဲတဲ့အစားအသောက်တွေ အရည်တွေ မတိုက်မိ မကျွေးမိစေဖို့ ရှောင်ကြဉ်နိုင်ဖို့ အသိပညာ မျှေ၀လိုက်ရပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Solmux Kids 2

(Unicode)


●    နျို့နဲ့ နို့ထှကျပစ်စညျးမြား



