၆လကလေး ဘာတွေကျွေး
ပထမဆုံးပြောချင်တာက ဒီအရွယ်မှာ အမေ့နု့ိ၊ အမေနို့တိုက်ဖို့ အဆင်မပြေရင် ဖော်မြူလာနို့ (နို့မှုန့်)က အရေးကြီးဆုံးပဲနော်။ ဖြည့်စွက်စာက နိို့စို့ချိန်ကြားမှာ ဖြည့်ကျွေးရတာပါ။
ပထမဆုံးကလေးအစားအစာကတော့ ထမင်း ဒါမှမဟုတ် အုတ်ဂျုံလို Cerealပါပဲ။ တစ်ချို့ကလေးတွေက မစားချင်ဘူးဆိုရင် cerealအဆင့်ကိုကျော်ပြီး အစာပျော့ပျော့တန်းကျွေးလို့လည်းရပါတယ်။
Cerealကို ဖော်မြူ လာနို့ ဒါမှမဟုတ် ရေနဲ့ဖျော်ပြီး ဇွန်းလေးနဲ့တိုက်ပါ။ အစပိုင်းမှာ ကြဲကြဲပဲဖျော်နော်။ တစ်ဖြည်းဖြည်းနဲ့မှ ပျစ်ပျစ်လာပေးပါ။
စတိုက်ရင် တစ်ခါကျွေး တစ်ဇွန်းနှစ်ဇွန်းလောက်ပဲတိုက်ကြည့်။ စားရတာကျင့်သားရလာပြီး၊ ပိုပိုတောင်းလာတယ်ဆိုရင် တစ်ခါကျွေး ၃၊၄ဇွန်းလောက် ကျွေးလို့ရပါပြီ။
တစ်ပတ်လောက်ကို တစ်နေ့တစ်ကြိမ်စားလာပြီဆိုရင် နောက်ပိုင်း တစ်နေ့၂ကြိမ်ကျွေးကြည့်ပါ။ တစ်နေ့၂ကြိမ်ကို တစ်ပတ်နှစ်ပတ်လောက် ရှိလာပြီဆိုရင်တော့ အစာပျော့ပျော့စကျွေးလို့ရပြီ။
လိမေ္မာ်ရောင်၊ အဝါရောင်ရှိတဲ့ အသီးအရွက်တွေကို စကျွေးလေ့ရှိကြတယ်။ ငှက်ပျောသီး၊ ထောပတ်သီးတွေလည်း ကျွေးလို့ရတယ်။ ကလေးအရင်မစားဖူးတဲ့အစားအစာအသစ်ကို စကျွေးတော့မယ်ဆိုရင် ၃ရက်ဆက်တိုက်လောက် ကျွေးပါ။ ပြီးမှနောက်တစ်မျိုး ပြောင်းကျွေးပါ။ ဒါမှ ကလေးကအစားအစာဓာတ်မတည့်ရင် ဘာနဲ့မတည့်လဲဆိုတာ ရှာရလွယ်မှာပါ။
ပြီးတော့ သတိထားဖို့က ဒီအရွယ်မှာစကျွေးတဲ့ အစားအသောက်တွေဟာ ကလေးရဲ့နောက်ပိုင်း အစားအသောက်အလေ့အကျင့်ကို ဖြစ်စေတယ်။ ၆လ၁၂လမှာ အသီးအရွက်မစားတဲ့ကလေးတွေဟာ ကြီးလာရင်လည်း အသီးအနှံသိပ်စားမှာမဟုတ်ဘူး။
Ceelin 1
>> ဒီအရွယ်မှာမကျွေးရမယ့် အစားအသောက်တွေကတော့
• ပျားရည်အစိမ်း
• နွားနို့
• သီးစေမယ့်အစားအသောက်တွေ
• မာကျူရီပါတဲ့ငါးတွေကို အများကြီးကျွေးတာမျိုးကို ရှောင်ရမယ်။
ပြီးတော့ ဒီအရွယ်မှာ ကလေးကိုအချိုရည် မတိုက်ပါနဲ့။ ၁၀၀%အသီးဖျော်ရည်စစ်စစ်မှာတောင် သကြားတွေအများကြီးပါတယ်။ ဒီအရွယ်မှာ အချိုအများကြီးစားတာဟာ နောက်ပိုင်းအရွယ်မှာ ပြဿ နာတွေဖြစ်လာနိုင်တယ်။ မွေးကင်းစမှာ အချိုများတဲ့ဖျော်ရည်တွေသောက်တာဟာ အသက်၆နှစ်အရွယ်မှာ အဝလွန်ဖို့ ၂ဆပိုများတယ်။
ဒီအရွယ်မှာ မကျွေးရမယ့်အစားအသောက်က တော်တော်နည်းပါတယ်။ ဥ၊ မြေပဲတွေနဲ့ စတော်ဘယ်ရီသီးလောက်ပဲရှိတယ်။ အစားအသောက်ဓာတ်မတည့်တာကိုရှောင်ဖို့ ဒီအစားအသောက်တွေကို နောက်ကျမှစားခိုင်းပေမယ့် ခုနောက်ပိုင်းတော့ စောစောစားတာဟာ ဓာတ်မတည့်တာမဖြစ်ရအောင် အားပေးတယ်လို့လည်း ပြောကြပြန်တယ်။ တကယ်လို့စားပြီးနောက် အနီကွက်တွေ၊ အန်တာ၊ ဝမ်းလျောတာတွေဖြစ်လာမယ်၊ အသက်ရှူ ရကြပ်လာမယ်ဆိုရင် အရေးပေါ်ကို ခေါ်ရတော့မယ်။
>> ဘယ်အရွယ်မှာစကျွေးရမလဲ?
အစာပျော့ပျော့ကို အသက်၆လအထိ မကျွေးသင့်ဘူး။ စောစောစကျွေးတာက နို့စို့တာကို နည်းသွားစေတယ်။
၆လထက်နောက်ကျပြီးလည်း မကျွေးပါနဲ့။ နောက်ကျရင်လည်း နောက်ပိုင်းမှာအစာစားတာ ပြဿ နာဖြစ်လာနိုင်တယ်။
သတိထားဖို့က အစာစကျွေးတဲ့အခါ ဖြည်းဖြည်းချင်း ကျင့်သားရအောင်လုပ်နေတာမို့ အရမ်းကြီးကျွေးစရာမလိုဘူး။ ဒီအချိန်မှာ နို့ိကိုတစ်ရက် ၆ကြိမ်ကနေ ၈ကြိမ်လောက်ထိ စို့နေတုန်းဖြစ်လိမ့်မယ်။ အသက်၁နှစ်လောက်ရောက်ရင်တော့ တစ်နေ့ကို၆ကြိမ်လောက် စားသင့်ပြီ။
• မနက်စာ
• မနက်အဆာပြေ
• နေ့လည်စာ
• နေ့ခင်းအဆာပြေ
• ညစာ
• ညလယ်စာ
စကျွေးတဲ့အချိန်က မနက်ပိုင်းဖြစ်ရင် ပိုကောင်းတယ်။ ဒါမှကလေးဓာတ်မတည့်တာတွေဘာတွေရှိမရှိ စောင့်ကြည့်လို့ရတယ်။ ပြီးတော့ ကလေးဗိုက်ဆာပြီး ငိုနေတဲ့အချိန်သွားမကျွေးပါနဲ့။ ဗိုက်ဆာနေရင် နို့ပဲစို့ခိုင်းပါ။ ဒါပေမယ့် ဗိုက်ပြည့်အောင်မတိုက်ဘဲ cerealကျွေးကြည့်ပါ။ cerealကျွေးပြီးမှ နို့ဆက်တိုက်ပါ။
Ceelin 2
>> ကလေးအစာကျွေးချိန်မှာ
ကလေးထိုင်ခုံမှ မတ်မတ်ထိုင်စေပါ။ ခါးပတ်ပတ်ထားပါ။
cerealဖြစ်ဖြစ်၊ အစာပျော့ပျော့ကိုဖြစ်ဖြစ် ဇွန်းလေးထဲထည့်ပြီး ပါးစပ်ထဲထည့်လိုက်ပါ။ ကလေးအများစုက အငမ်းမရပါးစပ်ဟပေးပါလိမ့်မယ်။ တစ်ချို့ကတော့ နည်းနည်းချော့မော့ဖို့လိုတယ်။ ကလေးပါးစပ်မဟရင် အတင်းသွားထိုးမထည့်နဲ့နော်။ နှုတ်ခမ်းလေးပေါ်မှာတင်ကြည့်ပြီး ဘယ်လိုနေမလဲ စောင့်ကြည့်ကြည့်ပါ။
အစာစားချိန်ဟာ ပျော်စရာအချိန်ပဲ ဖြစ်သင့်တယ်။ အဲဒါကြောင့် ကလေးမစားချင်ရင် အတင်းမကျွေးပါနဲ့။ အစပိုင်းမှာ ကလေးကမစားချင်ဘူး ငြငး်လိမ့်မယ်။ သူတို့အဆင်သင့်မဖြစ်သေးလို့ နေမှာပါ။ ရက်နည်းနည်းလောက် စားနေပြီးတော့မှ မစားချင်ဘူးငြင်းရင်တော့ မကြိုက်လို့သော်လည်းကောင်း၊ စိတ်မဝင်စားလို့သော်လည်းကောင်း ဖြစ်နိုင်တယ်။ ဒါကြောင့် သူတိုာအလိုက်အထိုက်ကိုကြည့်ပါ။
တစ်မိသားစုလုံးတူတူစားကြတာ ပိုကောင်းတယ်။ ဒါမှ ကလေးကြီးထွားမှုနဲ့ မိသားစုဝင်အချင်းချင်း ရင်းနှီးမှုကို ရမှာပါ။
(Unicode)













